Saturday, June 29, 2019

ကရင်ပြည်နယ် အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ အလွတ်သဘောတွေ့ဆုံပွဲ ပြုလုပ်

ခုနစ်လကျော် ရပ်နား ထားသည့် အပစ်ရပ်စောင့်ကြည့် ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပြန် လည်စတင်ရန် ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေးကော်မ တီ (JMC-S (ကရင်)) ကိုယ်စား  လှယ်များက အလွတ်သဘော တွေ့ဆုံပွဲတစ်ရပ်ကို ဘားအံမြို့ ၌ ဇွန်လ ၂၅ ရက်တွင် ပြုလုပ် ခဲ့သည်။ေ တွ့ဆုံပွဲသို့ JMC -S (ကရင်)ကော်မတီ အတွင်းရေးမှူး (၁)  ကရင်လက်နက်ကိုင်အဖွဲ့ (KNU) မှ ပဒိုစောရွှေမောင်း၊ အတွင်းရေးမှူး (၂) တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးနေယုနှင့် ၎င်း ၏နေရာတွင် တာဝန်လွှဲပြောင်း ထမ်းဆောင်မည့် ဒုတိယဗိုလ်မှူး ကြီး သန်းထွန်းအောင်၊ JMC-S (ကရင်)  ကော်မတီဝင်အရပ်သား ကိုယ်စားလှယ်များနှင့် ရုံးဝန်ထမ်း များ တက်ရောက်ခဲ့ကြောင်း JMC က ယမန်နေ့တွင် သတင်းထုတ် ပြန်သည်။



‘‘JMC ရဲ့ တရားဝင်အစည်း အဝေး ပုံစံမျိုးပဲ တွေ့ကြတာပါ။ JMC ကရင်အစည်းအဝေးမလုပ် နိုင်တာခုနစ်လ၊ ရှစ်လလောက်ရှိ ပြီ ။ အခုကအဖွဲ့ဝင်တွေ ပြန်တွေ့ ဖြစ်တာပေါ့နော်။ အတွင်းရေးမှူး နှစ်ဦးက လုပ်ငန်းနဲ့ပတ်သက်ပြီး  တော့ ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ပါတယ်’’ ဟု အရပ်သားကိုယ် စားလှယ် စောဘိုးနီက ရှင်းပြ သည်။

ဇူလိုင်တွင် လူထုတွေ့ဆုံပွဲ များကို ဘားအံနှင့် လှိုင်းဘွဲမြို့တို့ တွင် ပြုလုပ်ရန် အဆိုပါ အလွတ် သဘောတွေ့ဆုံပွဲ၌ဆွေးနွေးစီစဉ် ခဲ့ကြောင်း ၎င်းကပြောသည်။ အ ဆိုပါ တွေ့ဆုံပွဲ၌ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မ တီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေး နွေးပြီး ကော်မတီသို့ ရောက်ရှိလာသော အငြင်းပွားမှုနှင့် တိုင်ကြားစာများကို ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း JMC က ထုတ်ပြန်သည်။

တပ်မတော်နှင့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်း    သား လက်နက်ကိုင် အဖွဲ့များ ကြား တိုက်ပွဲများ၊ ပဋိပက္ခများ မဖြစ်ပွားရေး၊ ပြဿနာ ဖြစ် ပေါ်လာပါက ပြေလည်မှုရရှိရန် ဆောင်ရွက်ရေး ပြည်ထောင်စု အဆင့်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်နှင့် ဒေသအဆင့် JMC  များကို နှစ်ဖက်ကိုယ်စားလှယ် များ၊ အရပ်သားကိုယ်စားလှယ်  များဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိတွင်  ရှမ်းလက်နက် ကိုင်အဖွဲ့ (RCSS) နှင့် ကရင် လက်နက်ကိုင်အဖွဲ့ (KNU) တို့ က JMC တွင်ပါဝင်မှု ယာယီရပ် ဆိုင်းထား၍ JMC ဆိုင်ရာ တရား ၀င် အစည်းအဝေးများကိုမူ ကျင်း ပနိုင်ခြင်းမရှိသေးပေ။

No comments:

Post a Comment