Saturday, June 29, 2019

ကလေးများကို ကယ်တင်ပါ

ကလေးများကို ကယ်တင် ပါ။ စာရေးသူတို့၏ နိုင်ငံတွင်သစ်တောပြုန်းတီးမှု၊ မြစ်ဆုံအရေး၊ အ နောက်တံခါး (ရခိုင်ပြည်နယ် အ ရေး)၊ ငြိမ်းချမ်းရေး၊ စစ်ဘေး ရှောင်ဒုက္ခသည်အရေး၊ အလုပ် လက်မဲ့လျှော့ချရေး၊ သက်ကြီး ရွယ်အိုများအရေး၊ ရွှေ့ပြောင်း လုပ်သားအရေးအစရှိသည့် ဖြေ ရှင်း၍မပြီးဆုံးနိုင်သည့် အရေး ကိစ္စများစွာရှိပါသည်။

ထိုသို့ များပြားလှသည့် အ ရေးကိစ္စများစွာအနက်မှ ကလေး များကို ကယ်တင်ပါဟုဆိုလိုက် ခြင်းကြောင့် စာဖတ်သူများအနေ ဖြင့် စာရေးသူမိမိအား  အတ္တဆန် သောသူတစ်ယောက်ဟု မှတ်ယူ သွားကြမည်လားမသိ။ သို့သော်  ကျွန်တော်တို့အားလုံးအနေဖြင့် ကျွန်တော်တို့၏ ကလေးများ၊ ကျွန်တော်တို့၏ ပတ်ဝန်းကျင်မှ  ကလေးများကို တတ်နိုင်စွမ်းသမျှ  ကယ်တင်ကြစေချင်ပါသည်။ အ ဘယ်ကြောင့်ဆိုသော် ယနေ့က လေးများအားလုံးသည် အနာဂတ် ကာလ၌ နိုင်ငံ့တာဝန်များကို နေ ရာကဏ္ဍအသီးသီးမှနေ၍ ပခုံး ပြောင်း ထမ်းဆောင်ကြမည့်သူ များ ဖြစ်ကြသောကြောင့်ဖြစ်ပါ သည်။

သို့သော် အနာဂတ်နိုင်ငံ၏  တာဝန်များကို  လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ကြမည့် က လေးများမှာ ယနေ့အချိန်၌  ဝမ်း နည်းစရာကောင်းလောက်အောင် ပင် အရွယ်မတိုင်မီ အလုပ်လုပ် ကိုင်နေကြရပြီဖြစ်သည်။ ဤ သည်မှာ အနာဂတ်နိုင်ငံနှင့် လူ့အ ဖွဲ့အစည်းအတွက် အပေါင်းလက္ခ ဏာမဆောင်သော ပုံရိပ်များဖြစ် ပါသည်။

၂၀၁၄ ခုနှစ်၌ ကောက်ယူ ခဲ့သည့်  ပြည်လုံးကျွတ်သန်းခေါင် စာရင်းအရ အသက် (၁၈)နှစ် အောက်ကလေးများမှာ ၁၈ သန်း ခန့်ရှိပြီး ၂၀၁၇ ခုနှစ် ပထမသုံး လပတ် အလုပ်သမားအင်အား စာရင်းအရ အသက် (၅)နှစ်မှ (၁၇)နှစ်အတွင်းရှိ ကလေးဦးရေ စုစုပေါင်း ၁၂ သန်းတွင် ကလေး အလုပ်သမားပေါင်း ၅ ရာခိုင်နှုန်း ကျော်ရှိသည်ဟု သိမှတ်ခဲ့ရပါ သည်။

သို့သော် ထိုစစ်တမ်းမှာ စားသောက်ဆိုင်များ၊ လက်ဖက် ရည်ဆိုင်များ၊  ကားရေဆေးဆီ လိုက်လုပ်ငန်းများ၊ ဝပ်ရှော့များ အစရှိသည့်နေရာများမှ ကလေး များမပါဝင်ပေ။ ထိုသို့သော ကလေးအလုပ်သမားများကိုပါ ထည့်သွင်းတွက်ချက်ပါက ဖော်ပြ ပါ စစ်တမ်း၏ရာခိုင်နှုန်းထက်  ထက်ဝက်ကျော်မက  ရှိနေနိုင်ပါ သည်။ မိမိတို့၏ အနီးဝန်းကျင်ရှိ  လုပ်ငန်းခွင်များဆီသို့ ငဲ့စောင်း ကြည့်လျှင်ပင် ကလေးအလုပ်သ မားများကို တွေ့မြင်နိုင်သည် မဟုတ်ပါလား။ ထိုမြင်ကွင်းများ သည် သာမန်တွေ့နေကျပုံရိပ်များ ဖြစ်သော်လည်း စေ့စေ့ငုငုတွေးဆ ကြည့်ပါက  ရင်မောဖွယ်ရာ ကောင်းလှပါသည်။

