Saturday, June 29, 2019

မြောင်းမြအကျဉ်းထောင်တွင်းသို့ မူးယစ်ဆေးပို့သည့် အမျိုးသမီးကို ဖမ်းမိ

ဧရာဝတီတိုင်း​ဒေသကြီး မြောင်းမြအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အသက် ၃၄ နှစ် ရှိ ထောင်ကျ အကျဉ်းသား မင်းမင်း(ခ)ငနိုင်ထံ မူးယစ်ဆေးပေးပို့သည့် ဇနီးဖြစ်သူကို ဇွန်လ ၂၈ နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးးရုံးမှ သိရသည်။ေ မ်ာလမြိုင်ကျွန်းမြို့ ရှောက်ချောင်းကျေးရွာ နေထိုင်သူ မင်းမင်း (ခ) ငနိုင်၏ ဇနီးဖြစ်သူ အသက် ၂၅ နှစ်ရှိ မဝေဝေလှိုင် (ခ)မငွေသဇင်သည် ထောင်ဝင်စာပစ္စည်းများဖြစ်သော မုန့်မျိုးစုံနှင့် ငရုပ်သီးတောင့်များပါသည့် အိတ်များနှင့် စားစရာထည့်သည့် ဗူးများအတွင်းမှ YW စာတန်းပါ မူးယစ်ဆေးများကို ပေးပို့သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောသည်။



WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ပန်းရောင် ၁၃၃၉ ပြား၊ အစိမ်းရောင် ၁၁ ပြား၊ စုစုပေါင်း ၁၃၅၀ ပြား၊ စုစုပေါင်းအလေးချိန် ၁၃၅ ဂရမ် တန်ဖိုးငွေ-၄၀၅၀၀၀၀ ကျပ်ခန့်၊ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော ပန်းရောင်ဆေးပြား အကြေအပဲ့ အလေးချိန် ၃၅ ဂရမ်ခန့် တန်ဖိုးငွ-၁၀၅၀၀၀၀ ကျပ်ခန့်နှင့် ICE ဟုယူဆရသော အဖြူရောင် ပုံဆောင်ခဲ အလေးချိန် ၆ ဂရမ်ခန့် တန်ဖိုးငွေ ၃၀၀ ၀၀၀ ကျပ်ခန့်၊ စုစုပေါင်းတန်ဖိုးငွေ ၅၄၀၀၀၀၀ ကျပ် ခန့်အား သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့၏ သက်သေခံပစ္စည်းမှတ်တမ်းတွင် ဖေါ်ပြထားသည်။

မဝေဝေလှိုင် (ခ) မငွေသဇင်နှင့် အကျဉ်းသား မင်းမင်း (ခ) ငနိုင်တို့နှစ်ဦးအား မြောင်းမြ မြို့မရဲစခန်းမှ တရားမဝင် မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ပုဒ်မ- ၁၉ (က)/၂၁ ဖြင့် ဇွန်လ ၂၉ ရက် (ယနေ့) နံနက်ပိုင်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်။

No comments:

Post a Comment