Monday, June 17, 2019

တရားမျှတမှုနှင့် အမှန်တရားဖော်ထုတ်ရေးကော်မတီကို မန္တလေး၌ ဖွဲ့စည်း

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင် အကောင်အထည်ဖော်နေသည့် အကြီးစားစီမံကိန်းများနှင့် ဒေသခံတို့အကြား ဖြစ်နေသည့်ပြဿနာရပ်များကို ကူညီဖြေရှင်းပေးရန် မန္တလေးမြို့ရှိ အဖွဲ့အစည်းအသီးသီးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဇွန်လ ၁၆ ရက်တွင် ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ ‘‘တရားမျှတမှုနှင့် အမှန်တရား ဖော်ထုတ်ရေးကော်မတီ’’ သည် အယ်လ်ဖာဘိလပ်မြေစက် ရုံစီမံကိန်းနှင့် ပတ်သက်ပြီး နစ်နာမှုများ ရင်ဆိုင်နေရသော ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာဒေသခံ ပြည်သူတို့၏ အခက် အခဲများ အပါအဝင်အခြားသော ပြည်သူ့နစ်နာမှုများကို ကူညီဖြေ ရှင်းပေးမည်ဖြစ်သည်။



‘‘မန္တလေးနဲ့ အနီးတစ်ဝိုက် စီမံကိန်းတွေအများစုမှာ တချို့ စီမံကိန်းတွေဟာ ဒေသခံတွေနဲ့ ပဋိပက္ခပြဿနာတွေ ရှိနေတာတွေ့ရတယ်၊ အဲဒီပြဿနာတွေကို လေ့လာလိုက်တဲ့အခါ ဒေသခံ တွေဟာ နစ်နာမှုတွေ ရှိနေတယ်၊ အဲဒီအတွက် မန္တလေးမှာရှိတဲ့ နိုင်ငံ ရေးအင်အားစုတွေ စုပေါင်းပြီး ကူညီဖို့ ဖွဲ့စည်းလိုက်တာပါ’’ဟု တရားမျှတမှုနှင့် အမှန်တရားဖော်ထုတ်ရေးကော်မတီ၏ သတင်းပြန်ကြားရေး ယခင်ဗကသ ကျောင်းသားဟောင်း ဦးရဲရင့် ကျော်က ပြောသည်။

အဆိုပါ ကော်မတီပေါ်ပေါက်ရန် နိုင်ငံရေးအကျဉ်းသား ဟောင်းများ၊ မြေယာအရေး တက် ကြွလှုပ်ရှားသူများ၊ ပြည်သူ့ပါတီ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ နိုင်ငံရေးအကျဉ်း သားများ ကာကွယ်ရေးကွန်ရက်၊ တရားလွှတ်တော်ရှေ့နေများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက တက်ရောက်ဆွေးနွေးခဲ့သည်။

‘‘ဖိအားပေးဖို့မဟုတ်ဘူး၊ အ ကျပ်ကိုင်ဖို့မဟုတ်ဘူး၊ အစိုးရကို ကူညီရာလည်း ရောက်ပါတယ်၊ ဒေသခံတွေကို ကူညီရာလည်းရောက်ပါတယ်၊ ငြိမ်းငြိမ်းချမ်း ချမ်းနဲ့ တရားမျှတဖို့ ကူညီသွားမှာ ပါ’’ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါကော်မတီကို မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကမျှ ကိုယ်စားပြုဦးဆောင်ခြင်းမဟုတ် ဘဲ မတရားမှုများ ဖော်ထုတ်ရန်ပုဂ္ဂိုလ်ရေးအရ ဖွဲ့စည်းခြင်းဖြစ်ပြီး အဖွဲ့ဝင် ၅ဝ ဖြင့် ဦးဆောင်ဖွဲ့စည်း သည်ဟု ဆိုသည်။  လတ်တလောဖြစ်ပွားနေ သည့် မန္တလေးတိုင်းပုသိမ်ကြီးမြို့ နယ်ရှိ ကျောက်မီးသွေးစွမ်းအင် သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်သူ ရွာသားများနှင့် ကုမ္ပဏီအကြား ဖြစ်ပွားသည့်ပဋိပက္ခတွင် အဖမ်းခံရပြီး ထောင်ထဲ၌ အငြင်းပွားဖွယ် သေဆုံးခဲ့သော ကိုထွန်းမြင့်ဝင်း၏ အမှုမှန်ပေါ်ပေါက်ရေး ကိစ္စရပ်များ ကို ယမန်နေ့က ဆွေးနွေးခဲ့သည်။

No comments:

Post a Comment