Saturday, June 29, 2019

ယခုနှစ်ငါးလအတွင်း ငွေကြေးဖောင်းပွမှု ၈ ရာခိုင်နှုန်းခန့်ရှိလာ

 မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုသည် ယခုနှစ်ငါးလအ တွင်း ၈ ရာခိုင်နှုန်းခန့်သို့ရောက်ရှိ လာကြောင်း ဗဟိုစာရင်းအင်းအ ဖွဲ့အစီရင်ခံစာတွင် ဖော်ပြထား သည်။ အခြေခံ စားသောက်ကုန် များဖြစ်သော ဆန်၊ ဆီ၊ သား ငါးနှင့်ဟင်းသီးဟင်းရွက်ဈေးနှုန်း များမြင့်တက်ခြင်းနှင့် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်ခြင်း ကြောင့် ငွေကြေးဖောင်းပွမှုတိုး လာခြင်းဟု မေလအတွက် ဗဟို စာရင်းအင်းအဖွဲ့က ထုတ်ပြန် သောအစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ၂၀၁၉ တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ဆက်တိုက် မြင့်တက်နေပြီး ဗဟိုစာရင်းအင်း အဖွဲ့ လစဉ်အစီရင်ခံစာတွင် ဇန်န၀ါရီက မြန်မာနိုင်ငံ၏ငွေ ကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၉၄ ရာခိုင်နှုန်းရှိပြီး မေလတွင် ၇ ဒသမ ၈၂ ရာခိုင်နှုန်းရှိသည်။ ငါး လအတွင်း ငွေကြေးဖောင်းပွမှုက ၁ ရာခိုင်နှုန်းခန့် မြင့်တက်လာ သည်။



အခြေခံစားကုန် ဆန်ဈေး နှုန်းက ၂၀၁၉ ငါးလအတွင်း ၁၀ ရာခိုင်နှုန်းကျော်မြင့်တက်သည်။ ဇန်န၀ါရီအတွင်း ဧရာဝတီပေါ် ဆန်း တစ်အိတ်လျှင် ကျပ် ၃၇,၀၀၀ မှ မေလတွင် ကျပ် ၄၂,၀၀၀ သို့ မြင့်တက်လာသည် ဟု မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှတ်တမ်းများတွင် ဖော်ပြ ထားသည်။

မြန်မာနိုင်ငံတွင် လုပ်ခလ စာတိုးမြင့်မှုမရှိဘဲ ငွေကြေး ဖောင်းပွမှုမြင့်တက်ခြင်းသည် အ ထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှု ကို ပြည်သူများခံစားရမည်ဟု စီး ပွားရေးပညာရှင်အချို့က ပြော ကြားသည်။

‘‘ငွေကြေးဖောင်းပွမှုက ကုန် ဈေးနှုန်းပဲ’’ ဟု အငြိမ်းစားဗဟို ဘဏ်ဒုတိယဥက္ကဋ္ဌဦးသန်းလွင် က ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ ငွေ ကြေးဖောင်းပွမှုက ပြည်တွင်း ဘဏ်အတိုးနှုန်းထက် လျော့ နည်းသည်ဟု ၎င်းကပြောသည်။ လက်ရှိ ပြည်တွင်းဘဏ်အတိုး နှုန်းက ၈ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။

ဝယ်လိုအား များလာခြင်း၊ ကုန်ကျစရိတ်မြင့်တက်ခြင်းနှင့် စီး ပွားရေးအဆောက်အအုံပြုပြင် ပြောင်းလဲခြင်းဟူသည့်အချက် သုံးချက်တွင် တစ်ချက်ကြုံတွေ့ ပါက ငွေကြေးဖောင်းပွနိုင် ကြောင်း စီးပွားရေးပညာရှင်ဦး ဇော်ဖေ၀င်းက ပြောသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သောအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ညွှန်းကိန်းဖော်ပြမှု တိုးတက်လာ သော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာ နှစ်ပထမခြောက်လအတွင်း ငွေ ကြေးဖောင်းပွနှုန်း ၆ ဒသမ ၅ ရာ ခိုင်နှုန်းရှိပြီး တည်ငြိမ်သောလမ်း ကြောင်းပေါ်တွင်ရှိသည်ဟု ကမ္ဘာ့ ဘဏ်ကဆိုထားသည်။

No comments:

Post a Comment