Saturday, June 29, 2019

အမုန်းများရပ်

ကလေးငယ်နှစ်ဦးမှာ နီကွန် ကင်မရာ မျက်နှာပြင်ထက်မှ သူတို့ရုပ်ပုံကို မြင်သည့်အခါ ပျော်ရွှင်မြူထူးစွာ အော်ဟစ်ရင်း ခုန်ပေါက်လိုက်သည်။  အခြားသော အရွယ်စုံ ကလေးများလည်း ဓာတ်ပုံအရိုက် ခံလိုသဖြင့် ကင်မရာကိုင်ထား သည့် အမျိုးသားအနီး ၀ိုင်းအုံလာ သည်။ သို့သော် ‘‘ဓာတ်ပုံရိုက်မ လား၊ လာလာ ရိုက်ပေးမယ်’’ဟု ယင်းအမျိုးသားထံမှ ကြားလိုက် ရသည့် ဗမာစကားတစ်ခွန်း ကြောင့် ကလေးများ မျက်စိမျက် နှာပျက်ကာ ရှောင်ဖည်သွားကြ သည်။ ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်း တစ်ခုတွင် လာရောက်သတင်းယူ သည့် သတင်းထောက်တစ်ဦး ကြုံ တွေ့ခဲ့သည့်ဖြစ်ရပ်ဖြစ်သည်။



 ဗမာစကား ကြားလျှင် ကြောက်ရွံ့မှု၊ မယုံကြည်မှုများကိုရခိုင်စစ်ဘေးဒုက္ခသည် ကလေး များ ခံစားနေရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသည့် တပ်မတော်နှင့် AA  တိုက်ပွဲများ၏ အကျိုးဆက်တစ်ခုဟု လည်း ဆိုနိုင်သည်။

ရခိုင်တိုက်ပွဲများ ကာလရှည် ကြာလာသည်နှင့်အမျှ လူမျိုးရေး မုန်းတီးမှုများ ကြီးထွားလာမည်ကို စိုးရိမ်မှုများလည်း ရှိနေပါသည်။

‘‘မြို့ပေါ်တွေမှာ သိပ်မသိ သာဘူး။ တောတွေမှာဆို အခြေ အနေ တော်တော်ဆိုးတယ်’’ဟု စစ်ဘေးဒုက္ခသည်များကို ကူညီ စောင့်ရှောက်နေသော စစ်တွေ မြို့မှ ဦးသန်းထွန်းကပြောသည်။

ဗမာဆိုပါက မယုံကြည်ဟု ပြောသည့် ဒေသခံများတွင် စစ် ဘေးဒုက္ခသည်အချို့ ပါဝင်ပြီး သူတို့တွင် ခိုင်မာသည့် အကြောင်း ပြချက်ရှိနေပါသည်။ တိုက်ပွဲများ အတွင်း မိသားစုဝင်များ ထိခိုက် သေဆုံးခဲ့ခြင်း၊ အိုးပစ်အိမ်ပစ် နေ ရပ်ဒေသများကို စွန့်ခွာထွက်ပြေး ရခြင်းတို့ပင်ဖြစ်သည်။

တိုက်ပွဲများနှင့် ဆက်စပ်၍ ထိခိုက်ဒဏ်ရာရရှိသူ အချို့သည် မည်သည့်ဘက်က ပစ်ခတ်သည် ကိုမသိ။ သို့သော် အစိုးရဘက်ကို ပို၍အပြစ်မြင်သည်ဟုဆိုသည်။

‘‘အမှန်ပြောတာ၊ လက်တစ် ချောင်းပိုင်း(ဖြတ်)တဲ့အတွက် က လဲ့စားချေချင်တဲ့ စိတ်ဆန္ဒအမြဲရှိ တယ်’’ဟု စစ်ဘေးဒုက္ခသည်ဒေါ်မ၀ိုင်းကြည်က နာနာကြည်း ကြည်းဖွင့်ဟသည်။ သူ၏မျက်လုံးတွင် မျက်ရည်တို့ ဝေ့၀ဲနေသည်။

 သူသည် မင်းပြားမြို့နယ် စပါးထားကျေးရွာ ဘုန်းကြီး ကျောင်းသို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ဒဏ်ရာရရှိ သူများအနက်တစ်ဦးဖြစ်ပြီး လက် မောင်းတစ်ဖက် ဆုံးရှုံးခဲ့သူဖြစ် သည်။ ထိုအဖြစ်ဆိုးတွင် သူ၏ မိသားစုဝင်နှစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။

 ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ဆက်စပ်၍ ညီမတစ်ဦး သေဆုံးခဲ့ သည့် မင်းဖူးကျေးရွာဒေသခံ မဦး လှနုကလည်း ၎င်း၏ခံစားချက်ကို ယခုကဲ့သို့ ရင်ဖွင့်သည်။

‘‘ကျွန်မညီမလေးလို အဖြစ် မျိုးနဲ့ မကြုံပါစေနဲ့လို့ ပြောချင် ပါတယ်။ ညီမတစ်ယောက် သေ တာက သူတို့အချင်းချင်းပစ်လို့ သေသွားတာပါ။ ရန်သူနဲ့ပစ်တာ မဟုတ်ပါ။ အစိုးရဘက်ကို မကျေ နပ်ဘူး။ ကျွန်မညီမလေး မသေ သင့်ဘဲ သေသွားခဲ့ရတယ်။ ကျွန် မမှာ ညီအစ်မနှစ်ယောက်ပဲ ရှိ တယ်’’ဟု မဦးလှနုက ဖွင့်ဟ သည်။

ဒေသခံတိုင်းရင်းသားအချို့ ဗမာမုန်းတီးရေးစိတ်များ ဖြစ်ပွား မှုမှာ လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ ကြောင့်သာမကပဲ နှစ်ပေါင်း ၆၀ ကျော် အုပ်စိုးခဲ့သည့် အာဏာရှင် စနစ်နှင့်လည်း သက်ဆိုင်သည်ဟု သုံးသပ်မှတ်ချက်ပြုသူများလည်း ရှိသည်။

 ယခင်အာဏာရှင်အစိုးရ လက်ထက်တွင် အုပ်ချုပ်သူ လူ တန်းစားမှာ ဗမာလူမျိုး၊ ဗမာ စကားပြောသူများဖြစ်ပြီး ဖိနှိပ်မှု များ ပြုလုပ်ခဲ့သဖြင့် တိုင်းရင်း သားဒေသခံများမှာ ဗမာမုန်းတီး ရေးစိတ်ကို ကြောက်ရွံ့မှုနှင့်အတူ ဒွန်တွဲခံစားခဲ့ရသည်ဟု စစ်ဘေး ဒုက္ခသည်များကို ကူညီစောင့် ရှောက်နေသူများက သုံးသပ် သည်။


ရခိုင်ဒေသတိုက်ပွဲများနှင့်ဆက်စပ်၍ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် အမုန်းစကားများ ဖြန့်ဝေနေကြသည်။

‘‘ဥပမာတစ်ခု ပြောရရင် ကျွန်တော်တို့နယ်တွေမှာ ဥပမာ ကူးတို့(လှေ)ဆိပ်တစ်ခုမှာ ဆိုပါ တော့။ လှေတစ်စီးက မြစ်လယ်က ဖြတ်သွားနေတယ်။ ဟိုဘက်ကမ်း ကို ဖြတ်သွားချင်တယ်ဆိုရင် ကူး တို့သည်ကို ရခိုင်လိုခေါ်ရင် ဂရု တောင် မစိုက်ဘူး။ ဗမာစကားနဲ့ ‘ဟေ့ကောင်...လာစမ်း’ ဆိုလို့ရှိ ရင် အဲဒီလှေဟာ ချက်ချင်းလှည့် လာတယ်။ ဘာလို့လဲဆိုတော့ ကြောက်လို့’’ဟု မင်းပြားပရဟိတ လူငယ်များကွန်ရက် အထွေထွေ တာဝန်ခံ ကိုနေမျိုးထွန်းက ဆို သည်။

ယင်းသို့အခံရှိနေသည့်စိတ် ခံစားချက်ကြောင့် လက်နက်ကိုင် ပဋိပက္ခများ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို မြင်တွေ့ခံစားလာ ရသည့်အခါ လူမျိုးရေးအမြင် တိမ်းစောင်းမှုများ ဖြစ်ပွားလာရ သည်ဟု သူကဆိုသည်။

