Saturday, June 29, 2019

ဝိုင်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ချောင်းရေလျှံ၍ အိမ်သုံးလုံးရေစီးနှင့်မျောပါ

ကချင်ပြည်နယ် ဝိုင်း မော်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ချောင်းရေလျှံ ၍ အိမ်သုံးလုံးရေစီးနှင့်မျောပါပြီး ဒေသခံလူ ၆၀ ကျော် ယာယီကယ်ဆယ်ရေးစခန်း၌ ခိုလှုံနေရသည်။ ဝိုင်းမော်မြို့နယ် နောင်ချိန်း ကျေးရွာတွင် ဇွန်လ ၂၉ ရက် နံနက် ၉ နာရီခန့်ကစတင်ကာ မိုး သည်းထန်စွာရွာသွန်းပြီး ဒေသ တွင်းရှိ ဖုန်ရယ်ချောင်းရေလျှံခဲ့ သည်။ ချောင်းရေဝင်၍ နေအိမ် ၁၇ လုံး ရေမြုပ်ပြီး ဝါးအိမ်၊ သွပ် မိုး အိမ်သုံးလုံး မျောပါပျက်စီး ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲ ရေး ဦးစီးဌာနဦးစီးမှူးဒေါ်လှကေ သီမာက ပြောသည်။



‘‘ဒီတစ်ခါက ဆိုးတယ်။ လမ်းတွေလည်း ပျက်စီးတယ်။ မိုး ကတော်တော်ကိုများတာ’’ ဟု ဝိုင်းမော်မြို့နေ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီပြန်ကြားရေးကော်မတီဝင် ဦးဉာဏ်ထွန်းကပြောသည်။

နောင်ချိန်းကျေးရွာဒေသခံ လူ ၆၀ ကျော်သည် ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းတွင် ယာယီခို လှုံနေရပြီး ဌာနဆိုင်ရာက ကယ် ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့ သည်။ ဇွန်လ ၂၇ ရက် နံနက်က ကချင်ပြည်နယ် မြို့နယ်အချို့ တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး- ကန်ပိုက်တီးလမ်းပိုင်း၌လည်းမြေပြိုမှု၊ ချောင်းရေကျော်မှုများ ဖြစ်ခဲ့သည်။

No comments:

Post a Comment