Monday, June 17, 2019

ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးအစည်းအဝေးတက်ရန် ဘန်ကောက်သွားမည်

ယခုလတတိယပတ် တွင်ဘန်ကောက်မြို့၌ ကျင်းပ မည့်   အာဆီယံထိပ်သီးအစည်းအ ဝေးသို့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန  အဆင့် မြင့်အရာရှိတစ်ဦးကပြောသည်။ (၃၄)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို အ လှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံ၏မြို့  တော်ဘန်ကောက်၌ လေးရက် ကြာကျင်းပမည်ဖြစ်ပြီး ဇွန်လ ၂၃ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။



ယင်း အစည်းအဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံဝန် ကြီးချုပ်မစ္စတာပရာယွတ်က ဒေါ် အောင်ဆန်းစုကြည်ထံ ဖိတ်ကြား ထားပြီး နိုင်ငံတော်သမ္မတဦးဝင်း မြင့် တက်ရောက်နိုင်ဖွယ်မရှိဘဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ရန် ရာခိုင်နှုန်းများ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိက ရှင်းပြ သည်။

အာဆီယံထိပ်သီးအစည်း အဝေးကို အလှည့်ကျဥက္ကဋ္ဌနိုင်ငံ က တစ်နှစ်လျှင် နှစ်ကြိမ်လက်ခံ  ကျင်းပရပြီး ယခုနှစ်၏ ပထမဆုံး  အာဆီယံထိပ်သီးအစည်းအဝေး ကို ဘန်ကောက်မြို့၌ အာဆီယံ ၁၀ နိုင်ငံ၏ရေးရာကိစ္စရပ်များ၊  အာဆီယံအသိုက်အ၀န်း ထူ ထောင်နေသည့် လက်ရှိအခြေအ နေနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးရန်လျာထားသည်။

အာဆီယံ ၁၀ နိုင်ငံမှ ခေါင်း ဆောင်များ တက်ရောက်မည့်  ယင်းအစည်းအဝေးကာလအ တွင်း အဆင့်မြင့်အရာရှိကြီးများ ၏အစည်းအဝေးများ၊ ၀န်ကြီးများ အဆင့်အစည်းအဝေးများလည်း ပြုလုပ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် အခြားအာဆီယံခေါင်း ဆောင်များနှင့် ထိပ်သီးအစည်းအ ဝေးတက်ရောက်မည်ဖြစ်ပြီး အ စည်းအဝေးကာလအတွင်း  နှစ် နိုင်ငံ သီးခြားတွေ့ဆုံမှုများ ပြု လုပ်ဖွယ်ရှိသည်။

ပြီးခဲ့သည့်နှစ်က အလှည့်ကျ အိမ်ရှင်စင်ကာပူနိုင်ငံသို့ ပထမ ထိပ်သီးအစည်းအဝေးသို့ နိုင်ငံ  တော်သမ္မတ ဦးဝင်းမြင့်တက် ရောက်ခဲ့ပြီး ဒုတိယအကြိမ်ထိပ် သီးအစည်းအဝေးသို့ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည် သည် ယခုနှစ်အတွင်း တရုတ်၊ ကမ္ဘောဒီးယား၊ ချက်၊ ဟန်ဂေရီ နိုင်ငံသို့ သွားရောက်ထားသည်။

No comments:

Post a Comment