Monday, June 17, 2019

သာသနာတော်ညှိုးနွမ်းနေ၍ သာသနာတော်သန့်ရှင်းရေး ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ၀န်ကြီးဌာနထုတ်ပြန် အာဏာစက်ဖြင့် အရေးယူခံရသူနှင့် ၀ရမ်းပြေးဖြစ်နေသော ရဟန်းပုဂ္ဂိုလ်များကို ဆရာတော်ဟု မခေါ်ထိုက်

 မြန်မာနိုင်ငံတွင် ၀ိနည်း သိက္ခာနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိသော သင်္ကန်းဝတ်အရေ ခြုံများ၏ ပြုမူဆောင်ရွက်မှုများကြောင့် သာသနာတော်ညှိုးနွမ်းနေ၍ သံဃာ့အဖွဲ့အစည်းအဆင့် ဆင့်၊ အစိုးရနှင့်ပြည်သူများက သာသနာတော်သန့်ရှင်းရေးကို တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ယမန်နေ့၌ ထုတ်ပြန်သည်။ သံဃာ့အဖွဲ့အစည်းအသီးသီး၏ ဩ၀ါဒခံယူခြင်းမရှိသူ၊ ၀ိနည်းသိက္ခာနှင့်အညီ ကျင့်ကြံနေထိုင်မှုမရှိသူ၊ နိုင်ငံရေးနှင့်လူမှုရေးကိစ္စ များတွင် ၀င်ရောက်ဆောင်ရွက် ပြီး ရပ်ရွာအေးချမ်းသာယာရေး နှင့် တည်ငြိမ်ရေးကို ထိခိုက် အောင် သွေးထိုးလှုံ့ဆော်နေသူ များသည် ‘ရှင်ရဟန်းများ’ မဖြစ် ထိုက်ကြောင်း၊ ၎င်းတို့သည် သင်္ကန်းဝတ်အရေခြုံများသာဖြစ် ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ၎င်း တို့၏ ပြုမူဆောင်ရွက်မှုများ ကြောင့် ထေရ၀ါဒဗုဒ္ဓသာသနာ တော်၏ ဂုဏ်သိက္ခာညှိုးနွမ်းကျ ဆင်းနေရကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။



အဆိုပါသင်္ကန်းဝတ်အရေ ခြုံများ၏ ပြုမူဆောင်ရွက်ချက် များကြောင့် ယခုအချိန်တွင် မြတ် ဗုဒ္ဓသာသနာတော်သည် ညှိုးနွမ်း နေပြီး အခြေအနေအချိန်အခါနှင့် အညီ သာသနာတော်သန့်ရှင်းရေး ဆောင်ရွက်နိုင်မှသာလျှင် ထေရ ၀ါဒအုတ်မြစ် ခိုင်မာမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ထို့ကြောင့် သံဃာ့အဖွဲ့အ စည်းအဆင့်ဆင့်၊ အစိုးရနှင့်ပြည် သူများက သာသနာတော်သန့်ရှင်း ရေးကို တက်ညီလက်ညီဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်နိုင်မှသာ လျှင် သာသနာတော်ကြီးအရှည်ခံ့ ၍ တည်တံ့နိုင်မည်ဖြစ်ကြောင်း အများပြည်သူများ သိရှိစေရန် ဖော်ပြအပ်ပါသည်ဟု ပါရှိသည်။

ထို့အပြင် သာသနာတော်ကို အလေးမထားသူ၊ ၀ိနည်းသိက္ခာ ပုဒ်ကို မစောင့်ထိန်းသူသည် သင်္ကန်းဝတ်သာဖြစ်၍ ရာဇ၀တ် ပြစ်မှုပြစ်ဒဏ်ထိုက်သူ၊ အာဏာ စက်ဖြင့် အရေးယူခံရသူ၊ ဥပဒေ ကျူးလွန်သူဝရမ်းပြေးဖြစ်နေ လျှင် မည်သို့မျှ‘ဆရာတော်’ဟု မခေါ်ထိုက်ကြောင်း ‘အများပြည် သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြ ချက်’ ဟု ခေါင်းစဉ်တပ်၍ အ ချက်ကိုးချက်ပါဝင်သော ကြေ ညာချက်တွင် ဖော်ပြထားသည်။

သို့သော် သာသနာ့တာဝန် သာသနာပြုဂုဏ်ရည်ဆောင်ရွက် တော်မူနေသော ဆရာတော်၊ သံဃာတော်အရှင်မြတ်တို့အား ကြည်ညိုမှု၊ ရိုသေမှု၊ ဂရုဂါရ၀ ထားမှုတို့အရ ဆရာတော်ဟု သုံး နှုန်းဖော်ပြထိုက်သော်လည်း သာ သနာတော်သန့်ရှင်းတည်တံ့ပြန့် ပွားရေးကိစ္စနှင့် သက်ဆိုင်ခြင်းမရှိ သော အခြားရေးရာကိစ္စများ၌ ရှုပ်ထွေးအောင် ဆောင်ရွက်နေ သည့် ရဟန်းပုဂ္ဂိုလ်များအား ‘ဆ ရာတော်’ဟု ဝေါဟာရသုံးနှုန်းဖော် ပြနေခြင်းသည် သာသနာတော် ညှိုးနွမ်းစေသဖြင့် ခေါ်ဆိုရန် မထိုက်ကြောင်း ဂရုပြုသင့်သည် ဟု ထုတ်ပြန်ချက်ကဆိုသည်။

သာသနာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် ၀ရမ်းပြေး ဖြစ်နေသည့် ဦးဝီရသူနှင့် ဖမ်း ၀ရမ်းထုတ်ခံရသောသံဃာအချို့ ကို ရည်ညွှန်းထုတ်ပြန်ခြင်းသာ ဖြစ်ကြောင်း မန္တလေးမြို့ မြ၀တီ မင်းကြီးကျောင်းတိုက်ဆရာတော် အရှင်အရိယ၀ံသာဘိဝံသက မိန့် ကြားသည်။

‘‘ဦးဝီရသူက ကောင်းရာ တွေ ညွှန်ပြတာလည်း မပါဝင် ဘူး။ တစ်ဘာသာနဲ့တစ်ဘာသာ မုန်းတီးအောင်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မုန်းတီးအောင် ဒါတွေကိုသွေးထိုး လှုံ့ဆော်နေတာဗျ။ ဒါကို ဘယ် လိုလုပ် ဆရာတော်ခေါ်မှာတုံး။ ဆရာတော်ဆိုတာ ဒီထက်အဆင့် မြင့်တယ်။ ဆရာဆိုတာက လော ကီမှုလောက်ပဲ သွန်သင်ပေးတာ။ စားဝတ်နေရေး အတတ်ပညာ လောက်ပဲသင်ပေးတာ။ ဆရာ တော်ဆိုတာ ရုပ်၊နာမ်၊ခန္ဓာကိုချုပ် ငြိမ်းသွားအောင် သင်ပေးနိုင်လို့ ဆရာတော်လို့ခေါ်တာ’’ ဟု ဆရာ တော်အရှင်အရိယ၀ံသာဘိဝံသ က မိန့်ကြားသည်။

ဦးဝီရသူသည် နိုင်ငံတော်အ ကြီးအကဲများအပေါ် မဖွယ်မရာ  စကားလုံးများ သုံးနှုန်းပြောဆိုခြင်း နှင့် နိုင်ငံတော်တရားရေးနှင့် အုပ် ချုပ်ရေးစသည့်ကဏ္ဍများမှ တာ ၀န်ရှိသူများအပေါ် အကြည်ညို ပျက်အောင် ပြောဆိုမှုကြောင့် ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆို ကာ မေလ ၂၈ ရက်ကစတင်ဝရမ်း ထုတ်ထားပြီး ယနေ့အချိန်ထိ ဖမ်း မမိသေးဘဲ ထွက်ပြေးတိမ်းရှောင် နေသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက် ပြီး သာသနာရေးဦးစီးဌာန ညွှန် ကြားရေးမှူးဦးအောင်ဆန်းဝင်း ထံဆက်သွယ်မေးမြန်းရာ ‘‘ထုတ် ပြန်ချက်အတိုင်းပါပဲ။ ဆောင် ရွက်မယ့်ဟာတွေအကုန်လုံးကို သတင်းထုတ်ပြန်မယ့်အစီအစဉ် တွေရှိလာနိုင်မှာပါ’’ ဟု ပြော သည်။

လက်ရှိအချိန်တွင် မြန်မာ နိုင်ငံ၌ ဗုဒ္ဓသာသနာနှင့်ပတ်သက် ၍ လုပ်ဆောင်ရန်အသင့်ဆုံးကိစ္စ ရပ်သည် သာသနာသန့်စင်ရေး လုပ်ငန်းစဉ်သာဖြစ်သည်ဟု ဆရာတော်အရှင်အရိယ၀ံသာ ဘိဝံသက မိန့်ကြားသည်။

သို့သော် လက်ရှိနိုင်ငံတော် သံဃမဟာနာယကအဖွဲ့အကျိုး တော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မင်းကျောင်း ပထမပြန်စာသင် တိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသက သာသနာတော်သန့်စင် ရေး ဆောင်ရွက်နေကြောင်း 7Day Daily သတင်းစာအား မိန့် ကြားထားသည်။

No comments:

Post a Comment