Saturday, June 29, 2019

IS တိုက်ခိုက်ရေးသမားများနှင့်ပတ်သက်၍ အမေရိကန်က ဥရောပကို သတိပေး

ဆီးရီးယားတွင် IS ဂျီဟတ်အဖွဲ့နှင့် သွားရောက်ပူးပေါင်းခဲ့သော ゞင်းတို့၏ နိုင်ငံသားများအား တရားစွဲဆိုရန်အတွက် ဥရောပနိုင်ငံများက နေရပ်သို့ ပြန်လည်လွှဲပြောင်းယူခြင်း မပြုသည့်လုပ်ရပ်သည် မှားယွင်းသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း အမေရိကန်က ဇွန် ၂၇ ရက်တွင် သတိပေးခဲ့သည်။ IS အဖွဲ့က ကိုယ့်ကိုယ်ကိုယ် မွတ်စလင်ပိုင်နက်အဖြစ် ကြေညာထားသော နယ်မြေများအား ဆုံးရှုံးခဲ့ရပြီးနောက် အမေရိကန်ဦးဆောင်သည့် ဆီးရီးယားသူပုန်တပ်ဖွဲ့များသည် ပြည်ပတိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာအား ထိန်းသိမ်းထားရသည်။ သို့သော် အနောက်တိုင်းမှ နိုင်ငံအများအပြားသည် ပြည်သူလူထု၏ ဆန့်ကျင်ခြင်း ကြုံရနိုင်မှု၊ ထိုတိုက်ခိုက်ရေးသမားများက ခြိမ်းခြောက်လာနိုင်မှုတို့ကို စိုးရိမ်မှုတို့ကြောင့် ゞင်းတို့၏ နိုင်ငံသားတိုက်ခိုက်ရေးသမားများအား ပြန်လည်ခေါ်ယူရန် တွန့်ဆုတ်နေခဲ့ကြသည်။

 သို့သော် ゞင်းတို့၏ နိုင်ငံသားများအတွက် တာဝန်ရှိမှုအား ရှောင်လွှဲခြင်းဖြင့် ချမ်းသာသောနိုင်ငံများသည် အကြမ်းဖက်မှုသစ်များ ကြုံရနိုင်သည့်အန္တရာယ်ရှိနေကြောင်း


IS ဂျီဟတ်အဖွဲ့အား နှိမ်နင်းသည့် အပြည်ပြည်ဆိုင်ရာညွန့်ပေါင်း၏ အမေရိကန်ဆိုင်ရာ သံအမတ်နှင့် ဆီးရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဂျိမ်းစ်ဂျက်ဖရေးက ပြောကြားခဲ့သည်။

တစ်ဦးချင်းဝင်ငွေတွင် အမေရိကန်နည်းတူ ရရှိနေသောနိုင်ငံများအား ရည်ညွှန်းပြောကြားခြင်းဖြစ်ကြောင်း၊ ထိုဝန်ထုပ်ဝန်ပိုးအား စစ်ပွဲဇုန်တွင် ရောက်ရှိနေပြီး ဗဟိုအစိုးရနှင့် ချိတ်ဆက်မှုမရှိသော သီးသန့်ဖြစ်နေသည့် ဒေသဆိုင်ရာ တာဝန်ရှိသူများအား ပုံချနေကြကြောင်း ဘရပ်ဆဲလ်တွင် ထိုညွန့်ပေါင်းအဖွဲ့၏ ဆွေးနွေးပွဲတစ်ခု၌ ゞင်းက ပြောကြားခဲ့သည်။ ယင်းသည် ဆိုးရွားသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ အများစုသည် အန္တရာယ်ရှိသော ထိုတိုက်ခိုက်ရေးသမားများကသာ ဖောက်ထွက်လာပါက ゞင်းတို့သည် လူသတ်လိမ့်မည်ဖြစ်ကြောင်း ဂျက်ဖရေးက သတိပေးခဲ့သည်။

ပြည်တွင်း၌ ထွက်ပေါ်လာသော အစွန်းရောက်များ၏ တိုက်ခိုက်မှုများစွာ ကြုံတွေ့ခဲ့ရပြီး နေရပ်ပြန် ဂျီဟတ်များအား လက်ခံရန် စိတ်ဝင်စားမှုနည်းပါးသည့် ပြင်သစ်နှင့် ဗြိတိန်တို့ကဲ့သို့ အနောက်တိုင်းနိုင်ငံများတွင် ယင်းတိုက်ခိုက်ရေးသမားများအား လွှဲပြောင်းယူမှုကိစ္စသည် အလွန်အမင်းအကဲဆတ်နေခဲ့သည်။ ဗြိတိန်သည် IS ဂျီဟတ်တိုက်ခိုက်ရေးသမားအချို့နှင့် ゞင်းတို့အား ထောက်ခံနေသူများကို နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းသည်အထိ လုပ်ဆောင်ခဲ့သည်။

သို့သော် ထိုဂျီဟတ်တိုက်ခိုက်ရေးသမားများအား တရားခွင်တင်ရန်အတွက် နေရပ်သို့ ပြန်လွှဲပြောင်းယူသင့်ကြောင်း အမေရိကန်က အခိုင်အမာပြောကြားခဲ့သည်။ ထိုတိုက်ခိုက်ရေးသမားများအား ထိန်းသိမ်းရန်အတွက် ကုန်ကျစရိတ်များကြောင့် ဆန့်ကျင်မှုများအပြင် အီရတ် သို့မဟုတ် ဆီးရီးယားတို့တွင် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် ဥရောပတရားရုံးများတွင် အောင်မြင်စွာ ရုံးတင်စစ်ဆေးနိုင်ရန် ခက်ခဲနိုင်မှုကိုလည်း စိုးရိမ်မှုများ ရှိနေခဲ့သည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းတွင်ရှိနေသော IS ဂျီဟတ်အကြွင်းအကျန်များအား ချေမှုန်းရာတွင် မဟာမိတ်များက ကူညီပေးကြရန် အမေရိကန်ယာယီကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက လိုလားနေကြောင်း နေတိုးမဟာမိတ်အဖွဲ့ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲ၏ ဘေးဆွယ်တွေ့ဆုံမှု၌ ဂျက်ဖရေးက ပြောကြားခဲ့သည်။ ဆီးရီးယားရှိ အိုင်ဒလစ်အား အစိုးရ၏ထိုးစစ်ဆင်မှုများအတွင်း မည်သည့်ဓာတုလက်နက် အသုံးပြုမှုမဆို စစ်ရေးတုံ့ပြန်မှုနှင့် ကြုံရနိုင်ကြောင်း အမေရိကန်က ရုရှားအားသတိပေးထားသည်ဟု ဂျက်ဖရေးက ပြောကြားခဲ့သည်။

No comments:

Post a Comment