Saturday, June 29, 2019

ပီနံအိတ်တွေ ကျန်ကျောင်းအိတ်တွေနဲ့ ထိုင်သိမ်းနေ

Image may contain: one or more people, basketball court and outdoorImage may contain: one or more people, people standing and outdoorကိုယ်ကမန်းလေးကျုံး foodbox မှာအမြဲလှူတဲ့အလှူရှင်ပါ .... ဒါပေမယ့် အာ့တာတွေရှိနေသမျှ နောက်ထက်ဘယ်တော့မှ မလှူတော့ပါဘူး ... အာ့နေ့က စိတ်တွေတို ဒေါသတွေထွက် အကုသိုလ်တွေများပီး ပြန်လာခဲ့ရပါတယ်.. ဘာလို့လဲဆိုတော့ ရေသန့်ဗူးရောင်းတာကိုဗန်းပြပီး ပုံထဲကလူတွေနဲ့ ကလေးတွေက လာလှူသမျှမုန့်တွေကို တယောက်ကို ၅ထုပ်စီလောက်လာလာယူပီး သူတို့ဖေမေတွေနားက ပီနံအိတ်တွေထဲကို သွားသွားပီးထည့်ပါတယ် .... ၆ယောက်လောက်က လာပြေးယူလိုက် သူတို့အိတ်တွေထဲကို သွားထည့်လိုက်နဲ့ တော်တော်ကိုစိတ်ပျက်စရာပါ ....
ကိုယ်ဝယ်လာတဲ့ ပေါင်မုန့်အထုပ်၅၀လဲ တခြားဘယ်သူမှမရလိုက်ပါဘူး .... သူတို့ပီနံအိတ်ထဲပဲပါသွားပါတယ် အာ့လိုကြီးတနေကုန် ၇ရက်သားသမီး စားရအောင် လာလှူသမျှမုန့်တွေကို အောက်တန်းကျတဲ့စိတ်နဲ့ ပီနံအိတ်တွေ ကျန်ကျောင်းအိတ်တွေနဲ့ ထိုင်သိမ်းနေတာတော့ မကောင်းပါဘူးနော် .... foodbox ကိုစတည်ထောင်တဲ့ ကိုဝမ်းတူး အကိုရေ ဒီလိုလာထားသမျှအကုန် ထိုင်သိမ်းနေတာကို ဘယ်လိုလုပ်မလဲစဉ်းစားပါဦးအကိုရေ ... ညီမတော့တော်တော်စိတ်ပျက်သွားပီ ...သူတို့စီးပွားဖြစ်ဖို့အတွက်တော့ အာ့မှာမုန့်မထားတော့ပဲ လမ်းကမရှိတဲ့သူလေးတွေ အမှိုက်ပုံနားကကလေးတွေပဲ ကားနဲ့မုန့်လိုက်ပေးလိုက်တော့တယ်

No comments:

Post a Comment