Saturday, June 29, 2019

ပုသိမ်ခရိုင်တရားရုံးတွင် အချုပ်တရားခံအား ဝင်ရောက်လုယက်မှု ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့ရှိ ပုသိမ်ခရိုင် တရားရုံးတွင် မူးယစ်ဆေးဝါးမှုဖြင့် စစ်ဆေးလျက်ရှိသော အချုပ်တရားခံအား ဇွန်၂၇ ရက် ညနေ ၅ နာရီခန့်တွင် ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ပုသိမ်ခရိုင်တရားရုံး ခရိုင်တရားသူကြီး ဒေါ်မြင့်ဝှါ၏ ရုံးတွင် အမှုအမှတ် ၁၀/၂၀၁၈၊ မူး/စိတ် ၁၉(က)ဖြင့် စစ်ဆေးလျက်ရှိသော အချုပ်တရားခံ ဦးမြင့်ဦး (၅၂ နှစ်)အား တရားရုံးထုတ်ပြီး အချုပ်ခန်းသို့ ပြန်လည်ခေါ် ဆောင်လာစဉ် ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



“ပုသိမ်ခရိုင်တရားရုံးမှာ မူးယစ်မှုနဲ့တရားခံကိုလုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဝင်တစ်ယောက်ကို လူတစ်ယောက်က ကျင်စက်နဲ့တို့ပြီး တရားခံက ထွက်ပြေးဖို့ ကြိုးစားတယ်။ ရဲက ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးရမိသူက ကိုဇော် လို့ခေါ်တယ်။ ဆက်စပ်ပြီး တရားခံလုဖို့အတွက် ရုံးပေါက်မှာစောင့်နေတဲ့ တရားခံ ကို မြင့်ဦးရဲ့ သားကြီးနဲ့ သားလတ်တို့ကိုဆိုင်ကယ် နဲ့ ကားနဲ့စောင့်နေလို့  တစ်ခါတည်းဖမ်းဆီးရမိပါတယ်”  ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောကြားသည်။ လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်ကို ကျင်စက်နှင့်တို့ခဲ့သူ ကိုဇော်(၄၇ နှစ်)မရမ်းကုန်းမြို့နယ် အောင်မင်္ဂ္လာဈေးလမ်းနေထိုင်သူအား Police တံဆိပ်ပါ အရှည်ခြောက်လက်မခွဲရှိ အနက်ရောင်ကျင်စက်နှစ်လုံးနှင့်အတူ  ဖမ်းဆီရမိခဲ့ပြီး ゞင်းနှင့်အတူ ပါလာကာ တရားရုံးအဝတွင် စောင့်နေသည့် တရားခံ၏သားကြီးဖြစ်သူ နေလှိုင်ထွန်း (၃၂ နှစ်)အား ဆိုင်ကယ်ဖြင့် လည်းကောင်း၊ ဆက်လက်စစ်မေးခဲ့ရာ တရားရုံးနှင့် ပေ ၅၀ ခန့် အကွာရှိ လမ်းဆုံတွင် တရားခံ၏ သားအလတ်ဖြစ်သူ ရာဇာ ဟိန်းထက်(၂၀ နှစ်)အား ကားဖြင့်စောင့်ဆိုင်းနေသည်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှဆက်လက် သိရသည်။

“လုံခြုံရေးနဲ့ပါလာတဲ့ ရဲကို ကျင်စက်နဲ့တို့တော့ လဲကျသွားရော၊ အဲဒီအချိန်မှာ ထွက်ပြေးဖို့လုပ်တာ ရဲတွေ ပြေးလုံးသတ်ပြီး ဖမ်းရတာ” ဟု ပုသိမ်ခရိုင်တရားရုံးတွင် ရောက်ရှိနေပြီး မျက်မြင်တွေ့ခဲ့သူ တစ်ဦးက ပြောကြားသည်။

အဆိုပါ တရားခံလုယူရန် ကြိုးပမ်းမှုတွင် တရားခံဦးမြင့်ဦး အပါအဝင် ကိုဇော်၊ နေလှိုင် ထွန်း၊ ရာဇာဟိန်းထက်တို့အား ပုသိမ်မြို့ မြို့မ ရဲစခန်းတွင် အမှုအမှတ် ၄၂၆ ရာဇသတ်ကြီး ပုဒ်မ ၃၀၇၊ ၃၃၃၊ ၂၂၅၊ ၁၄၄ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

No comments:

Post a Comment