Saturday, June 29, 2019

မူးယစ်ဆေးသုံးစွဲမှုနှင့် လက်ဝယ်တွေ့ရှိမှုအတွက် ပြစ်ဒဏ်များကို မလေးရှားအစိုးရက ပြင်ဆင်မည်

မူးယစ်ဆေးဝါး အနည်းငယ်အသုံးပြုမှုနှင့် လက်ဝယ်တွေ့ရှိမှုအတွက် ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်များချမှတ်မှုကို ဖယ်ရှားရန် မလေးရှားအစိုးရက အဆိုပြုခဲ့သည်။ ယင်းဆောင်ရွက်မှုသည် မူးယစ်ဆေးစွဲသူများကို ထောင်ဒဏ်နှင့် ဆင်းရဲမွဲတေမှု စက်ဝန်းမှ ရုန်းထွက်နိုင်ရန် အထောက်အကူပြုလိမ့်မည်ဟု ဆေးပညာဆိုင်ရာ အဖွဲ့များက ပြောကြားခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံ မလေးရှားသည် မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုအတွက် ပြင်းထန်သည့် ပြစ်ဒဏ်များချမှတ်သည့် ကမ္ဘာ့နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ ဆေးခြောက် ၂၀ဝ ဂရမ်၊  ဘိန်းဖြူ တစ်ကီလိုဂရမ်နှင့် ကိုကင်း  ၄၀ ဂရမ် လက်ဝယ်တွေ့ရှိသူ မည်သူမဆို သေဒဏ်အထိ ချမှတ်နိုင်သည့် မူးယစ်ဆေးမှောင်ခိုကူးမှု စွဲချက်ဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

“မူးယစ်ဆေးစွဲမှုကို ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုအဖြစ် သတ်မှတ်တာကိုရပ်ဆိုင်းဖို့ အဆိုပြုတာဟာ လက်ရှိအခြေအနေကို ပြောင်းလဲစေတဲ့ အရေးပါမှုတစ်ခုပါ။ မူးယစ်ဆေးစွဲတာဟာ ရှုပ်ထွေးမှုတစ်ခုပါ။ ဆေးစွဲတဲ့သူကို ထောင်ထဲထည့်လိုက်တာဟာ ကုသမှုမဟုတ်ပါဘူး” ဟု ကျန်းမာရေးဝန်ကြီး Dzulkefly Ahmad က ဇွန် ၂၇ ရက်တွင် ပြောကြားခဲ့သည်။


မူးယစ်ဆေး ပမာဏ အနည်းငယ်အသုံးပြုသူ၊ လက်ဝယ်တွေ့ရှိသူများအတွက် ပြစ်မှုဆိုင်ရာပြစ်ဒဏ်များကို ရုပ်သိမ်းရန် အစိုးရက စီစဉ်ထားသော်လည်း ယင်းသည် မူးယစ်ဆေးဝါးကို တရားဝင်အသုံးပြုခွင့်ပေးခြင်း မဟုတ်ဟု ゞင်းက ပြောကြားခဲ့သည်။

ဆေးစွဲသူတစ်ဦးသည် ရာဇဝတ်သားတစ်ဦးအဖြစ်မဟုတ်ဘဲ လူနာတစ်ဦးအဖြစ် ကုသမှုခံယူရမည်ဟု Dzulkefly က ပြောကြားခဲ့သည်။ အဆိုပြုချက်သည် ကနဦးအဆင့်သာရှိသေးသည်ဟု ゞင်းက ပြောကြားခဲ့ပြီး အသေးစိတ်ကို မထုတ်ပြန်ခဲ့ပေ။

အင်န်ဂျီအိုနှင့် မလေးရှားဆေးပညာအသင်းနှင့် မလေးရှားဆေးအကယ်ဒမီတို့ ပါဝင်သည့် ဆေးပညာအဖွဲ့အစည်း ဒါဇင်များစွာက အစိုးရ၏ ကြေညာချက်ကို ကြိုဆိုခဲ့ကြသည်။

“အပြစ်ပေးခံရပြီး ပြစ်မှုဆိုင်ရာ မှတ်တမ်းတင်ခံရမှာ စိုးရိမ်လို့  မူးယစ်ဆေးစွဲသူတွေက ဆေးကုသမှု အကူအညီတောင်းခံဖို့ ထိတ်လန့်ကြတယ်။ လက်ရှိမူဝါဒက ဆေးစွဲသူတွေအတွက် ထောင်ဒဏ်နဲ့ဆင်းရဲမွဲတေမှု စက်ဝန်းတစ်ခုကို ဖန်တီးပေးနေတာ” ဟု အင်န်ဂျီအိုနှင့် ဆေးပညာဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။

မလေးရှားတွင် ထောင်ဒဏ်ကျခံနေရသူ ၇၀ဝ၀ဝ တွင် အများစုသည် ဆေးစွဲနေသူများဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး Muhyiddin Yassin က ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။ မူးယစ်ဆေးစွဲသူများကို မိသားစုဝင်များနှင့် လူမှုအဖွဲ့အစည်းမှ ထောက်ခံအားပေးမှုနှင့်အတူ ပြန်လည်နာလန်ထူနိုင်အောင် ကုသပေးမည်ဟု ゞင်းက ပြောကြားခဲ့သည်။  ပြီးခဲ့သည့်နှစ်တွင် အာဏာရရှိခဲ့သည့် ပြုပြင်ပြောင်းလဲရေးဝါဒီ မဟာမိတ်အဖွဲ့ဖြစ်သည့် အစိုးရက နိုင်ငံအတွင်း ယင်းကဲ့သို့ အငြင်းပွားဖွယ် ပြောင်းလဲမှုတစ်ခုကို ပြဋ္ဌဌာန်းနိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ 

No comments:

Post a Comment