Saturday, June 29, 2019

ဥရောပတစ်ဝန်းတွင် အလုပ်အကိုင် ၁၂၀ဝ၀ ကို လျှော့ချမည်ဟု ဖို့ဒ်က ထုတ်ပြန်

ယခင်ကကြေညာခဲ့သည့် လုပ်ငန်း ပြန်လည်ဖွဲ့စည်းမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် ဥရောပတစ်ဝန်းမှ အလုပ်အကိုင်စုစုပေါင်း ၁၂၀ဝ၀ ကို လျှော့ချသွားရန်စီစဉ်ထားသည်ဟု ဇွန်၂၇ ရက်တွင် အမေရိကန် ကားထုတ်လုပ်ရေးကုမ္ပဏီ ဖို့ဒ်က ထုတ်ပြန်ခဲ့သည်။ ဥရောပ တစ်တိုက်လုံးတွင် အလုပ်လျှော့ချမည့် အရေအတွက်တွင် ထုတ်ပြန်ပြီးဖြစ်သော ဂျာမနီမှ ၅၄၀ဝ နှင့် ဝေးလ်မှ ၁ရဝဝတို့လည်း ပါဝင်ကြောင်း သိရသည်။

ဖို့ဒ်သည် ယခုနှစ်နှင့် လာမည့်နှစ်တို့တွင် ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ ဆလိုဗက်ကီးယားတို့တွင်ရှိသော စက်ရုံခြောက်ခုကို ပိတ်မည် သို့မဟုတ် ရောင်းချရန်စီစဉ်နေစဉ် ယခုကဲ့သို့ အလုပ်အကိုင်လျှော့ချမှုများ ပြုလုပ်ခြင်းဖြစ်သည်။ ဆန္ဒအလျောက် နှစ်ဦးနှစ်ဘက် လမ်းခွဲရေး ကနဦးအစီအစဉ်များမှတစ်ဆင့် အလုပ်အကိုင် လျှော့ချမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ဥရောပတစ်ဝန်းတွင် စက်ရုံ ၂၄ ခု လည်ပတ်နေပြီး ဝန်ထမ်း ၅၁၀ဝ၀ ဝန်းကျင်ခန့်ထားသော ဖို့ဒ်က ပြောကြားခဲ့သည်။

ဝေးလ်တွင် စက်ရုံပိတ်သွားမည့်အပြင် ရုရှားတွင်သုံးနေရာ၊ ဆလိုဗက်ကီးယားတွင် တစ်နေရာ၊ ပြင်သစ်တွင် တစ်နေရာ အသီးသီး ပိတ်သွားမည်ဟုဆိုသည်။ ကုမ္ပဏီ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကြောင့် အလုပ်လျှော့ချခြင်းကို ဖို့ဒ်က ပထမဦးဆုံးအကြိမ် ထုတ်ပြန်ခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။ ဒေါ်လာ ၁၁ ဘီလျံ သက်သာသွားစေရန်နှင့် ပိုမိုမြန်ဆန်သည့် ဆုံးဖြတ်ချက် ချမှတ်ရေး လုပ်ငန်းစဉ်များနှင့်အတူ ဖို့ဒ်ကို သွက်လက်ချက်ချာသော အုပ်စုအဖြစ် ပြောင်းလဲရန် ကြီးမားသော ပြုပြင်ပြောင်းလဲမှုများကို လွန်ခဲ့သော ဆောင်းဦးတွင် ဖို့ဒ်အမှုဆောင်ချုပ် ဂျင်ဟက်ကတ်က ထုတ်ပြန်ခဲ့သည်။ 

No comments:

Post a Comment