Saturday, June 29, 2019

မြောက်ကိုရီးယား၌ ပျောက်ဆုံးနေသည့် သြစတြေးလျ ကျောင်းသားနေရာ မသိရသေးဟု ၀န်ကြီးချုပ်ပြော

မြောက်ကိုရီးယားမှာ ရက်အတော်ကြာ ပျောက်ဆုံးနေတဲ့ သြစတြေးလျ ကျောင်းသားရှိတဲ့နေရာကို မသိရသေးဘူးလို့ ၀န်ကြီးချုပ် စကော့မောရစ်ဆင်က ဇွန်လ ၂၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ၀န်ကြိးချုပ် စကော့မောရစ်ဆင်က “ဖြစ်ခဲ့တဲ့ ကိစ္စကို ခြေခြေမြစ်မြစ် သိအောင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ အဲဒီကိစ္စကို အတော်လေး စိတ်ပူပန်မိပါတယ်” လို့ ပြောခဲ့ပါတယ်။ြ ပုံယမ်းမှာ ကျောင်းတက်နေတဲ့ သြစတြေးလျ ကျောင်းသား အဲလက်စ် – ဆစ်ဂလေရဲ့ သတင်းကို ဇွန်လ ၂၅ ရက်နေ့ကတည်းက မကြားရတော့ဘူးလို့ မိဘဖြစ်သူတွေက ပြောခဲ့တာပါ။



မြောက်ကိုရီးယားမှာ သြစတြေးလျ နိုင်ငံသား ထိန်းသိမ်းခံရတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဌာနက ရှင်းလင်းချက်ပေးဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ပြောထားပါတယ်။

သြစတြေးလျ ကျောင်းသား ဆစ်ဂလေဟာ မြောက်ကိုရီးယားမှာ ရှိနေစဉ် နိုင်ငံတကာ မီဒီယာအဖွဲ့တွေအတွက် ဆောင်းပါးအတော်များများရေးခဲ့ပါတယ်။

ဆစ်ဂလေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပုံမှန် သတင်းတင်လေ့ရှိပေမယ့် ပျောက်ဆုံးပြိး နောက်ပိုင်း ဘာပို့စ်မှ မတင်ခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment