Saturday, June 29, 2019

ပြင်သစ်တွင် အပူချိန်မြင့်တက်မှုကြောင့် မူလတန်းကျောင်းများ ပိတ်

ပြင်သစ်နိုင်ငံမှာ အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်နေတာကြောင့် ဇွန် ၂၈ ရက်က နိုင်ငံတောင်ပိုင်း နင်းမ်စ်မြို့က မူလတန်းကျောင်းတွေကို ပိတ်ခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း အုပ်ချုပ်ရေးဒေသ ၄ ခုမှာ မကြုံစဖူး ရာသီဥတုပြင်းထန်တာကြောင့် စာသင်ကျောင်း ၄,၀၀၀ ကို ပိတ်ခဲ့တယ်လို့ ပြင်သစ် ၀န်ကြီးချုပ်က ကြေညာပါတယ်။ နင်းမ်စ်မြို့ ဒုမြို့တော်ဝန်က အများပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တာမို့ ကျောင်းတွေပိတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။



နင်းမ်စ်မြို့ သမိုင်းမှာ မူလတန်းကျောင်းပေါင်း ၈၀ ပိတ်ခဲ့ပြီး ကလေးတွေကို စောင့်ရှောက်တဲ့ အထူးအအေးခန်းရှိ ကျောင်း ၃ ကျောင်းကိုသာ ဆက်ဖွင့်ထားခဲ့ပါတယ်။

နင်းမ်စ်မြို့ မနက်ခင်း နေမြင့်ချိန်မှာ အပူချိန်က ၃၇ ဒီဂရီ စင်တီဂရိတ် ရောက်ရှိနေပေမယ့် ကမ္ဘာလှည့် ခရီးသွားတချို့ကတော့ အပူဒဏ်ကိုမမှုဘဲ နာမည်ကျော် ရောမခေတ် အမိုးမဲ့ပွဲ ကြည့်စင်ကို လာရောက်လည်ကြပါတယ်။

No comments:

Post a Comment