 ‘‘ကြောက်လောက်အောင် ဖိနှိပ်ခံရတဲ့အတွက် သူဟာ ကြောက်ရွံ့၊ မုန်းတီး၊ စက်ဆုပ်၊ ရွံရှာတာတွေ ပါလာတယ်။ အဲဒီ လိုဟာတွေရှိတဲ့အတွက် ရင်ဘတ် ထဲမှာ မြုံနေတာရှိတယ်။ ဗမာ စကားပြောတဲ့လူတွေဟာ  ဒီလို ဆိုးတာပဲဆိုပြီးတော့။ သို့သော် သူတို့ရဲ့ ပညာအရည်အချင်း ၀မ်း စာမပြည့်ဝတဲ့အခါ ဗမာတွေဟာ တော်တော်ဆိုးတာပဲဆိုတဲ့ အသိ ၀င်သွားတယ်။ အဲဒါရဲ့ နောက် ဆက်တွဲ အဖြစ်အပျက်တွေဟာ တောက်လျှောက် မျိုးဆက်အ လိုက် ကြီးပြင်းလာတဲ့အခါမှာ ရင်ဘတ်ထဲမှာ ပွင့်လာတယ်’’ဟု ကိုနေမျိုးထွန်းက ဆက်ပြော သည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ကမူ AA အဖွဲ့ ပေါ်ပေါက်လာပြီး  ၂၀၁၅ နောက်ပိုင်းတွင်မှ လူမျိုး ရေးအမုန်းပွားမှုများ ဖြစ်ပွားလာ ရသည်ဟု တုံ့ပြန်သည်။

‘‘လူမျိုးရေးအမုန်းပွားမှုဖြစ် အောင်၊ ပွင့်ပွင့်လင်းလင်းပြော ရရင် ဗမာ-ရခိုင်ဆိုတဲ့ ခွဲခြားမှုကို  ဘယ်သူက စတင်ခဲ့တာလဲ။ သူတို့ ဟောပြောပွဲတွေ၊ ဒီ AA ကနေ စတင်ခဲ့တာ’’ဟု တပ်မတော်ပြော ခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။

AA အဖွဲ့ကို ၂၀၀၉ က KIO ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် အ ခြေပြုစတင်ဖွဲ့စည်းခဲ့သည်။ AA အဖွဲ့သည် တပ်မတော်နှင့် KIA၊ တပ်မတော်နှင့် ကိုးကန့်အဖွဲ့အ ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ တွင် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ၀င်ရောက်တိုက်ခိုက်ပေးဖူးသည်။ AA ဒုဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဦး ဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့မှာ ၂၀၁၄ က ကျောက်ဖြူမြို့ တွင် ပြုလုပ်ခဲ့သည့် ရခိုင်အမျိုး သားညီလာခံသို့ တက်ရောက်ခဲ့ ဖူးသည်။ လေ့လာသူများကမူ AA သည် ယင်းကာလကပင် ရခိုင်ဒေ သ ၀င်ရောက်ရန် လမ်းကြောင်း များ အစပျိုးခဲ့သည်ဟု သုံးသပ် သည်။

၂၀၁၅ တွင်မူ AA အဖွဲ့က ရခိုင်ပြည်နယ်အတွင်း ၀င်ရောက် အခြေချရန် ကြိုးပမ်းရာမှ တပ် မတော်နှင့် တိုက်ပွဲများစတင်ဖြစ် ပွားလာခဲ့သည်။ ၂၀၁၈ နှစ်ကုန် ပိုင်းတွင်တော့ တိုက်ပွဲများပြင်း ထန်စွာ ဆက်တိုက်ဖြစ်ပွားခဲ့ သည်။

 လတ်တလောတိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင် ရခြင်း အပါအ၀င် ဒေသခံများ ကြုံတွေ့ခံစားနေရမှုများနှင့် ပတ် သက်၍ AA က ယခုလို တုံ့ပြန် သည်။

‘‘ကျွန်တော်တို့ ရခိုင်ဒေသ ထဲမှာ စစ်ရှောင်ပြည်သူက လေး သောင်းနဲ့ တစ်ထောင်ကျော် လောက်ရှိတယ်။ အဲဒီလူတွေကို သွားပြီးတော့ မေးကြည့်လိုက်ပါ။ ခင်ဗျားတို့ ဘယ်သူ့ကို ကြောက် လို့ ပြေးလာသလဲဆိုတာ အဖြေ ထွက်လာလိမ့်မယ်’’ဟု AA ပြော ရေးဆိုခွင့်ရှိသူ ခိုင်သုခက ဆိုပါ သည်။

