Saturday, June 29, 2019

တင်ဒါနှင့် ပတ်သက်၍ ဝန်ကြီးချုပ်က သမ္မတရုံးညွှန်ကြားချက်ကို ချိုးဖောက်ဟု ကယားလွှတ်တော်အမတ်ပြော ဒေသနှင့် ကိုက်ညီအောင် ဆောင်ရွက်ခြင်းဟု ဝန်ကြီးရှင်းလင်း

 ကယားပြည်နယ် ဝန် ကြီးချုပ်က တင်ဒါလုပ်ငန်းများနှင့် ပတ်သက်သည့် ကြမ်းခင်းဈေးနှုန်းကို လျှို့ဝှက်သတ်မှတ်နေခြင်း သည် သမ္မတရုံး ညွှန်ကြားချက်ကို ချိုးဖောက်ခြင်းဖြစ်ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းခြင်း ရှိ၊ မရှိ  ဖရူဆိုပြည် နယ် လွှတ်တော်အမတ် ခူးသဲရယ် က မေးခွန်းထုတ်သည်။ တင်ဒါဆိုင်ရာ ညွှန်ကြား ချက် (၁/၂၀၁၇) တွင် တင်ဒါကော်မတီသည် တင်ဒါခေါ်ယူမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဈေးနှုန်းများ သတ်မှတ်ရန် နားလည်တတ်ကျွမ်းသော သက်ဆိုင်ရာဦးစီးဌာနများမှ ကိုယ်စားလှယ်အနည်းဆုံး  သုံးဦးပါဝင်၍ ကြမ်းခင်းဈေးတွက် ချက်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးရန် ဖော်ပြထားသည်။



အဆိုပါ ကြမ်းခင်းဈေးတွက် ချက်ရေးကော်မတီသည် ငှားရမ်းရောင်းချမည့် နိုင်ငံပိုင်ပစ္စည်းအ တွက် ကြမ်းခင်း ဈေးနှုန်းကိုတွက် ချက်ပြီး တင်ဒါကော်မတီသို့ တင်ပြရမည်ဟု သမ္မတရုံးက ညွှန်ကြားထားသည်။

သို့သော် ကယားပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်သော တင်ဒါဆိုင်ရာ လုပ်ထုံးလုပ်နည်း တွင် တင်ဒါကော်မတီသည် ဝန်ကြီးချုပ်ထံမှ လျှို့ဝှက်သတ်မှတ်ထားသော ကြမ်းခင်းဈေးနှုန်းကို ယူ၍ ဖွင့်ဖောက်ရမည်ဟု ထည့် သွင်းဖော်ပြထားသည်။

ထိုသို့ တင်ဒါဆိုင်ရာလုပ် ငန်းများတွင် ၀န်ကြီးချုပ်တစ်ဦး တည်းက လက်ဝါးကြီးအုပ်၍ ကြမ်းခင်းဈေး လျှို့ဝှက်သတ်မှတ် နေခြင်းသည် သမ္မတရုံး၏ (၁/ ၂၀၁၇) တင်ဒါဆိုင်ရာ ညွှန်ကြား ချက်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ ဇွန်လ ၂၅ ရက်တွင် ပြုလုပ်သော ကယားပြည်နယ်လွှတ်တော်အ  စည်းအဝေး၌ ခူးသဲရယ်က မေး ခွန်းထုတ်ခဲ့သည်။

ပြည်နယ်စီမံဘဏ္ဍာဝန်ကြီး၏ ရှင်းလင်းချက်

ကယားပြည်နယ် အစိုးရ အဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်က ပြည်ထောင်စုဘတ်ဂျက် ဥပဒေတွင် ပြည်နယ်ဝန်ကြီးချုပ် သည် သမ္မတကိုယ်စားတာဝန်ယူ ရသူတစ်ဦးဖြစ်သည့်အပြင် ပြည် နယ်ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေး တာဝန်ရှိသူတစ်ဦးဖြစ်၍ (၁/၂၀၁၇) နှင့်အညီသာ ဝန်ကြီးချုပ်က ဆောင်ရွက်ခြင်းဖြစ်ကြောင်း လွှတ်တော်တွင် ရှင်းပြသည်။

‘‘(၁/၂၀၁၇)မှာလည်း ဝန်ကြီးချုပ်က အဲဒီလို (ကြမ်းခင်းဈေး သတ်မှတ်ခြင်း)မလုပ်ရပါဘူးလို့  မပါဘူး။ အကောင်းဆုံးနဲ့ ဒေသနဲ့ကိုက်ညီအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကိုက်ညီမှုရှိသလား လို့ မေးတဲ့အခါ ချိုးဖောက်တာ မဟုတ်လို့ ကိုက်ညီပါတယ်’’ဟု ၀န်ကြီး ဦးမော်မော်က ဆိုသည်။

အဂတိလိုက်စားမှု တိုက် ဖျက်ရေး ဥပဒေနှင့် ငြိစွန်းခြင်း ရှိ၊မရှိဆိုသည့် ဆက်စပ်မေးခွန်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စား လှယ်က ကြားသတင်းများဖြင့်သာ မေးမြန်းခြင်းဖြစ်၍ ဖြေကြားခြင်း မပြုလိုကြောင်း ဦးမော်မော်က  ငြင်းဆိုသည်။

‘‘ဝန်ကြီးချုပ်ဆီက လျှို့ဝှက် သတ်မှတ်ထားတဲ့ ကြမ်းခင်းဈေး ကို ၀န်ကြီးချုပ်နဲ့ အပေးအယူလုပ် ပြီးတော့မှ သတင်းအချက်အ လက်တွေ တိတိကျကျရချင်ရင် တော့ ၀န်ကြီးချုပ်ကို လာဘ်ထိုး တာတွေ ဖြစ်လာနိုင်တယ်။ တကယ်ပဲ ကြမ်းခင်းဈေးကို တစ်ဦးတစ်ယောက်ကိုပေးရင်တော့ အဂတိနဲ့ တကယ်ငြိတယ်လို့ ကျွန်တော် နားလည်ထားတယ်’’ဟု ၎င်းက မှတ်ချက်ပြုသည်။ ထို့ကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှုများဖြစ်ပေါ်လာ သည်အထိ လွှတ်တော်တွင်း နည်းလမ်းများ အသုံးပြု၍ ကြိုးစားလုပ် ဆောင်မည်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်သောခူးသဲရယ်က ပြောသည်။

No comments:

Post a Comment