Monday, June 17, 2019

အိန္ဒိယနှင့် မြန်မာစစ်တပ် ပူးပေါင်းစစ်ဆင်ရေးတွင် အကြမ်းဖက်သမားများကို ပစ်မှတ်ထား

အိန္ဒိယနှင့် မြန်မာစစ် တပ်သည် မဏိပူရ၊ နာဂလန်းဒ် နှင့် အာသံပြည်နယ်များတွင် လှုပ် ရှားလည်ပတ်နေသော အကြမ်း ဖက်အဖွဲ့ အမြောက်အမြားကို ပစ်မှတ်ထားပြီး သက်ဆိုင်ရာနယ် စပ်ဧရိယာများ၌ မေလ ၁၆ ရက်က စတင်ကာသုံးပတ်ကြာ ပူးပေါင်း စစ်ဆင်ရေး အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း ကာ ကွယ်ရေးရင်းမြစ်များက ဇွန်လ ၁၆ ရက်တွင် ပြောသည်။ ‘နေထွက်ချိန် စစ်ဆင်ရေး’ ၏ ပထမအဆင့်ကို အင်ဒို-မြန်မာနယ်စပ်တစ်လျှောက် လွန် ခဲ့သော သုံးလက ဆောင်ရွက်ပြီး ယင်းစစ်ဆင်ရေးအတွင်း အိန္ဒိယ အရှေ့မြောက်ပိုင်းအခြေစိုက် စစ် သွေးကြွအဖွဲ့ အမြောက်အမြား၏ စခန်းများကို ဖျက်ဆီးနိုင်ခဲ့သည်။



မြန်မာနိုင်ငံသည် အိန္ဒိယ၏ မဟာဗျူဟာမြောက် အိမ်နီးချင်း နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး သူပုန်ထရာ နာဂလန်းဒ်နှင့် မဏိ ပူရအပါအဝင် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်အမြောက် အမြားနှင့် နယ်နိမိတ်ချင်း ၁,၆၄၀ ကီလိုမီတာ ထိစပ်နေသည်။

အိန္ဒိယအနေဖြင့် နယ်စပ်ကို စောင့်ကြပ်စဉ် နှစ်နိုင်ငံကြား စစ် တပ်အချင်းချင်း နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှုကို တွန်း အားပေးဆောင်ရွက်နေသည်။

‘နေထွက်ချိန် စစ်ဆင်ရေး အဆင့် (၂)’အတွင်း နှစ်နိုင်ငံစစ် တပ်သည် ကမ်တပူလွတ်မြောက် ရေးအဖွဲ့အစည်း (KLO), NSCN (Khaplang), ညီညွတ်သော အာသံလွတ်မြောက်တပ်ဦးနှင့် ဘိုရိုလန်းဒ်အမျိုးသား ဒီမိုကရက် တစ်တပ်ဦး (NDFB)အပါအဝင် စစ်သွေးကြွစခန်းများကို ဖျက်ဆီး ရန် အပြန်အလှန် ပူးပေါင်းဆောင် ရွက်ခဲ့သည်ဟု ရင်းမြစ်များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ယင်းအဖွဲ့များ၏ အဖွဲ့ဝင် စစ် သွေးကြွ အနည်းဆုံး ခြောက်ဒါဇင် ကို ဖမ်းဆီးနိုင်ပြီး ၎င်းတို့၏ စခန်း များကို ဖျက်ဆီးနိုင်ကြောင်း ရင်း မြစ်များက ပြောသည်။

 နှစ်နိုင်ငံစစ်တပ်သည် ထောက်လှမ်းရေးသတင်းများနှင့် မြေပြင်အခြေအနေအပေါ် မူတည်၍ ယင်းစစ်ဆင်ရေး၏ တတိယ အဆင့်ကို အကောင်အထည်ဖော် ကောင်းဖော်နိုင်သည်ဟု ရင်းမြစ် များက ထပ်လောင်းပြောသည်။

အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းပြီး နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေး အတွက် ပုံမှန်လုံခြုံရေးဆောင် ရွက်ခြင်း၊ အစည်းအဝေးပြုလုပ် ခြင်းများ ပုံမှန်လုပ်ဆောင် ကြောင်း၊ ယခုလည်း ထိုသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တပ် မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နှစ်နိုင်ငံနယ်စပ်ဒေသတည် ငြိမ်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး တပ်မတော်အနေဖြင့် ဆောင်ရွက်နေကြောင်း ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသည်။

မဏိပူရပြည်နယ်တွင် စစ် သွေးကြွများက အိန္ဒိယစစ်သား ၁၈ ဦးကို သတ်ဖြတ်ပြီးနောက် ၂၀၁၅ ဇွန်လက အိန္ဒိယစစ်တပ် သည် အင်ဒို-မြန်မာနယ်စပ်အနီး ဧရိယာများတွင် NSCN (Khap-lang) စစ်သွေးကြွများအပေါ် စစ် ဆင်ရေးဆောင်ရွက်ခဲ့သည်။

No comments:

Post a Comment