လက်ရှိ လက်နက်ကိုင်ပဋိ ပက္ခကြောင့် လူမျိုးရေးအထင်လွဲ မှားမှုများသည် ဗမာနှင့်ရခိုင်ကြား တွင်သာမက ရခိုင်နှင့် ချင်းတိုင်း ရင်းသား အချင်းချင်းကြားတွင် လည်း ဖြစ်ပွားနေသည်။

AA အဖွဲ့အနေဖြင့် ချင်း ပြည်နယ်တောင်ပိုင်း ပလက်ဝ ဒေသတွင် ၀င်ရောက်လှုပ်ရှားနေ မှုကြောင့် တပ်မတော်နှင့်တိုက်ပွဲ များဖြစ်ပွားပြီး ပြည်သူများ ထိ ခိုက်နစ်နာရသည်ဟု ဒေသခံအ ချို့က ပြောသည်။ ထို့ကြောင့်ပင်  ရခိုင်နှင့် ချင်းတိုင်းရင်းသားမျိုး နွယ်စုများကြား လူမျိုးရေးအမြင် လွဲမှားမှုများ ဖြစ်ပွားလာရသည် ဟုဆိုသည်။ ပလက်ဝဒေသမှာ ရခိုင်ပြည်နယ်နှင့် ထိစပ်နေပြီး ပထ၀ီအနေအထားအရ ချင်းပြည် နယ်ထက် ရခိုင်နှင့် ပိုနီးကပ်မှုရှိ သည်။

‘‘AA ဟာ ရခိုင်မှာအခြေစိုက် တာ အကောင်းဆုံးပဲ။ ကိုယ့်ရဲ့ အမျိုးသားရေးအတွက်။ အခု ပလက်ဝမှာ လာစိုက်တဲ့အခါကျ တော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရခိုင် အမျိုးသားရေး လုပ်တဲ့အခါမှာ ချင်းလူမျိုးကို ခုတုံးလုပ်သလိုဖြစ် နေတယ်။ တကယ်နစ်နာတာက တော့ ချင်းလူမျိုးတွေ အများကြီး နစ်နာတယ်ပေါ့’’ဟု ချင်းဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးငိုင် ဆော့်ခ်က မှတ်ချက်ပြုသည်။

ပလက်ဝမြို့နယ်တွင် တည် ဆောက်နေသော ကုလားတန်မြစ် ကူးတံတားစီမံကိန်း၌ အသုံးပြုမည့် ဆောက်လုပ်ရေးပစ္စည်းများသယ်ဆောင်နေသော ရေယာဉ်ကို ပြီးခဲ့သည့်မတ်လက AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ကုလားတန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသူများကိုလည်း ဖမ်းဆီးခဲ့သည်။ AA အဖွဲ့ လုပ်ဆောင်ခဲ့မှုကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ကြောင်း ချင်းအရပ်ဘက်အဖွဲ့အစည်းများက ထုတ်ပြန်ထား သည်။

‘‘ပလက်ဝအနေအထားကို လည်း ကြည့်လိုက်ရင် ချင်း၊ ခူမီ မျိုးနွယ်စုတွေက ရခိုင်တိုင်းရင်း သားတွေအပေါ်မှာ ဆက်ဆံရေး မပြေမလည်မှုဖြစ်တယ်။ယုံကြည် မှုတည်ဆောက်ရမယ့် အနေအ ထားဖြစ်တယ်’’ဟု ရခိုင်တိုင်းရင်း သားမျိုးနွယ်စုများ အစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က မှတ်ချက် ပြုသည်။

ရခိုင်တိုက်ပွဲများနှင့် ဆက် စပ်၍ လူမျိုးရေးအသွင် အမုန်း စကားပြောဆိုမှုသည် ပဋိပက္ခဖြစ် ပွားရာဒေသတွင်သာမက အခြား ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းများ သို့ပါ ကူးစက်မှုလည်းရှိသည်။

