Monday, June 17, 2019

ကိုရင်တစ်ပါးကို ချုပ်နှောင်ကွယ်ဝှက် သူနှစ်ဦးအားအမှုဖွင့်

ဇီးကုန်းမြို့နယ် ရွာပိုင်ကြီး အုပ်စု ရွာပိုင်းကြီးဘုန်းကြီး ကျောင်းတွင် ကိုရင်တစ်ပါးကို သင်္ကန်းစများဖြင့် ချုပ်နှောင်ကွယ် ၀ှက်ထားသူနှစ်ဦးအား အမှုဖွင့် အရေးယူထားကြောင်း ဇီးကုန်း မြို့မရဲစခန်းမှူး ဒုရဲမှူးကျော် ကျော်က ပြောသည်။ အဆိုပါ ဘုန်းကြီးကျောင်း တွင် ရှင်သာမဏေ၀တ်နေသည့် အသက် (၁၁) နှစ်အရွယ် ကိုရင် တစ်ပါးသည် ဇွန်လ ၁၃ ရက်ည ဦးပိုင်းတွင် ဘုန်းကြီးကျောင်းဝင်း အတွင်း ပျောက်ဆုံးနေသည်ကို ဖခင်ဖြစ်သူကသိရှိပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်း ကြားခဲ့ကြောင်း ရဲမှတ်တမ်းကဆို သည်။



ယင်းနောက် ရပ်မိ၊ရပ်ဖများ နှင့်စုပေါင်းရှာဖွေခဲ့ရာ ကိုရင်ကို  သင်္ကန်းစများဖြင့် ခြေထောက်၊ လက်နှင့်ပါးစပ်တို့ကို စည်းကာ  ဆွမ်းချက်ကျောင်းဆောင်ရှိ ပန်း ကန်စင်ဗီရိုနှစ်လုံးကြားတွင်ကွယ် ၀ှက်ထားသည်ကို တွေ့ရှိခဲ့ ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြ ထားသည်။

‘‘ကိုရင်လေးပြောပြချက်အ ရတော့ မျက်နှာဖုံးစွပ်ပြီးဖမ်းဆီး ချုပ်နှောင်ခဲ့တာလို့ သိရတယ်။ သူအပေါ့သွားတုန်းလမ်းမှာ ဖမ်း သွားတယ်လို့ပြောတယ်။ ဘာ ဒဏ်ရာဒဏ်ချက်မှတော့ မရခဲ့ ဘူး။ ပြစ်မှုကျူးလွန်တာကတော့  နှစ်ယောက်ပါ။ တစ်ယောက်က တော့ လက်မှာရှိတဲ့ တက်တူးကို  ကိုရင်က မှတ်မိတယ်၊ အခုပြစ်မှု ကျူးလွန်သူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေပြီး ကျန်တစ်ဦးကိုဖမ်း မိဖို့ဆောင်ရွက်နေပါတယ်။ ဖမ်း မိထားတဲ့သူက အရက်သောက်တဲ့  သူလို့သိရတယ်’’ဟု ဒုရဲမှူးကျော် ကျော်က ပြောသည်။ အဆိုပါအမှုနှင့်ပတ်သက် ပြီး နတ်တလင်းမြို့နေအသက် (၅၈)နှစ်အရွယ် ဦးဝင်းကြည်ဆို သူကို ဖမ်းဆီးစစ်ဆေးနေပြီး ၎င်း နှင့်အပေါင်းအပါတစ်ဦးကို မတ ရားချုပ်နှောက်ကွယ်ဝှက်ထားမှု ရာဇသတ်ကြီးပုဒ်မ ၃၄၆/၁၁၄ အရ ဇီးကုန်းမြို့မရဲစခန်းတွင်အမှု ဖွင့်ထားသည်။

No comments:

Post a Comment