Saturday, June 29, 2019

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်၊ ဒေသခုနစ်ခု မိုးကြီးနိုင်ကြောင်း သတိပေး

 ဘင်္ဂလားပင်လယ်အော် တွင် လေဖိအားနည်းရပ်ဝန်းဖြစ် နိုင်ပြီး ဒေသခုနစ်ခု၌ နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီခန့် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း တွင် နောက် ၄၈ နာရီအတွင်း လေ ဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။



လေဖိအားနည်းရပ်ဝန်း ဖြစ် နိုင်ခြေရှိပြီး ယင်းလေဖိအားနည်း ရပ်ဝန်းသည် အိန္ဒိယနိုင်ငံ ကမ်း ခြေဘက်သို့ ရွေ့လျားနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ကြိုတင် ခန့်မှန်းထားသည်။ သို့သော် လတ် တလော ရာသီဥတုအခြေအနေ အရ နေရာကွက်မိုးကြီးမည့် သတိပေးချက်ကို ဒေါက်တာထွန်းလွင်နှင့် မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။

မြစ်ဝကျွန်းပေါ်နှင့် မြန်မာ နိုင်ငံ တောင်ပိုင်းဒေသများတွင် ပါဝင်သော ပဲခူး၊ ရန်ကုန်၊ ဧရာ ဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည် နယ်တို့၌ ပုံမှန်ထက် မိုးကောင်း ကာ ကျန်ဒေသများတွင်လည်း မိုးရွာနိုင်ကြောင်း သတိပေးထား သည်။

ဇွန်လ ၂၈ ရက်က မြို့ ၁၁မြို့ မိုးကောင်းပြီး မွန်ပြည်နယ် ပေါင်မြို့တွင် ၆ ဒသမ ၃၀ လက်မအထိ ရွာသွန်းခဲ့သည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့၌ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးဇလဌာနက ထုတ်ပြန်သည်။ ဇွန်လ ၂၇ ရက်က နေရာ ကွက် မိုးကြီးမှုကြောင့် ကချင်ပြည်နယ် ဆဒုံးနှင့် ဝိုင်းမော်မြို့တွင် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ သည်။

No comments:

Post a Comment