Saturday, June 29, 2019

အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှု သံသယဖြင့် အမှုလေးမှုစိစစ်ခဲ့ရ

အကြမ်းဖက်လုပ် ငန်းများအပေါ် ငွေကြေးထောက် ပံ့မှုနှင့် ပတ်သက်၍ အစိုးရက ကြိုတင်ပြင်ဆင်ထားပြီး သံသယ ရှိသော အမှုလေးမှုကိုစိစစ်ထား သည်ဟု ငွေကြေးဆိုင်ရာ မှုခင်း များတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ မှ တပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်ဝင်းသိန်းကပြောသည်။ ‘‘သံသယဖြစ်ဖွယ်တွေ တွေ့ တဲ့အတွက် ကြောင့်စုံစမ်းစစ်ဆေးတာတွေရှိတယ်။ သို့သော် လက် ရှိမြေပြင်မှာတော့ ဖော်ထုတ်ရ ရှိခြင်းမရှိသေးပါဘူး။ သို့သော် အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ခြိမ်းခြောက်မှုထဲမှာတော့ ထည့်ထားပါတယ်’’ ဟုရဲမှူးချုပ် ကဆိုသည်။



ဇွန်လ ၂၈ ရက်က နေပြည် တော်ရှိ Hilton ဟိုတယ်၌ ငွေကြေးခ၀ါချမှုနှင့် အကြမ်း ဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲအပြီး မီဒီယာ များ၏ မေးမြန်းမှုကို ၎င်းကအ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။

အကြမ်းဖက်မှုများအပေါ် ငွေကြေးထောက်ပံ့ခြင်း လုပ်ငန်း များသည် အရေးကြီးကိစ္စရပ် တစ်ခုအဖြစ် လွန်ခဲ့သည့်သုံးနှစ် ခန့်ကစတင်ကာ စဉ်ဆက်မပြတ် စောင့်ကြည့် အကဲခတ်နေပြီး လတ်တလော စုံစမ်းဖော်ထုတ် ရရှိသည့် မှုခင်းမရှိသေးဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

‘‘ငွေကြေးတွေကတော့ ပုံစံ အမျိုးမျိုးနဲ့ လွှဲပြောင်းတာတွေရှိ တယ်၊ စီးဝင်တာတွေရှိတယ်။  ဒါတွေအကုန်လုံးကို အဓိက စောင့်ကြည့်နေတယ်’’ ဟု ရဲမှူး ချုပ်က ပြောသည်။

ယခုနောက်ပိုင်း၌ ရခိုင် ပြည်နယ်မှ မူးယစ်ဆေးဝါးများ ရေကြောင်းမှတစ်ဆင့် ရောင်း ၀ယ်နေမှုများမှရရှိလာသော ငွေ ကြေးများကိုလည်း စောင့်ကြည့် လေ့လာနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်ရန် လိုအပ်သည်ဟု ရဲမှူး ချုပ်ကျော်ဝင်းသိန်းက ဆက် လက်ပြောသည်။

‘‘အထူးသဖြင့်တော့ ဘဏ် တွေကအစပေါ့။ ကျွန်တော်တို့က အပေါ်ကနေ စောင့်ကြည့်နေတဲ့ စနစ်ဖြစ်တဲ့အတွက် တစ်လနဲ့ တစ်လမှာ လွှဲပြောင်းတဲ့ငွေကြေး ပမာဏ ဘယ်လောက်ထိတိုး လာပြီ၊ ဘယ်လောက်ထိလျော့ လာပြီ။ ဒါတွေအားလုံးကကျွန် တော်တို့သိနှင့်တယ်။ ဒါတွေက ကျွန်တော်တို့ နိုင်ငံလုံခြုံရေးနဲ့ လည်းဆက်နွှယ်တယ်။ ငွေကြေး ခ၀ါချမှုရော၊ အကြမ်းဖက်မှုအ ပေါ်မှာ ငွေကြေးထောက်ပံ့မှုအ တွက်ရော ဆက်နွှယ်တဲ့အတွက် ကျွန်တော်တို့ တောက်လျှောက် စောင့်ကြည့်ထားပါတယ်။ စီမံ ထားရှိပြီးဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။ စိစစ်ခဲ့ရသည့် အမှုများနှင့် စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်တို့ကို ရဲမှူးချုပ်ကျော်ဝင်းသိန်းက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

No comments:

Post a Comment