Saturday, June 29, 2019

မြန်မာနိုင်ငံတွင် ယခင်က ရရှိရန် ခက်ခဲသည့် ကင်ဆာကုသမှု ဆေးများကို ဝန်ကြီးဌာနက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာများ ရေးထိုးထားသဖြင့် ပံ့ပိုးမှုများ မကြာမီရရှိမည်ဟုဆို

မြန်မာနိုင်ငံတွင် ယခင်က ရရှိရန် အလွန်ခက်ခဲသည့် အရည်အသွေးမြင့်မားပြီး ဈေးနှုန်း မြင့်မားသော ကင်ဆာကုသမှု ဆေးများကို ယခုအခါ ဝန်ကြီးဌာနက နိုင်ငံတကာ အဖွဲ့အစည်းများနှင့် နားလည်မှု စာချွန်လွှာများ ရေးထိုးထားကာ ပံ့ပိုးမှုများကို မကြာမီ ရရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောကြားသည်။

“ဝန်ကြီးဌာန အနေနဲ့က ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကို လျှော့ချနိုင်ဖို့ ကျန်းမာရေး အသိပညာပေးတဲ့ လုပ်ငန်းတွေကို အထူးဦးစားပေးအနေနဲ့ သတ်မှတ် လုပ်ဆောင်နေပြီး ဘဏ္ဍဍာငွေ ရတဲ့အပေါ် မူတည်ပြီးတော့ ရောဂါကနဦး လက္ခဏာတွေကို ကြိုတင်စစ်ဆေးတဲ့ (Screening) ပြုလုပ်ပြီး စောစီးစွာ ကုသပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ယခင်က ရရှိရန် အလွန်ခက်ခဲတဲ့ ကင်ဆာကုသမှု ဆေးတွေကို ယခုအခါမှာ ဝန်ကြီးဌာနက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နားလည်မှု စာချွန်လွှာတွေ ရေးထိုးထားတဲ့အတွက် ပံ့ပိုးမှုတွေ မကြာမီကာလမှာ ရရှိမှာဖြစ်တယ်”ဟု ゞင်းက ပြောကြားသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ Gavi အဖွဲ့နှင့် ပူးပေါင်းကာ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (Human Papillomavirushpv vaccine) ကို တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ထည့်သွင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ရင်သားကင်ဆာနှင့် ပတ်သက်၍လည်း အမျိုးသမီးများ ゞင်းတို့ကိုယ်တိုင် Breast Self – Exam (BSE) စမ်းသပ်ပုံ နည်းများကို ဝန်ကြီးဌာနမှ ဖြန့်ဝေလျက်ရှိသော Mobile Tablet များ တွင် ထည့်သွင်း၍ အခြေခံကျန်းမာရေး ဝန်ထမ်းများမှ တစ်ဆင့် ပြည်သူများကို အသိပေး သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီးတွင် လက်ရှိ အသစ်ဖွင့်လှစ်ထားသည့် ကင်ဆာကုသဆောင်သစ် ငါးထပ်ဆောင်ကိုလည်း ကင်ဆာရောဂါကုသမှု ဆေးနှင့် ဆေးပစ္စည်းများ လုံလောက်စွာ ပံ့ပိုးထားပြီး ထို့ပြင် ကင်ဆာရောဂါ ဝေဒနာရှင်များတွင် နာကျင်မှုဝေဒနာ ခံစားရမှုကို သက်သာ လျော့ပါးစေသည့် ဆေးဝါးများကို လုံလောက်စွာ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းနှင့် ကင်ဆာလူနာများအတွက် ဆေးဝါး အစာအာဟာရနှင့် အကြောကျွမ်းကျင် ပညာရှင်များကိုလည်း ပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကင်ဆာရောဂါဆိုင်ရာ ကိန်းဂဏန်းများအရ ကမ္ဘာပေါ်တွင် ကင်ဆာရောဂါဝေဒနာ ခံစားရသူပေါင်းသည် ၁၈ ဒသမ ၁ သန်းအထိ မြင့်တက်လာပြီး သေဆုံးသူပေါင်း ၉ ဒသမ ၆ သန်းရှိကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသန အဖွဲ့ကြီးမှ ခန့်မှန်းထားချက်အရ ကမ္ဘာပေါ်တွင် အမျိုးသား ငါးဦးလျှင် တစ်ဦး၊ အမျိုးသမီး ခြောက်ဦးလျှင် တစ်ဦးခန့်သည် လူ့သက်တမ်းတွင် ကင်ဆာရောဂါဝေဒနာ ခံစားနေရပြီး အမျိုးသား ရှစ်ဦးလျှင် တစ်ဦး၊ အမျိုးသမီး ၁၁ ဦး လျှင် တစ်ဦးခန့်သည် ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ကြောင်း ဖော်ပြထားချက်များအရ သိရသည်။

No comments:

Post a Comment