Monday, June 17, 2019

ရှမ်းပြည်နယ်တွင် ငမြှောင်တောင်ပိုးအန္တရာယ်ပိုများလာ၊ ထိန်းချုပ်နိုင်ရေး ဆေးဖျန်းတပ်ဖွဲ့ ဖွဲ့စည်း

ရှမ်းပြည်နယ်ရှိ ပြောင်း စိုက်ခင်းအချို့တွင် ဖျက်အားပြင်း ငမြှောင်တောင်ပိုးကျရောက်မှု ပို မိုဆိုးရွားလာပြီး ထိန်းချုပ်နိုင်ရန် စစ်ဆင်ရေးပုံစံဖြင့် တိုက်ဖျက် နေရသည်ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦး တင်ဦးကြိုင်ကပြောသည်။  ရှမ်းပြည်နယ် နောင်ချို၊  ရပ်စောက်နှင့် တောင်ကြီးမြို့နယ် ရှိ ပြောင်းစိုက်ခင်းဧက ၄၀ ခန့် တွင် ဇွန်လ ပထမပတ်ကစကာငမြှောင်တောင်ပိုးကျရောက်ခဲ့ပြီး  ယခုအခါ ပိုးကျသည့် ဧရိယာပိုမို ကျယ်ပြန့်လာသည်။ ဇွန်လ ၁၆ ရက်အခြေအနေအရ မြို့နယ်   ၁၅ ခုမှ ပြောင်းစိုက်ခင်းဧက ကိုး ထောင်ခန့်တွင် ငမြှောင်တောင်ပိုး အန္တရာယ် ကြုံတွေ့နေရသည်။  ၁၀ ရက်အတွင်း ဧကထောင်ချီ၍ ပမာဏ များသွားခြင်းဖြစ်သည် ဟု ဌာနစာရင်းများက ဆိုသည်။



‘‘ပုံမှန်လုပ်ရိုးလုပ်စဉ် အ တိုင်းမဟုတ်တော့ဘူး။ ထိန်းချုပ်  ဖို့တကယ့်ကို စစ်ဆင်ရေးလိုလုပ် နေတယ်။ ပျက်တာတော့မရှိသေး ပါဘူး’’ ဟု ဦးတင်ဦးကြိုင်ကပြော သည်။

ငမြှောင်တောင်ပိုး ကျ ရောက်မှု ထိန်းချုပ်နိုင်ရေးရှမ်း ပြည်နယ်အစိုးရအဖွဲ့ အစီအမံ ဖြင့် ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာန  ၀န်ထမ်း များပါဝင်သော ဆေးဖျန်းတပ်ဖွဲ့ ကို ဖွဲ့စည်းခဲ့သည်။  စိုက်ခင်း များအတွင်း ငမြှောင်တောင်ပိုး အများအပြား ကျရောက်ပါက ဆေးဖျန်းတပ်ဖွဲ့က သွားရောက် ရှင်းလင်းရန် စီစဉ်ထားသည်။

‘‘ဆိုးတယ်။ ဒီပိုးကတော် တော်ဆိုးတယ်။ နည်းလမ်းပေါင်း စုံနဲ့လုပ်နိုင်အောင်စီစဉ်ထားတာ ပါ’’ ဟု ရှမ်းပြည်နယ်စိုက်ပျိုးရေး  ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာန ခွဲတာဝန်ရှိသူတစ်ဦးက ပြော သည်။  ရှမ်းပြည်နယ်တွင် ပြောင်း စိုက်ဧကခုနစ်သိန်းခန့်ရှိနေပြီး ငမြှောင်တောင်ပိုးအန္တရာယ် အ များဆုံးရင်ဆိုင်ရသည့် ဒေသ လည်းဖြစ်သည်။ ငမြှောင်တောင်ပိုးထိန်းချုပ်နိုင်ရေး ပညာပေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ သတိ ပေးဆိုင်းဘုတ် စိုက်ထူခြင်းပြုလုပ်နေပြီး တောင်သူများကလည်း ပူးပေါင်းပါဝင်ရန် စိုက်ပျိုးရေး ဦးစီးဌာန ၀န်ထမ်းများက မေတ္တာ ရပ်ခံသည်။

No comments:

Post a Comment