Saturday, June 29, 2019

ဂိုး ဘောလုံးလေး ပိုက်ထဲဝင်သွားရင် ‘ဂိုး’လို့ အသံကုန် အော်ဟစ်ဖူး လား။

အခုခေတ်မှာ ကျား၊ မ မခွဲ တော့ဘဲ လူတိုင်းက ဘောလုံး ကစားတာကို ကြည့်ရတာ စိတ် ပါဝင်စားနေပါပြီ။ အထူးသဖြင့် ကမ္ဘာ့ဖလားရာသီမှာ World Cup Fifa (ကမ္ဘာ့ဖလားရောဂါ)စွဲကပ်လို့ အိပ်ရေးပျက်ခံရင်း ကြည့်ဖြစ် ကြမယ်ထင်ပါတယ်။ တစ်ဖက်အသင်းရဲ့ ပိုက်ထဲ ကို ဘောလုံးဝင်သွားတာဖြစ်ဖြစ်၊ ကိုယ်အားပေးတဲ့အသင်း ကာ ကွယ်ရာ ပိုက်ထဲဝင်သွားတာဖြစ် ဖြစ် ‘ဂိုး’လို့ အော်မိတာပါပဲ။ ဒါပေမဲ့ ပျော်ရွှင်ဝမ်းသာစွာ နဲ့ အော်တဲ့အသံရယ်၊ စိတ် မကောင်းစွာနဲ့ အော်မိတဲ့ အသံ ရယ်တော့ ကွာခြားတာပေါ့။



ဘောလုံးလေးကိုတော့ စိတ် မကုန်နိုင်၊ မမုန်းတီးရက်ဘဲ နောက်တစ်ချီမှာ သူ့အသင်းပိုက်ကွန်ထဲ လှလှပပ ဝင်သွားမယ့်အချိန်ကို မျှော်လင့်လို့ အားပေးမိတာပဲ။

ဒီနေရာမှာ ဂိုးတယ်လို့ အော်ကြတဲ့ ပန်းတိုင်အကြောင်းလေး ဆွေးနွေးကြစို့ရယ်။

သူ့ဘက် ကိုယ့်ဘက် ဘယ် ပိုက်ကွန်ထဲ ဘောလုံးရောက် ရောက် နောက်ဆုံးပန်းတိုင် ဂိုး သွင်းနိုင်ဖို့ရာ အဆင့်များစွာ ကျော်ဖြတ်ရပါတယ်။

ကွင်းလယ်ကနေ လူစပေး ပေးချင်း တစ်ဖက်ဂိုးတိုင်ထဲကို ဘောလုံးရောက်သွားတာမျိုးက တော့ ဖြစ်ခေါင့်ဖြစ်ခဲမို့ အဆင့် ဆင့် ဖြတ်ကျော်ရတဲ့ ဖြစ်စဉ်က ကစားချိန်အတွင်းမှာ အမြဲရှိနေပါ တယ်။

စကစားပြီဆိုကတည်းက မျှမျှတတ ကစားပါမယ်ဆိုတဲ့ Fair Play ဆိုပြီး စည်းကမ်းတွေ လိုက်နာရတယ်။ တစ်ကြိမ်ချိုး ဖောက်မိရင် အဝါကတ်နဲ့ သတိ ပေးခံရမယ်။ နှစ်ကြိမ်ဆိုရင် နီပြီး နောက်တစ်ပွဲ ပယ်ခံရမယ်။ ပွဲတစ်ပွဲအတွင်းမှာတင် နှစ်ကြိမ်ချိုး ဖောက်မိရင်တော့ တိုက်ရိုက်အနီ ကတ်နဲ့ ကစားကွင်းက ပယ်ခံရ မယ်။ ဒီစည်းကမ်းကို အားကစား သမားတိုင်း မဖြစ်မနေလိုက်နာရ မယ်။

ကိုယ့်အသင်းကို ကစား ကွက်ချရာမှာ ဂိုးသမားတစ် ယောက်ပြီးရင် လူ ၁၁ ယောက် ပြည့်အောင် နောက်တန်းလေး ယောက်၊ အလယ်တန်း လေး ယောက်၊ ရှေ့တန်းနှစ်ယောက်နဲ့ ဖိုးဖိုးတူး ကစားကွက်နဲ့ နေရာချ ချင်ချ၊ ကိုယ့်ဘာသာ စိတ်ကြိုက် စီစဉ်ပါ။

ကန်တင်ပြေးစနစ်ပဲသုံးသုံး၊ အထောင်ရှေ့တန်းတစ်ယောက် ကိုပဲ အားပြုပြီး ခံစစ်ဆော့ဆော့ Total Football ခေါ် အားလုံးတစ် ချက်ထိ ပြန်ပေးနည်းနဲ့သုံးသုံး နောက်ဆုံးပန်းတိုင်က ဘောလုံး လေး သူများဂိုးပေါက်ထဲ ဝင်သွား ဖို့ပဲ မဟုတ်လား။

တချို့ကတော့ ဂိုးပေါက် ပျောက်နေပြီး ကွင်းလယ်မှာ အလှအပနဲ့ ခွေးရူးဆော့ပြီး ဘောလုံး ပိုင်ဆိုင်မှုကို ထိန်းထားတယ်။ အ ခွင့်အရေးရမှ ထိုးဖောက်မယ်၊ မရရင် သရေဆော့မယ်တဲ့။