မေလ ၂၅ ရက်က ဗိုလ်ချုပ် အောင်ဆန်းဒိုင်း ရှုံးထွက်ပွဲစဉ်အ ဖြစ် ရန်ကုန်မြို့တွင် ရခိုင်အသင်း နှင့် ရှမ်းယူနိုက်တက်အသင်းယှဉ် ပြိုင်ကစားစဉ် ဖြစ်ပွားခဲ့သည့်ဖြစ် စဉ်သည် ဝေဖန်မှုများ ပွက်လော ရိုက်ခဲ့သည်။ မြ၀တီရုပ်မြင်သံ ကြားက တိုက်ရိုက်ပြသသည့် ယင်းပွဲစဉ်တွင် ရှမ်းအသင်းက ရခိုင်အသင်းဘက်သို့ အဖွင့်ဂိုး သွင်းယူစဉ် ဘောလုံးပွဲကြေညာ သူ၏ အသံမဟုတ်ဘဲ အခြားသူ တစ်ဦးက လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများဖြင့် ပြောဆိုခဲ့ ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြ၀တီရုပ်မြင်သံကြားက တောင်း ပန်ကြောင်း ထုတ်ပြန်ခဲ့ရပြီး တာ ၀န်ရှိသူကိုလည်း အရေးယူခဲ့ ကြောင်း တပ်မတော်က ရှင်းလင်း ခဲ့သည်။

ထို့အပြင် ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက် စာမျက်နှာတွင်လည်း ရခိုင်တိုက်ပွဲအပေါ် အမုန်းစကား ဖြန့်ဝေမှုများ ရှိနေသည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက တပ်မ တော်နှင့် AA တိုက်ပွဲများ ပြင်းထန်ပြီးနောက် လူမှုကွန်ရက်တွင် အမုန်းစကားပြောဆိုမှုများ မြင့် တက်လာနေသော်လည်း ဖေ့စ် ဘွတ်ခ်က အရေးယူဆောင်ရွက် မှုများ သေချာစွာပြုလုပ်သည်ကို မတွေ့ရကြောင်း ပြောသည်။ ‘‘ဖေ့စ်ဘွတ်ခ်က တခြားဘာသာ ရေးဆိုင်ရာ ကိစ္စတွေမှာတော့  အရေးယူဆောင်ရွက်မှုတွေ လုပ် တယ်။ အလောင်းပုံတင်တာတွေ  စသဖြင့်  လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်တဲ့ကိစ္စတွေကို လုပ် တယ်။ ဒါပေမဲ့ ရခိုင်-ဗမာ လူမျိုး ရေးကိစ္စမှာတော့ သူတို့လည်းသိပ်လုပ်နိုင်တာ မတွေ့ရဘူး။ အဲဒီတော့ ရခိုင်-မြန်မာကြားထဲမှာ အထူးသဖြင့် မီဒီယာတွေက တင် တဲ့ Post တွေအောက်မှာရေးတဲ့ Comment တွေမှာ၊ တော်တော် များများမှာ အမုန်းစကားပြောတဲ့ ဟာတွေပါတယ်ဆိုတာ တွေ့ရ တယ်။ ဒါတွေနဲ့ပတ်သက်ပြီး စစ် ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေက လည်း အထူးသဖြင့် စစ်မြေပြင်မှာ  နေတဲ့ ပြည်သူလူထုကြားထဲမှာ အများကြီး ရိုက်ခတ်မှုရှိတယ်။ အဲဒီ ရိုက်ခတ်မှုကနေတစ်ဆင့် ဗမာမုန်းတီးရေးဆိုတဲ့ ကိစ္စတွေ အများကြီးဖြစ်နေတာ’’ဟု ဒေါက် တာမင်းဇော်ဦးက သုံးသပ်သည်။  ထို့အပြင် ယင်းလူမျိုးရေးအမုန်း စကားမှာ အခြားလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ အခြားဒေသ  များထက် ရခိုင်ဒေသအခြေအနေ မှာ ပိုဆိုးသည်ဟုလည်း မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အစဉ်တ စိုက်လေ့လာနေသူ ဒေါက်တာ မင်းဇော်ဦးက မှတ်ချက်ပြုသည်။  ‘‘လက်နက်ကိုင်ပဋိပက္ခ အရှိန်မြှင့် လာပြီဆိုရင် သူ့ရဲ့နီးစပ်ရာလူမျိုး ရေး သတ်မှတ်ချက်တွေပေါ်ကနေ  ပြီးတော့ ငြင်းကြ၊ ခုန်ကြ၊ ပြော ကြ၊ ဆိုကြတာရှိပါတယ်။ ကချင် ဘက်တို့၊ ကရင်ဘက်တို့မှာ ဒါမျိုး တွေ မရှိခဲ့ဘူးလားဆိုတော့ ရှိခဲ့ပါ တယ်။ ဒါပေမဲ့ ရခိုင်ဘက်မှာက တော့ ပိုပြီးမြင့်တယ်လို့ ပြောလို့ရ ပါတယ်’’ဟု ၎င်းက ပြောကြား သည်။

