Saturday, June 29, 2019

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။ေ ဒ်ါအောင်ဆန်းစုကြည် သည် ယမန်နေ့က ဓနုဖြူမြို့၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ စဉ် အမှာစကားပြောကြားရာတွင် ပုံမှန်အသံအတိုင်းမဟုတ်ဘဲ သိ သာစွာအသံပျက်နေ၍ ၎င်း၏ ကျန်းမာရေးအခြေအနေကို7Day Daily သတင်းထောက်ကမေးမြန်း ရာ ယင်းသို့ဖြေကြားသည်။



‘‘နည်းနည်းအသံနာနေတာ၊ လည်ချောင်းနာနေတာ။ ကျန်တာ က ကောင်းပါတယ်။ မနေ့က မကွေးသွားပြီးတော့ အပူနည်း နည်းလျှပ်တာပေါ့။ အဲဒါပါပဲ’’ ဟု ယမန်နေ့(ဇွန်လ ၂၈ ရက်)ဒေါ် အောင်ဆန်းစုကြည်ခရီးစဉ်တွင် လိုက်ပါလာသူ ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဇွန်လ ၂၇ ရက်တွင် နေပြည်တော်မှ မကွေးတိုင်းဒေ သကြီး မင်းဘူးနေရောင်ခြည်စွမ်း အင်သုံးဓာတ်အားပေးစက်ရုံဖွင့်ပွဲ နှင့်ပွင့်ဖြူမြို့နယ် ရေပုတ်ကြီး ကျေးရွာသို့ သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်အပြီး ဇွန်လ ၂၈ ရက်နံနက်တွင် နေပြည်တော် မှ ရန်ကုန်မြို့သို့လာရောက်ပြီး ရဟတ်ယာဉ်ဖြင့် ဓနုဖြူသို့ခရီး ဆက်ခြင်းဖြစ်သည်။ ဓနုဖြူမြို့၌ ဒေသခံတောင်သူလယ်သမား များနှင့်တွေ့ဆုံစဉ် မိန့်ခွန်းပြော ကြားရာတွင် ဒေါ်အောင်ဆန်းစု ကြည်၏ အသံပုံမှန်မဖြစ်သည်ကို ပြည်သူများက သတိထားမိခဲ့ သည်။

‘‘စကားပြောတဲ့အချိန် နှာသံ တွေ တော်တော်ပါနေတယ်။ အားထည့်ပြောနေရတယ်။ အသံ တွေလည်း ပျက်နေတဲ့သဘောရှိ တယ်’’ ဟု ဓနုဖြူမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးတင် လှက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အသံအနည်းငယ်ပျက်နေသော် လည်း ယမန်နေ့တောင်သူများနှင့် တွေ့ဆုံပွဲတွင် ယခင်လူထုတွေ့ ဆုံပွဲများကဲ့သို့ တက်ရောက်လာ သူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခြင်း၊ ဆွေးနွေး ခြင်းများပြုလုပ်ပြီး ဓနုဖြူမြို့ထဲ တွင်လည်း ပြည်သူများကိုကား ပေါ်မှ ရယ်မောကာလက်ပြနှုတ် ဆက်ခဲ့သည်ကို တွေ့ရသည်။

No comments:

Post a Comment