Saturday, June 29, 2019

စစ်တွေဆေးရုံတွင် H1N1 လူနာတဦး တွေ့ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ H1N1 လူနာတယောက်ကို တွေ့ရှိထားတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ဒီဗွီဘီကိုပြောပါတယ်။ စစ်တွေဆေးရုံကို ရောက်ရှိလာတဲ့ သံသယလူနာတွေကို စစ်ဆေးခဲ့ရာမှာ ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူ လူနာတဦး တွေ့ရှိခဲ့တာလို့ ပြည်နယ်ကျန်းမာရေး တိုးချဲ့ကာကွယ်ဆေးဌာနက လက်ထောက်ညွှန်းကြားရေးမှူး ဒေါက်တာစိုဝင်းပိုင်းက ပြောပါတယ်။



“ကျနော်တို့ ရာသီးတုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီးတော့ တနှစ်ပတ်လုံး စစ်ဆေးပါတယ်။ အထူးသဖြင့် ဒီလိုရာသီရောက်လာရင် အဖြစ်များတော့ ပိုပြီးစစ်ဆေးမှုတွေလုပ်ပါတယ်။ အဲ့ဒါ ဇွန်လ ၂၄ ရက်နေ့ ရက်နေ့ က ၂၈ ရက်နေ့အထိ သံသယဖြစ်တဲ့ လူနာ ၈ ယောက်ကိုစစ်ပါတယ်။ NHL က ပို့ပြီးတော့ စစ်ဆေးတာပါ။ NHL က comfrom လုပ်ပေးတာ H1N1 ဖြစ်နေတဲ့ လူနာ တယောက်တွေ့ပါတယ်။”

အဲ့ဒီမှာ လူနာ ၈ ယောက်မှာ လူနာနှစ်ယောက်က သက်သာသွားတဲ့အတွက်ကြောင့် ဆေးရုံကဆင်းသွားပြီး ကျန်တဲ့ လူနာ ၆ ယောက်ကို စိုးရိမ်းစရာမရှိဘဲ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေတယ်လို့ ပြောပါတယ်။

အခုတွေ့ရှိခဲ့တဲ့ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ H1N1 ဖြစ်နေတဲ့ လူနာဟာ အသက် ၁၅ အရွယ်ယောကျာ်းလေးဖြစ်ပြီး လူနာအခြေအနေကတော့ စိုးရိမ်းစရာမရှိဘူးလို့ ဒေါက်တာစိုးဝင်းပိုင်က ဒီဗွီဘီကိုပြောပါတယ်။

ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားတာတွေ၊ နှာရည်ယို၊ လည်ချောင်းနာ ချောင်းဆိုး၊ ခေါင်းကိုက်နဲ့ ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အဖျားကြီးတာ၊ အသက်ရှူပ်ကြပ်တာ၊ ဂနာမငြိမ်ဖြစ်တာတွေနဲ့ သတိလစ်တာတွေအထိ ဖြစ်ပွားတတ်ပါတယ်။

လက်ရှိမှာတော့ ရာသီတုပ်ကွေးရောဂါ H1N1 ရောဂါက အသက် ၁၅ နှစ်ကနေ ၆၅ နှစ်အထိ အသက်အရွယ်အတွင်းမှာ ဖြစ်ပွား တတ်ပါတယ်။

ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဖြူဖြူအေးက ဒီဗွီဘီကို ပြောပါတယ်။

No comments:

Post a Comment