နိုင်ငံတစ်ဝန်း၌ ကလေးအ လုပ်သမားများ မည်သည့်အတွက် ကြောင့် များပြားနေရပါသလဲဟု မေးပါက ဖြေစရာအဖြေမှာတစ်ခု တည်းသာရှိလိမ့်မည်ဟု ဆိုကြပါ လိမ့်မည်။ ထိုအဖြေမှာ အခြား မဟုတ်၊ စားဝတ်နေရေးအတွက် ကြောင့်ဆိုသော အဖြေသာလျှင်  ဖြစ်သည်။ သို့သော် စေ့ငုစွာ တွေး ဆပါက နောက်ထပ်အဖြေတစ်ခု ရှိနေပြန်ပါသေးသည်။ ထိုအဖြေ မှာ ကလေးများသည် ပိုက်ဆံကို  ကိုယ်တိုင်ကိုင်တွယ်အသုံးပြုကြ ရသဖြင့် ပိုက်ဆံသုံးစွဲရခြင်း၏ အရသာကို သိရှိသွားသော ကြောင့်လည်း ဖြစ်နိုင်ပါသည်။

စာရေးသူနှင့် ဆွေရိပ်မျိုး ရိပ်မကင်းသည့်အထဲမှ ကလေး တစ်ယောက် ကျောင်းထွက်၍  လူမျိုးခြားတစ်ယောက်ရောင်းချ သော ဈေးဆိုင်၌နေ့စားအလုပ် သမားအဖြစ် လုပ်ကိုင်နေသည်ကို  သိရသဖြင့် ထိုကလေးကို ပညာ ကို ဆုံးခန်းတိုင်အောင်ဆက်၍ သင်ယူဖို့ရန်အတွက် နည်းလမ်း မျိုးစုံဖြင့် နားချဖျောင်းဖျခဲ့ဖူးပါ သည်။ သို့သော်လည်း မအောင် မြင်ခဲ့ပါ။ ထိုစဉ်က ထိုကလေး ပြောခဲ့သော စကားများကိုလည်း  ယနေ့ထက်တိုင် ကြားယောင်မိ နေဆဲဖြစ်သည်။

‘‘ကျွန်တော် ကျောင်းဆက် တက်တော့ကော ဘာထူးမှာမို့လို့ လဲ။ ဘွဲ့ရပြီး အလုပ်မရှိတဲ့သူတွေ ပုံလို့။ အိမ်က စားဝတ်နေရေးအ တွက် ငွေလိုတယ်။အခုကျွန်တော့် အသက်က (၁၅)နှစ်ပဲ ရှိသေး တယ်။ ဒီမှာ နောက်ထပ် လေး၊ ငါးနှစ်လောက်လုပ်ရင်း ရောင်း တတ်ဝယ်တတ်အောင် သင်မယ်။ ကိုယ့်အရင်းရှိတဲ့အခါ ဆိုင်ဖွင့် မှာပေါ့။ ကျောင်းတက်ရင်တစ်နေ့ ကို မုန့်ဖိုးနှစ်ရာရဖို့တောင် မသေ ချာဘူး။ ခုနေ့တွက် ၂,၀၀၀ ကျပ် ရတယ်။ ဒီထဲက ကျွန်တော် ၅၀၀  ကျပ်သုံးလို့ရတယ်လေ’’ ဆိုသော စကားများဖြစ်သည်။

ဝမ်းနည်းစရာကောင်းသည် မှာ တွက်ရေးနှင့် စက်သူဌေးဖြစ်ခဲ့ သော ထိုကလေးမှာ အလုပ် မကောင်းဟု၍ဆိုကာတစ်လုပ်ပြီး တစ်လုပ်ပြောင်း၍ လုပ်ကိုင်လာ ခဲ့သည်မှာ  ယနေ့ထက်ထိဆိုပါက  ဆယ်စုနှစ်မကတော့ပေ။ ဆေး လိပ်၊ အရက်၊ ကွမ်းများကို သုံးစွဲ တတ်လာသည်မှအပ၊ ငယ်ငယ် ရွယ်ရွယ်နှင့် အိမ်ထောင်ကျသွား သည်မှအပ အခြားတိုးတက် ပြောင်းလဲမှု မရှိသေးပေ။

မိမိတို့၏ သားသမီးများကို အရိပ်တကြည့်ကြည့်ဖြင့် ကြည့် ၍ စိတ်မချနိုင်စွာချစ်တတ်သော စာရေးသူတို့၏ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတွင် မဆိုထားနှင့်၊  အနောက်ဥရောပနိုင်ငံများ၌ပင်  မိမိတို့၏သားသမီးများကို အ သက် (၁၈)နှစ်ပြည့်မှသာ ကိုယ် ပိုင်ရပ်တည်မှုအတွက် ရွေးချယ်မှု ကို ဖြေလျှော့ပေးတတ်ကြမြဲဖြစ် သည်။ ထိုအတောအတွင်း မိဘ များက ထိန်းကျောင်းပျိုးထောင် ပေးကြပါသည်။ မည်မျှပင် ခေတ် ရေစီးကြောင်းကို လိုက်ပါစီးမျော နိုင်သည်ဖြစ်စေကာမူ ဘဝနှင့်ရင်း ၍ လက်တွေ့ဖြတ်သန်းတွေ့ကြုံ လာကြရသည့် မိဘများထက် ပို၍ မသိရှိနိုင်ပါ။ ကလေးတစ် ယောက်သည် ကလေးတစ်ယောက်လိုပင် တွေးခေါ်စဉ်းစား သိမြင်တတ်ကြလိမ့်မည်သာဖြစ်သည်။

ယနေ့ ကျွန်တော်တို့၏ ပတ် ဝန်းကျင်၌ တွေ့မြင်နေရသော အလုပ်ခွင်များအတွင်းမှ ကလေး ငယ်များကို စနစ်တကျဖြင့် စေ့စေ့ စပ်စပ် စစ်တမ်းကောက်ယူပါက  ၂၀၁၇ ခုနှစ်၌ ကောက်ယူထား သော ကလေးအလုပ်သမားရာ ခိုင်နှုန်းထက် လျော့နည်းလိမ့်မည် မဟုတ်ပေ။ မိသားစုစားဝတ်နေ ရေးအတွက် လက်ဖက်ရည်ဆိုင် များ၊ ဝပ်ရှော့များ၊ ဈေးအရောင်း ဝန်ထမ်းများအစရှိသည့် လုပ်ငန်း များဆီမှ ကလေးငယ်များနှင့် စကားစမြည်ပြောဆိုမိလေတိုင်း  စားဝတ်နေရေးအတွက် ရုန်းကန် နေကြရသဖြင့် ကျောင်းနေချင် သည့်တိုင် နေခွင့်မရရှာကြရသည့် အဖြစ်ကို ရင်နင့်စွာဖြင့် ကြားသိ နေရမြဲဖြစ်သည်။ ကလေးငယ် များ ထိုကဲ့သို့ ဖြစ်နေရခြင်းအ တွက်မည်သူတွင် အပြစ်ရှိသလဲ ဆိုသည်မှာ တိတိကျကျပြောဖို့ ရန် ခက်လှပါသည်။

နှစ်ရှည်လများစွာ ပျက်စီး နေခဲ့သော စနစ်ကြောင့်လား။ အခြေခံနေ့တွက် လုပ်အားခနှင့် မျှတသည့်ကုန်ဈေးနှုန်းကို တည့် မတ် မပေးနိုင်သည့်သူများကို လား။ ကလေးငယ်များ၏မိဘများ ကိုလား။ မုန့်လုံးစက္ကူကပ်သော ပုစ္ဆာတစ်ပုဒ်ဖြစ်ပါသည်။

        ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိ ယအကြိမ်မြောက် ပြည်သူ့လွှတ် တော်(၁၂)ကြိမ်မြောက် ပုံမှန်အ စည်းအဝေး (၁၂)ရက်မြောက်နေ့ တွင် ပြည်ထောင်စုဝန်ကြီးဦးသိန်း ဆွေက  ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဒုတိယ သမ္မတကိုယ်တိုင်ဦးစီး၍ စနစ်တ ကျ စီမံရေးဆွဲဆောင်ရွက်နေ သည်ဟု ဆိုပါသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသ ကြီးပညာရေးမှူးရုံး ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါ်ခင်မာဆွေ ကလည်း အခြေခံကျောင်းများ တွင် မေလ ၂၅ ရက်နေ့မှကျောင်း အပ်လက်ခံနေပြီး ကျောင်းဖွင့်၍ နှစ်ပတ်ကြာသည့်အထိ ကျောင်း မအပ်ရသေးသည့် ကျောင်းနေအ ရွယ်ကလေးများကို မြို့နယ်အုပ် ချုပ်ရေးမှူးများနှင့်ပူးပေါင်းကာ  အိမ်တိုင်ရာရောက်ခေါ်ယူမည် ဆိုသောသတင်းကိုလည်း ၂၀၁၉ မေလ  ၂၉  ရက်ထုတ် 7DAYNEWS JOURNAL ( အချပ်ပို A- 3 )မှတစ်ဆင့် သိရှိခဲ့ရပါသည်။  အဆိုပါသတင်းများသာ အမြန် ဆုံးအထမြောက် အောင်မြင်ခဲ့ပါ က ဆင်းရဲချို့တဲ့မှုကြောင့် အနာ ဂတ်ပျောက်နေသည့်  ကလေးအ လုပ်သမားလေးများအနေဖြင့် မျှော်လင့်ချက်ရောင်ခြည်တစ်ခု  ဖြစ်လာပါလိမ့်မည်။

အချုပ်အားဖြင့် ဆိုရပါမူ ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့က Save The Children အဖွဲ့မှထုတ် ပြန်သော Global Childhood Report အစီရင်ခံစာအရ စင်ကာ ပူနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောင်းတစ်ပိုင်းတစ်စနှုန်း အနိမ့် ဆုံးနိုင်ငံဖြစ်ပြီး ကျောင်းထွက်နှုန်း သည် ၀ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိပါသည်။

ထို့အတူ နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် အနောက်ဥရောပရှစ် နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံ တို့ကို ကျော်ဖြတ်၍ စင်ကာပူနိုင်ငံ သည် ကမ္ဘာပေါ်တွင်  ကလေးများ အသက်ရှင်ရပ်တည်ရန်အတွက် အကောင်းဆုံးနေရာအဖြစ် ၂ နှစ် ဆက်ရပ်တည်ခဲ့ပါသည်။ သဘာ ဝတွင်းထွက် သယံဇာတပေါ ကြွယ်ဝသော၊ မြေကြီးကပင် ရွှေ သီးသည်ဟု ကမ္ဘာ့အလယ်၌ တင့် တယ်ထည်ဝါခဲ့သော ကျွန်တော် တို့၏ နိုင်ငံကကော ထိုအစီရင်ခံ စာစစ်တမ်း၌ မည်သည့်အဆင့်၌  ရပ်တည်နိုင်ခဲ့ပါသနည်း။

       ကမ္ဘာ့စာမျက်နှာထက်တွင်  ဆင်းရဲမွဲတေမှုနှင့် အငတ်ဘေး ဆိုက်ခဲ့ရသည့် အီသီယိုးပီးယားကဲ့ သို့သော နိုင်ငံငယ်လေး၏ ကျော် တက်မှုကို ခံခဲ့ရသည့် မိမိတို့နိုင်ငံ အနေဖြင့်  လွန်စွာရှက်စရာ ကောင်းလှပါသည်။ အခြားသော  ဖွံ့ဖြိုးစနိုင်ငံများနှင့် ယှဉ်လျှင်ပင် ခြေလှမ်းပေါင်းများစွာ နောက်ကျ ကျန်ခဲ့သော၊ လိုအပ်ချက်များပြား လွန်းသော နိုင်ငံတစ်ခုအနေဖြင့်  အနာဂတ်လူငယ်များထံသို့ မလွှဲ ပြောင်းသင့်။ လိုအပ်ချက်များစွာ အောက်၌ နစ်မြုပ်နေသည့် ကလေးငယ်များကို အားလုံးအတူ တကွ တွဲထူပေးကြရတော့မည့် အချိန်လည်းဖြစ်ပါသည်။ ထို့ ကြောင့် အနာဂတ်နိုင်ငံတော်၏  တာဝန်ကို ပခုံးပြောင်းထမ်း ဆောင်ကြမည့် ကလေးငယ်များ ၏ဘဝကို အလုပ်ခွင်များအတွင်း မှ တတ်စွမ်းသမျှ ဆွဲထုတ်ကယ် တင်ကြပါစို့ဟု နှိုးဆော်တိုက် တွန်းလိုက်ရပါတော့သည်။

No comments:

Post a Comment