Saturday, June 29, 2019

မြောက်ကိုရီးယားနိုင်ငံက ကိုယ်ပိုင်စမတ်ဖုန်းအသစ်တစ်မျိုး ထုတ်လုပ်

မြောက်ကိုရီးယားနိုင်ငံမှာ ကိုယ်ပိုင်စမတ်ဖုန်းအသစ်တစ်မျိုးကို ထုတ်ပြန်လိုက်တယ်လို့ စပွန်နစ်သတင်းမှာ ဖော်ပြထားပါတယ်။ Pyongyang 2425 လို့ အမည်ပေးထားတဲ့ အဲ့ဒီစမတ်ဖုန်းမှာ iPhone တစ်လုံးရဲ့ လုပ်ဆောင်ပုံတွေအားလုံး ပါဝင်နေတယ်လို့ဆိုပါတယ်။ အသုံးပြုသူရဲ့ မျက်နှာကို အသိအမှတ်ပြုတဲ့ စနစ်၊ ကြိုးမဲ့ အားသွင်းတာတွေနဲ့ processor (၈)လုံး ပါဝင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲ့ဒီစမတ်ဖုန်းဟာ မြောက်ကိုရီးယား အစိုးရက အသိအမှတ်ပြုထားတဲ့ နိုင်ငံပိုင် ဆက်သွယ်ရေးကွန်ရက်ဖြစ်တဲ့ Mirae ဆိုတဲ့ ၀ိုင်ဖိုင်နဲ့သာ ချိတ်ဆက် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီဖုန်းဟာ ပြည်ပနိုင်ငံတွေက ၀ိုင်ဖိုင် ဒါမှမဟုတ် အင်တာနက်ကွန်ရက်နဲ့ ချိတ်ဆက်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီစမတ်ဖုန်းတွေဟာ တရုတ်နိုင်ငံမှာ ထုတ်လုပ်ပုံရတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ အဲ့ဒီနောက် မြောက်ကိုရီးယားနိုင်ငံကို တင်ပို့ပြီး မြောက်ကိုရီးယားနိုင်ငံထဲမှာ အချောသတ် ပြန်လည်တပ်ဆင်တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြ ပါတယ်။

No comments:

Post a Comment