Saturday, June 29, 2019

နေပြည်တော်ရှိ ပုဂ္ဂလိကမူကြိုကျောင်း၌ သုံးနှစ်အရွယ်ခန့် မိန်းကလေးတစ်ဦး လိင်အကြမ်းဖက်ခံရသည့် အမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးနေသည့် သံသယရှိသူအား ပြန်လွှတ်ပေးခဲ့ခြင်းသည် တရားစွဲတင်ရန် လုံလောက်သည့် အထောက်အထား မရှိသေးခြင်းကြောင့်ဖြစ်ပြီး မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဟုဆို

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း၌ တက်ရောက်နေသည့် သုံးနှစ်အရွယ်ခန့် မိန်းကလေးတစ်ဦး လိင်အကြမ်းဖက်ခံရသော အမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးနေသည့် သံသယရှိသူအား ပြန်လွှတ်ပေးခဲ့ခြင်းသည် တရားစွဲတင်ရန် လုံလောက်သည့် အထောက်အထား မရှိသေးခြင်းကြောင့်ဖြစ်ပြီး မှုခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး မင်းဟန်က ပြောကြားသည်။

ဇွန် ၂၈ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်၌ ပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်း၌ တက်ရောက်နေသော သုံးနှစ်အရွယ်ခန့်ရှိ မိန်းကလေးငယ် လိင်အကြမ်းဖက်ခံရသည့် အမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးနေသော သံသယရှိသူအား ပြန်လွှတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးကြီးမင်းဟန်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“မလုံလောက်လို့ ဖြစ်ပါလိမ့်မယ်။ တရားစွဲတင်ဖို့က အထောက်အထားမရှိသေးလို့ တရားခံကို ပြန်လွှတ်ထားတဲ့ သဘောပါ။ ဒါကတော့ မူခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲပဲ။ ဘာမှပြောပြလို့တော့ မရသေးဘူးပေါ့။ ကလေးရဲ့ အခြေအနေ ရှိသေးတာကို။ ကလေးရဲ့ အနေအထား အခြေအနေရှိသေးတယ်။ ကလေးရဲ့ အနေအထား အခြေအနေရှိသေးတာကိုး။ ပြောပြလို့မရတဲ့ အနေအထားမို့လို့ မပြောတာပါ” ဟု ရဲမှူးကြီးမင်းဟန်က ပြောကြားသည်။  Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်ရောက်နေသော သုံးနှစ်အရွယ်ခန့်ရှိ မိန်းကလေးငယ် လိင်အကြမ်းဖက်ခံရသည့် အမှုနှင့်ပတ်သက်၍ မှုခင်းရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲမှူးကြီးမင်းဟန်က ပြောကြားသည်။

 ရဲမှူးကြီးမင်းဟန်က “မှုခင်းတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေဆဲပါ။ မူခင်းတပ်ဖွဲ့က အားလုံးတရားခံအခြေအနေရရင် ပြောပါလိမ့်မယ်။ မူခင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲပါပဲ။ မူခင်းတစ်ခု ဖော်ထုတ်ဖို့ဆိုတာက လွယ်လွယ်နဲ့ ဖော်ထုတ်လို့ရတာ မဟုတ်ဘူးလေ။ အားလုံးကို လူသက်သေ၊ ပစ္စည်းသက်သေ၊ ဒီအမှုက ပိုပြီးတော့ နူးညံ့သိမ်မွေ့တဲ့ ကိစ္စလေ။ အားလုံးကို ဘယ်သူ့ဘက်မှ နစ်နာအောင် လုပ်လို့မရဘူးလေ။ တိတိကျကျ သေသေချာချာသိမှ တရားစွဲတင်လို့ရမယ့် အနေအထားကိုး” ဟု ပြောကြားသည်။

 နေပြည်တော် သပြေကုန်းရှိ မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး လိင်အကြမ်းဖက်ခံရသည့်အမှုအတွက် သံသယရှိ၍ ဖမ်းဆီးထားသည့် အမျိုးသားအား တစ်လခန့် ကြာမြင့်ချိန်တွင် မှုခင်းရဲတပ်ဖွဲ့ (CID) က ဇွန် ၂၄ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 အထက်ပါအမှုနှင့်ပတ်သက်၍ လိင်အကြမ်းဖက်ခံရသည့် မိန်းကလေးငယ်၏ မိသားစုက မေ ၁၇ ရက်က ဇမ္ဗူသီရိမြို့နယ် မြို့မရဲ စခန်း၌ အမှုဖွင့်ခဲ့ပြီး CID က လွှဲပြောင်းရယူ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment