Saturday, June 29, 2019

ပုဂံရှိ ရှေးဟောင်းအဆောက်အအုံများနှင့် မလွတ်သည့် ဟိုတယ်စီမံကိန်း ပြန်ဖျက်ရန် ညွှန်ကြားထား

ပုဂံညောင်ဦးမြို့နယ်အ တွင်း တည်ဆောက်နေသည့် Ayar River View ဟိုတယ်စီမံကိန်းမှ ရှေးဟောင်းအဆောက်အအုံများ နှင့် မလွတ်သည့် အဆောက်အ အုံ အချို့ကို ဇွန်လ ၃၀ ရက် နောက်ဆုံးထား ဖျက်သိမ်းပေးရန် ညွှန်ကြားချက် ထုတ်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန တာဝန်ရှိ သူက ပြောသည်။ ‘‘ဒီလ ၃၀ ရက် နောက်ဆုံး ထားပြီးတော့ ဖျက်သိမ်းပေးဖို့ ညွှန်ကြားချက်ထုတ်ထားတာပါ။ ရှေးဟောင်း အဆောက်အအုံတွေနဲ့ မလွတ်တဲ့ နေရာတွေအကုန်လုံးကို ကွင်းဆင်းလေ့လာပြီး တော့ ဘယ်နေရာတွေ ဖျက်ရမယ်ဆိုတာကို အမှတ်အသားတွေ လည်း လုပ်ပေးခဲ့ပြီး ဖြစ်ပါတယ်’’ ဟု ရှေးဟောင်းသုတေသနနှင့် အ မျိုးသားပြတိုက် ဦးစီးဌာန ညွှန် ကြားရေးမှူး ဦးအောင်အောင် ကျော်က ပြောသည်။



Ayar River View ဟိုတယ် စီမံကိန်းသည် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက ထုတ်ပြန်ထားသည့် သတ်မှတ်ချက်အတိုင်း လိုက်နာခြင်းမ ရှိဘဲ ရှေးဟောင်းအဆောက်အအုံ များဖြင့် မလွတ်ကင်းသည့် နေရာ များတွင် တည်ဆောက်နေသဖြင့် အဆိုပါ နေရာများကို ပြန်လည်ဖျက်သိမ်းပေးရန် ညွှန်ကြားချက် ထုတ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

‘‘ဒီလကုန် သူ့တို့မဖြစ်မနေ ဖျက်ပေးဖို့ ပုဂံဒေသစီမံခန့်ခွဲရေး ကော်မတီကနေ ညွှန်ကြားချက် ထုတ်ထားတာပါ။ မဖျက်ဘူးဆို ရင်တော့ တရားစွဲပြီး အရေးယူဖို့ လုပ်ငန်းတွေဆက်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်’’ဟု ဦးအောင်အောင်ကျော်က ပြောသည်။

Ayar River View ဟိုတယ် လုပ်ငန်းက ၎င်းတို့၏ ဟိုတယ်စီ မံကိန်းနှင့် မလွတ်ကင်းသည့်နေ ရာများကို သတ်မှတ်ထားသည့် ရက်အတိုင်း ဖယ်ရှားပေးခြင်း မရှိ ပါက ၂၀၁၅ က ပြဋ္ဌာန်းသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေးဥပဒေဖြင့် တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ဖော်ပြသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ Ayar River View ဟိုတယ်သို့ 7Day Daily သတင်းစာက ဆက် သွယ်သော်လည်း မရပေ။

No comments:

Post a Comment