Saturday, June 29, 2019

အကြိုဗိုလ်လုပွဲရောက် အင်္ဂလန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလားအိပ်မက်မက်နေ

 ပြင်သစ်နိုင်ငံတွင် ကျင်းပနေသော အမျိုးသမီးကမ္ဘာ့ ဖလားပြိုင်ပွဲတွင် အင်္ဂလန်က နော်ဝေးကို ၃-၀ ဂိုးဖြင့် ပြတ်ပြတ် သားသား အနိုင်ယူပြီးနောက် ကမ္ဘာ့ဖလား ဆွတ်ခူးရေးအိပ်မက် မက်နေပြီဖြစ်သည်။ အင်္ဂလန်၏ ဂိုးများကို ဂျီးလ် စကော့က ၄ မိနစ်၊ အယ်လင် ရွိုက်က မိနစ် ၄၀ တွင် သွင်းယူပြီး ညာနောက်ခံလူ လူစီဘရောင့်ဇ် ကလည်း ၅၇ မိနစ်၌ တစ်ဂိုးသွင်း ယူခဲ့သည်။ လူစီဘရောင့်ဇ်သည် ညာ နောက်ခံလူဖြစ်သော်လည်းတိုက် စစ်တွင် လိုက်ပါကစားပြီး တောင် ပံကစားသမား နီကီတာပါရစ်နှင့် အချိတ်အဆက်မိမိ ကစားခဲ့သ ဖြင့် နော်ဝေးအတွက် ခက်ခဲခဲ့သည်။ အင်္ဂလန်နည်းပြ ဖီးလ်န ဗီးလ်ကလည်း လူစီကို မချီးကျူး ဘဲ မနေနိုင်ခဲ့ပေ။



‘‘လူစီဘရောင့်ဇ်ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆို တာကို ကျွန်တော်တို့ ဒီညမြင် တွေ့ခဲ့ရပါတယ်။ အားကစားသ မား ပီသမှုနဲ့ အရည်အသွေးက ပြ သနေပါတယ်။ သူ့လို ကစားသ မားမျိုး ကမ္ဘာပေါ်မှာ မရှိပါဘူး။ ကျွန်တော်ကိုယ်တိုင် ညာနောက် ခံကစားခဲ့ပေမယ့် သူ့အဆင့်အ တန်းမျိုး မရောက်ခဲ့ပါဘူး’’ ဟု မန်ယူနှင့် အဲဗာတန်တွင် ကစားခဲ့ သော နဗီးလ်က ပြောသည်။

အင်္ဂလန်သည် ၂၀၁၅ ကမ္ဘာ့ ဖလား ဆီမီး၊ ၂၀၁၇ ယူရိုဆီမီး ရောက်ရှိခဲ့ပြီးနောက် ယခုတစ်ဖန် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ ထပ် မံတက်ရောက်လာခြင်းဖြစ်သည်။

‘‘ကျွန်မတို့ ဒီထက်ပိုကောင်း အောင် စွမ်းဆောင်ချင်ပါတယ်။ အခုဆိုရင် ကျွန်မတို့ ဆီမီးနှစ်ကြိမ် တက်ရောက်ခဲ့ပါတယ်။ နာကျင်စ ရာ ထပ်ပြီးမခံစားချင်ပါဘူး’’ ဟု ကွင်းလယ်လူ ဖရန့်ကာဆီက ပြောသည်။

အင်္ဂလန်သည် ဆီမီးဖိုင်နယ် တွင် ပြင်သစ် (သို့မဟုတ်) အမေ ရိကန်နှင့် တွေ့ဆုံမည်ဖြစ်သည်။

‘‘ပြင်သစ်ပဲဖြစ်ဖြစ်၊ အမေရိ ကန်ပဲဖြစ်ဖြစ် ကျွန်မတို့ ထိပ်သီး အသင်းနဲ့ တွေ့မှာပါ။ ကျွန်မတို့ ကစားကွက်ကို ထပ်ပြီးတစ်ဆင့် မြှင့်ဖို့ လိုပါလိမ့်မယ်။ စိတ်လှုပ်ရှားနေပါတယ်’’ဟု လူစီဘရောင့်ဇ်က ပြောသည်။

No comments:

Post a Comment