တိုက်ပွဲဖြစ်ပွားနေသည့် မြို့ နယ် အပါအ၀င် ရခိုင်ပြည်နယ် ရှစ်မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဇွန်လ ၂၁ ရက် ညကစ၍ မိုဘိုင်းအင်တာ နက်များကို အစိုးရက ယာယီ ဖြတ်တောက်ခဲ့သည်။

 တိုင်းရင်းသားအချင်းချင်း ကြားဖြစ်ပွားသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် လူမျိုးရေး မုန်းတီးမှုများ ဖြစ်ပွားခဲ့သည်မှာ ရခိုင်ဒေသတစ်ခုတည်း မဟုတ် ပေ။ ၂၀၁၁ ကစ၍ တစ်ကျော့ ပြန်ဖြစ်ပွားခဲ့သည့် တပ်မတော် နှင့် KIA ကချင်ဒေသတိုက်ပွဲများ နှင့်ဆက်စပ်၍လည်း အမုန်းတ ရားများ၊ မယုံကြည်မှုများ ဖြစ်ပွား ခဲ့ဖူးသည်။ ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေချိန်၂၀၁၂ ခန့်က မြစ်ကြီးနားမြို့စစ်ဘေးဒုက္ခ သည်စခန်းများသို့ သွားရောက် သတင်းယူသည့် သတင်းထောက် တစ်ဦးသည် ဗမာလူမျိုးဖြစ်သဖြင့် ဒုက္ခသည်များက ဖြေကြားရန်ငြင်း ဆိုခဲ့ဖူးသည်။ ယင်းကချင်ဒေသ လက်နက်ကိုင်ပဋိပက္ခသည် ကိုး နှစ်ကျော်လာသော်လည်း မဖြေ ရှင်းနိုင်သေးပေ။ ပြီးခဲ့သည့်နှစ် ပိုင်းအတွင်း ရှမ်းလက်နက်ကိုင်အ ဖွဲ့(RCSS/SSA)နှင့် တအာင်းအ ဖွဲ့ (PSLF/TNLA)ကြား ဖြစ်ပွား သည့် လက်နက်ကိုင်ပဋိပက္ခများ ကြောင့်လည်း ရှမ်းနှင့်ပလောင် တိုင်းရင်းသားအချင်းချင်း အမုန်း တရားအချို့ ဖြစ်ပွားခဲ့ဖူးသည်။

 လက်ရှိဖြစ်ပွားနေသည့် ရခိုင်ဒေသတိုက်ပွဲများ ကြာရှည် နေပါက လူမျိုးရေးမုန်းတီးမှုများ တစ်စတစ်စ ကြီးထွားလာနိုင် သည်ဟု စောင့်ကြည့်လေ့လာသူ များက သုံးသပ်သည်။

‘‘လူမျိုးရေးတိုက်ခိုက်မှုတွေ၊ လူမျိုးရေးမုန်းတီးမှုတွေ ဖန်တီး နေတယ်လို့ တော်တော်များများ ကလည်း မြင်လာကြတာပေါ့ နော်။ တကယ်လို့ အဲဒီလိုအမှန် တကယ် ဖြစ်တယ်ဆိုလို့ရှိရင် တော့ ကျွန်တော်တို့အားလုံးမျှော် မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးဆိုတဲ့ဥစ္စာ နဲ့ လုံးဝဆန့်ကျင်သွားပြီ။ အဲဒီက နေတစ်ဆင့် ပြည်တွင်းငြိမ်းချမ်း ရေးကိုပါ ထိခိုက်လာနိုင်တယ်လို့ ကျွန်တော်တို့ မြင်တယ်’’ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်း လိတ်က သုံးသပ်သည်။

ခြောက်လခန့် ကြာမြင့်လာ သော်လည်း ရခိုင်ဒေသတိုက်ပွဲ များမစဲသေး။ ၂၀၁၉ ဇန်န၀ါရီ ၁ရက်မှ မေလနှောင်းပိုင်းအထိ တစ်ရက်လျှင်တစ်ကြိမ်မကသည့် နှုန်းဖြင့် တပ်မတော်နှင့် AA ကြား ထိတွေ့တိုက်ပွဲ ၂၀၆ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သမ္မတရုံးကဆိုသည်။

တစ်ဖက်တွင်လည်း အစိုးရ က AA အပါအ၀င် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့နှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်ရေးထိုးနိုင်ရန် ကြိုးပမ်း နေသည်။ သို့သော် AA အပါအ ၀င် အဖွဲ့အချို့နှင့်ပတ်သက်၍မူ စိန်ခေါ်မှုများရှိမည်ဟု အကဲခတ် များက သုံးသပ်သည်။

 AA ခေါင်းဆောင်များက ရခိုင်ပြည်နယ်တွင် ၎င်းတို့တပ်ဖွဲ့ များ ရှိရမည်ဟု စွဲကိုင်ထားပြီး တပ်မတော်ဘက်ကမူ AA က ရခိုင်ဒေသတွင် ခြေကုတ်ယူသည် ကို လက်မခံ။

စစ်ဘေးဒုက္ခသည်များအပါ အ၀င် ပြည်သူများ၊ လူမှုအဖွဲ့အ စည်းများကမူ ရခိုင်ဒေသတိုက်ပွဲ များကို စားပွဲဝိုင်းထက်တွင် ဆွေး နွေးအဖြေရှာစေလိုသည်။

 တိမ်ညိုစစ်ဘေးဒုက္ခသည် စခန်းတွင် ခိုလှုံနေသည့် အောက် သကန်ကျေးရွာသား ဦးလပြည့် အောင်က သူ၏ခံစားချက်ကိုယခုလိုဖွင့်ဟသည်။

 ‘‘ကျွန်တော်တို့က ပြောရ မယ်ဆိုရင်တော့ အေးအေးချမ်း ချမ်းပဲ ကိုယ့်အိမ်၊ ကိုယ့်ယာမှာ နေရဖို့ဟာတစ်ခုကိုပဲ ကျွန်တော် တို့လိုချင်တာပါ။ ကျွန်တော်တို့ မှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်တာ မှာ ဟိုလူကို မုန်းတယ်၊ ဒီလူကို မုန်းတယ်လို့ မပြောချင်ဘူး’’

ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသည့် လက်နက်ကိုင်ပဋိပက္ခ များသည် တိုင်းရင်းသားအားလုံး နှင့် သက်ဆိုင်သည့် တစ်နိုင်ငံလုံး အရေးဖြစ်ကြောင်း နိုင်ငံရေးအင် အားစုများက ပြောသည်။ ထို့ ကြောင့် လူမျိုးရေးမုန်းတီးမှုများ အပါအ၀င် ပြဿနာဆက်လက် မကြီးထွားစေရန် အားလုံးကြိုး ပမ်းသင့်သည်ဟု မှတ်ချက်ပြု သည်။ လူမျိုးရေးမုန်းတီးမှုများ မဖြစ်ပွားစေရန် အပြန်အလှန်ယုံ ကြည်မှုတည်ဆောက်ပြီး ပြဿ နာများကို နိုင်ငံရေးအရဆွေးနွေး အဖြေရှာရမည်ဟု ၎င်းတို့က အ ကြံပြုသည်။

‘‘လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုဆိုတာက အားလုံးအစွဲ မရှိရဘူးပေါ့။ ဘက်မလိုက်ရဘူး ပေါ့။ ညီမျှမှုရှိဖို့လိုတာပေါ့။ ဒါက နားလည်မှုတည်ဆောက်ရမှာ။ ဒါ မှပြေလည်နိုင်မှာ’’ဟု ကချင်ပြည် နယ်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက် တာမနာမ်တူးဂျာက မှတ်ချက်ပြု သည်။ ၎င်းသည် KIO ဒုဥက္ကဋ္ဌ ဟောင်းလည်းဖြစ်သည်။

ရခိုင်တိုက်ပွဲများသည်လူမျိုး ရေးအရ ဖြစ်ပွားနေသည်မဟုတ် ကြောင်းနှင့် ပြဿနာများ ပြေ လည်စေရန် ဒေသတွင်း လူမှုအ ဖွဲ့အစည်းများကြား ပူးပေါင်း ဆောင်ရွက်သလို သက်ဆိုင်ရာ အာဏာပိုင်များကပါ ၀ိုင်းဝန်း ဆောင်ရွက်သင့်သည်ဟု ရခိုင် တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးဥက္ကဋ္ဌ ဦးရွှေဘော်စိန် က အကြံပြုသည်။

‘‘ဒေသခံ လူမျိုးအနေနဲ့ လည်း အရင်ကလိုအတွေးအခေါ် မျိုးမဟုတ်ဘဲ တစ်ယောက်နဲ့တစ် ယောက်ရဲ့ အတိတ်ကို အတိတ် မှာထားပြီးတော့ လက်ရှိအနာ ဂတ်ကို ဘယ်လိုကြိုးစားရမလဲ ဆိုတာကို အတွေးအခေါ်သစ် တွေကို မွေးထုတ်ပေးဖို့အချိန်တန် ပြီလို့ ပြောချင်ပါတယ်’’ဟု ဦးရွှေ ဘော်စိန်က တိုက်တွန်းသည်။

တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ကမူ လူမျိုးရေးအမုန်းပွားမှုများ မဖြစ်ပွားစေရေး ဂရုစိုက်ကိုင် တွယ်ဆောင်ရွက်နေသည်ဟု ဆိုသည်။

‘‘ကျွန်တော်တို့သည် ရခိုင်နဲ့ AA နဲ့ကို ခွဲခြားမြင်ပါတယ်။ ဒီလို မြင်လို့လည်း သောင်းကျန်းသူ သည် သောင်းကျန်းသူပဲ၊ ဒေသခံ တိုင်းရင်းသားပြည်သူသည် ဒေသ ခံ တိုင်းရင်းသားပြည်သူလူထုပဲ ဖြစ်တယ်’’ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ ယမ်းငွေ့မကင်းစင်သေးသည့် ရခိုင်ပြည်နယ်တွင်တော့ စစ်ဘေးဒုက္ခသည်ဦးရေ တရိပ်ရိပ်တိုးမြင့်နေရာ ငါးသောင်းခန့် ရှိနေပြီဖြစ်သည်။

 လူမျိုးရေး ပြဿနာများ လျှော့ချရှောင်ရှားနိုင်ရေးနှင့်ပတ်သက်၍လည်း ဒေါက်တာမင်း ဇော်ဦးက ယခုလိုအကြံပြုသည်။  ‘‘ရခိုင်- မြန်မာ ကွန်မြူနတီကြား ထဲမှာ အထူးသဖြင့် လူငယ်တွေ ကြားထဲမှာ ဒိုင်ယာလော့လိုဟာ မျိုး ဆွေးနွေးပွဲတွေ လုပ်ဖို့လိုလိမ့် မယ်။ တစ်ယောက်ရဲ့ ခံစားချက် ကို တစ်ယောက် နားထောင်နိုင်ဖို့လိုလိမ့်မယ်။ ဒါတွေရှိမှပဲ နောက် ပိုင်းမှာ အမုန်းစကားပြောတဲ့ကိစ္စ တွေ၊ လူမျိုးရေးပဋိပက္ခဖြစ်နိုင် မယ့်ကိစ္စတွေကို ရှောင်ရှားနိုင် မယ်၊ လျှော့ချနိုင်မယ်ဆိုတဲ့ သ ဘောမျိုးဖြစ်ပါတယ်’’

ရခိုင်ဒေသ လက်နက်ကိုင် ပဋိပက္ခ အပါအ၀င် ပြဿနာများ ပြေလည်စေရန် အမြန်ဆောင် ရွက်ရမည့်နည်းလမ်းကို ဒေါက် တာတူးဂျာက အောက်ပါအတိုင်း မှတ်ချက်ပြုသည်။ ‘‘စစ်ရေးနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနဲ့ ဖြေရှင်းရမယ့်ဟာတွေ ချည်းပါပဲ’’

No comments:

Post a Comment