Saturday, June 29, 2019

(၆၅)နှစ်မြောက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲကျင်းပ

Image may contain: 21 people, people smiling, people standing(၆၅)နှစ်မြောက် ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ဇွန်လ ၂၈ရက်နေ့ ည ၇ နာရီတွင် ရန်ကုန် မြို့ရှိ PARKROYAL Hotel ၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက် ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် စစ်သံမှူးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။


ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ တပ်မတော် အရာရှိကြီးများနှင့် ဧည့်သည်တော်များအား မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA ၊ စစ်သံမှူး Colonel. TAKASHI KOMATSU နှင့် ၎င်းတို့၏ ဇနီးတို့က ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်သီချင်းနှင့် ဂျပန်နိုင်ငံ တော်သီချင်း တို့ဖြင့် နှစ်နိုင်ငံအလံအား အလေးပြု၍ အခမ်းအနားကို စတင် ဖွင့်လှစ်သည်။ ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် စစ်သံမှူးတို့သည် အခမ်းအနား တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် အခမ်းအနား တက်ရောက်သူများအား သံအမတ်ကြီးနှင့် စစ်သံမှူးတို့က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment