Saturday, June 29, 2019

ဘိုကလေးမြို့နယ်မှ အသက် ၄၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး အိမ်သာအတွင်းကြိုးဆွဲချ သေဆုံး

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စုတွင် နေထိုင်သည့် အသက် ၄၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ ဇွန်လ ၂၇ ရက်နေ့က နေအိမ်၏အိမ်သာအတွင်း ကြိုးဆွဲချကာ မိမိကိုယ်ကို သတ်သေခဲ့ကြောင်း သတင်းရရှိသည်။



ဖြစ်စဉ်မှာ မင်းကကုန်းကျေးရွာအုပ်စု၊ အမှတ် ၃ နယ်မြေ၊ ဒုတိယလမ်းတွင်နေထိုင်သူ ဒေါ်ဝင်းရီ (၄၈ နှစ်) မှာ ဇွန်လ ၂၇ ရက်နေ့ ညနေ ၅ နာရီက အိမ်သာအတွင်း ဝင်ရောက်သွားခဲ့ပြီး ပြန်ထွက်မလာလဲ ကြာနေသည့်အတွက် မိခင်ဖြစ်သူ ဒေါ်သန်းလှမှ အိမ်သာအား ဖွင့်ကြည့်ရာ ဒေါ်ဝင်းရီမှာ အိမ်သာအတွင်း ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ခဲ့ရခြင်း ဖြစ်သည်။

''သူအဖေ ကိုမိုးကောင်းဆုံးပြီးထဲကအမေနဲ့အတူနေတယ်။ ညနေက ရေချိုးသနပ်ခါးလိမ်း၊ အဝတ်သစ်နဲ့လဲအိပ်နေပြီး အိမ်သာထဲ ဝင်သွားတယ်။ ဧည့်သည်လာတော့မှ အိမ်သာထဲလှမ်းခေါ်တာ ပြန်မထူးလို့သွားကြည့်မှ ကြိုးတန်းလန်းနဲ့ သေနေတာကို တွေ့ရတော့တယ်'''ဟု သေဆုံးသူ ဒေါ်ဝင်းရီ၏မိခင်ဖြစ်သူ ဒေါ်သန်းလှက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သေဆုံးသူ ဒေါ်ဝင်းရီ( ၄၈)နှစ် ၏ ရုပ်အလောင်းအား တာဝန်ရှိသူများက မြင်းကကုန်းဆေးရုံသို့ ပို့ဆောင်ပြီး မြင်းကကုန်းရဲစခန်းက သေမှုသေခင်းအမှတ် ၄/၂၀၁၉ ဖြင့် စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

No comments:

Post a Comment