Monday, June 17, 2019

လစ်လပ်ဝန်ကြီးနှစ်ဦးခန့်အပ်ရန် ကရင်ပြည်နယ်လွှတ်တော်အစည်းအဝေး ခေါ်ယူ

လစ်လပ်နေသည့် ပြည် နယ်ဝန်ကြီးနှစ်ဦးနေရာ၌ အစား ထိုးခန့်အပ်ရန် ဇွန်လ ၂၄ ရက်တွင် လွှတ်တော်အစည်းအဝေးများ စတင် ကျင်းပမည်ဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ပြောသည်။  ကရင်ပြည်နယ်အစိုးရအ ဖွဲ့၊ ဗမာတိုင်းရင်းသားရေးရာဝန် ကြီးနှင့် လူမှုရေးဝန်ကြီးသည် ၎င်း တို့ဆန္ဒအလျောက် နုတ်ထွက်သဖြင့် ဝန်ကြီးနှစ်နေရာလစ်လပ်နေ သည်။ ထိုနေရာများအတွက် ဝန် ကြီးသစ် အစားထိုးခန့်အပ်ခြင်းကို ယခုခေါ်ယူထားသည့် လွှတ်တော် အစည်းအဝေးများ၌ ပြုလုပ်မည် ဖြစ်သည်။ 



‘‘ဝန်ကြီးတွေ ခန့်အပ်ဖို့ လျာ ထားပါတယ်’’ဟု ဦးစောချစ်ခင်က ပြောသည်။ ယခုခေါ်ယူသည့် လွှတ်တော်အစည်းအဝေးသည် ကရင်ပြည်နယ် လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဖြစ်သည်။

ထိုဝန်ကြီးနှစ်ဦးအမည်စာ ရင်းကို ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်သို့ တင်သွင်းမည်ဖြစ် ပြီး လွှတ်တော်၏အတည်ပြုချက် ယူရမည်ဖြစ်သည်။

သို့သော် လက်ရှိ လစ်လပ် နေသည့် ဝန်ကြီးနှစ်ဦးနေရာတွင် မည်သူ့ကို အစားထိုးခန့်အပ်မည် ကိုမူ မသိရသေးပေ။ လူမှုရေးဝန် ကြီး ဒေါက်တာတင်ဝင်းကျော်နေ ရာတွင် လက်ရှိ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်များထဲမှ တစ်ဦးကို ခန့်အပ်မည်ဟု ခန့်မှန်း ပြောဆိုမှုများရှိသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ တင်ဝင်းကျော်သည် ကျန်းမာရေး ကြောင့်ဟုဆိုကာ ယခုနှစ်ဆန်းက နုတ်ထွက်စာတင်ပြီး ဇွန်လ ၁ ရက်တွင် နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ခဲ့သည်။

ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက မူ မိသားစုကိစ္စအပါအဝင် မိမိ ကိုယ်ကိုယ် တာဝန်မကျေဟု ယူဆ သဖြင့် နုတ်ထွက်ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ မီဒီယာများ အား ပြောကြားသည်။ ၎င်းကို နိုင်ငံတော်သမ္မတရုံးက မေလ ၂၄ ရက်တွင် နုတ်ထွက်ခွင့်ပြုခဲ့ သည်။

အဆိုပါဝန်ကြီးနှစ်ဦး လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဆက် လက်ရှိနေမည်ဖြစ်သည်။ ထိုဝန် ကြီးနှစ်ဦး နုတ်ထွက်ခြင်းသည် အစိုးရသစ်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ပထမဆုံးအစိုးရ အဖွဲ့အပြောင်းအလဲဖြစ်သည်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ က နောက်ထပ်ဝန်ကြီးတစ်ဦး လည်း နုတ်ထွက်စာတင်ထား ကြောင်း သတင်းများထွက်ပေါ် နေသည်။ သို့သော် မည်သည့် ဝန်ကြီးဖြစ်သည်ကိုမူ အတည်ပြု ၍မရပေ။

No comments:

Post a Comment