ကဲ... ဒီစာဖတ်နေသူ လူကြီး မင်းက ဘယ်ကစားကွက်ကို ပို ကြိုက်လဲ။ နောက်တန်းလုံလုံနဲ့ ဂိုးမပေးရရေးလား။ ဖွင့်ဆော့ပြီးသူသွင်းချင်လည်း လာသွင်း၊ ကိုယ်ကတော့ ဂိုးများများရရေး စွန့်စား ချင်တာလား။

ပထမပိုင်း ကစားချိန်မှာ သတိကြီးကြီးထားလို့ အတိုပေး ပြီး တစ်ဖက်ခြေ သိရတော့မှ သူ့ အားနည်းချက် အဟကို နှိုက်ပြီး ဂိုးသွင်းဖို့ရာ နောက်ပိုင်းအချိန် တွေအတွက် အားချန်ထားမှာ လား။

ဒါမှမဟုတ် တိုက်စစ်ဖွင့်ရင်း အခွင့်အရေးရတာနဲ့ အပိုင်ကန် သွင်းချက်တွေနဲ့ ဂိုးယူပြီး ကစား သမားတွေ အားကုန်ချိန်မှာ လူ စားလဲကာ ဝှက်ဖဲသမားက မွှေ နှောက်လို့ ဂိုးဖန်တီးချင်တာလား။

ဘယ်လို နည်းလမ်းသုံးသုံး သေချာတာက ကိုယ့်ဂိုးပေါက် ပျောက်မနေဖို့ပဲ။ သူများက တစ် လုံးကန်သွင်းသွားလည်း ပွဲချိန် မိနစ် ၉၀ အတွင်းမှာ ဂိုးပြန်ရရေး ရုန်းထနိုင်ဖို့ လိုတယ်လေ။ နိုင်ပွဲရ ဖို့ အားစိုက်ရင်း ပွဲချိန်ကုန်ခါနီးရင် လက်ရှိအဖြေပေါ် မူတည်ပြီး အ ချိန်ဆွဲမလား၊ သရေဆော့မလား၊ အနိုင်ထိန်းကန်မလား၊ ဖွင့်ဆော့ မလား သေချာစဉ်းစားခွင့်က မန် နေဂျာလက်ထဲမှာ ရှိနေတယ်။

ကိုယ်ရောစိတ်ပါ ဟာမိုနီကျ ဖို့လိုသလို ကိုယ့်အသင်းဖော်အ ချင်းချင်း ညီညွတ်စွာ အပေးအယူ မျှတလို့ အချိတ်အဆက်မိရင် တစ်ဖက်အသင်းက ရှိန်လာမှာပါ။

ပွဲပြီး ခရာတွတ်သံ ညံစီချိန် မှာ အဖြေကို ငြင်းခွင့်မရှိ၊ ဒိုင်ကို စောဒက တက်ခွင့်မရ၊ ဒီအဖြေက နောက်နှစ်ပေါင်းများစွာ သမိုင်း ဝင်ပြီး မှတ်တမ်းတစ်ခု အရာ မြောက်လို့ လူတိုင်းပါးစပ်ဖျား ခဏခဏ ထုတ်ပြောနေကြဦးမှာ ပါ။

ကျွန်တော်တို့ ကစားပွဲကို ဘယ်လို ပြင်ဆင်ခဲ့တယ်။ ကစား သမားတွေ စိတ်ဝမ်းမကွဲဘဲ ညီ ညွတ်နေတယ်။ ကျန်းမာရေး ကောင်းကောင်း စိတ်ဓာတ်အသာ စီးနဲ့ ပွဲအပေါ် အာရုံစိုက်ခဲ့တယ်။ ဒီရလဒ်ရအောင် လွန်ခဲ့တဲ့နှစ်တွေ ကတည်းက ကြိုးစားအားထုတ်ခဲ့ တယ်ဆိုတဲ့ အဖြေပါ။

ပြိုင်ပွဲက ကမ္ဘာ့ဖလားနော်။ အပျော်တမ်း အားအားယားယား ကန်နေတဲ့ပွဲ မဟုတ်ဘူး၊ သိလား။ ဒါနဲ့ ပြောရဦးမယ်။ ကွင်းထဲ မှာ ကိုယ့်အသင်းဘက်က ကစား နေသူတွေက ၁၁ ယောက်တည်း လို့ပဲ မဆိုနဲ့နော်။ ခင်ဗျားတို့၊ ကျွန် တော်တို့တွေကိုယ်တိုင် ကစား သမားစစ်စစ်တွေပါ။ ပွဲကြည့်သူ သက်သက် ဘယ်သူမှ မပါဘူး။ ကိုယ့်ပန်းတိုင်ဆီ တရစပ် မနား တမ်း အားသွန်ခွန်စိုက်ပြေးရင်း ဂိုးပေါက်ထဲကို တဒိုင်းဒိုင်းနဲ့ ကန် သွင်းနေတာ နေ့စဉ်ပဲလေ။ ပိုက် တွေ ပေါက်ပြဲသွားပါစေ၊ ဂိုးတိုင် တွေ ယိုင်နဲ့သွားပါစေ၊ ဘောလုံး တွေ ပေါက်ထွက်သွားပါစေ။ နောက်ဆုံး ပန်းတိုင်မပျောက်ဘဲ နှစ်စဉ်၊ လစဉ်၊ နေ့စဉ် နာရီမိနစ် စက္ကန့်မလပ် ကန်သွင်းနေဖို့ပဲ လို ပါတယ်။

No comments:

Post a Comment