Saturday, June 29, 2019

ပရိသတ်ရဲ့အရှက်ရဖွယ်လုပ်ရပ်ကြောင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အိမ်ရှင်ဘရာဇီး

ဘိုလီဗီးယားအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘရာဇီးပရိသတ်အချို့က လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့တာပါ။ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲ အိမ်ရှင်ဘရာဇီးအသင်းရဲ့ ပရိသတ်အချို့အနေနဲ့ အရှက်ရဖွယ်ရ လူမျိုးရေး ခွဲခြားမှုတွေကိုပြုလုပ်ခဲ့တဲ့အတွက် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးယူခြင်းကိုခံခဲ့ရတယ် လို့ espn.c om က ဖော်ပြလာပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ပွဲစဉ်မှာ အခုလိုအခြေအနေဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဘရာဇီးပရိသတ်များအနေနဲ့ ဘိုလီဗီးယားအသင်းရဲ့ ပွဲထွက်ဂိုးသမားကားလို့စ်အမ်မီလီယိုကို အဓိကထားတိုက်ခိုက်ခဲ့တာဖြစ် တယ်လို့ လည်း သတင်းဖော်ပြမှုတွေရှိနေတာပါ။



ဘရာဇီးပရိသတ်တွေအနေနဲ့ လူမျိုးရေးခွဲခြားမှုများအပြင် လိင်တူချစ်သူများကို လှောင်ပြောင်တဲ့ စကားအသုံးအ နှုန်းများနဲ့ပါ အော်ဟစ်လှောင်ပြောင်မှုများပြုလုပ်ခဲ့တဲ့အတွက် တောင်အမေရိကဘောလုံး အဖွဲ့ချုပ် အနေနဲ့ အခုလိုအရေးယူခဲ့တာဖြစ်ပြီး ဖီဖာအနေနဲ့လည်း စွဲချက်ထပ်တင်ဖို့ရှိနေပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဘရာဇီးပရိသတ်တွေရဲ့လုပ်ရပ်အတွက် ဘရာဇီးဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန်သတိပေးမှုများပြုလုပ်ခဲ့ပြီး ဒဏ်ကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၁၅,၀ ၀၀ ပေးဆောင်ရန် သတ်မှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းတွေအရ အခုနှစ်ကိုပါအမေရိကဖလားပွဲစဉ်အများစုမှာ လူမျိုးရေးခွဲခြားမှုများပိုမိုမြင့်တက်နေခဲ့ ပြီး ဘရာဇီးအသင်းနည်းတူ ဥရုဂွေးအသင်းမှာလည်း ဂျပန်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပရိသတ် အချို့လူမျိုး ရေးခွဲခြားခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ဒဏ်ရိုက်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment