Monday, June 17, 2019

တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသော သားအမိသုံးဦးကို ပြန်ကယ်တင်နိုင် လူကုန်ကူးသူများကို ထောင်ဒဏ်တစ်သက်အထိချမှတ်နိုင်သောပုဒ်မဖြင့် အမှုဖွင့်

ကလေးငယ်နှစ်ဦးအပါ အ၀င် တရုတ်နိုင်ငံသို့ပို့ဆောင်၍ မိသားစုလိုက် လူကုန်ကူးခံရသော ကွတ်ခိုင်မြို့ခံသားအမိသုံးဦးအမှု ကို ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ပြီး နောက် ဇွန်လ ၁၄ ရက်တွင် တ ရုတ်နိုင်ငံမှ ပြန်လည်ခေါ်ဆောင် နိုင်ခဲ့သည်။  ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် နေထိုင် သော ကလေးသုံးဦးမိခင်အသက် (၃၁)နှစ်အရွယ်အမျိုးသမီးကို အ သိမိတ်ဆွေသုံးဦးက စည်းရုံးပြီး နောက် ၂၀၁၉မတ်လအတွင်း တရုတ်နိုင်ငံသို့ တရားမ၀င်လမ်း ကြောင်းမှ ခေါ်ဆောင်ခဲ့သည်။ယင်းအမျိုးသမီးနှင့် ၎င်း၏အ သက်(၁)နှစ်နှင့် (၄)နှစ်အရွယ် သားနှစ်ဦးသည် တရုတ်နိုင်ငံသား အချို့ထံ ရောင်းစားခြင်းခံခဲ့ရ သည်ဟု လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ လွယ်ဂျယ်တပ် ဖွဲ့စိတ်မှူး ဒုတိယရဲမှူးအောင်လှိုင် က ပြောသည်။



‘‘ရောင်းစားခံရတဲ့အမျိုးသ မီးရဲ့ (၇)နှစ်အရွယ်သမီးလေးကို အမျိုးတွေက လူကုန်ကူးမယ့်သူ တွေလက်ထဲမှာတွေ့လို့ စဖမ်းမိ တာ။ အဲဒီကလေးကိုလည်း တ ရုတ်ထဲကိုပို့ပြီးခါမှ ဈေးမတည့် လို့ နမ့်ခမ်းကိုပြန်ရောက်လာတာ။ အဲဒီကနေ အစဖော်ရတာ’’ ဟု လူ ကုန်ကူးသူကို ဖမ်းဆီးရာတွင် ပါ ၀င်ခဲ့သည့် ပန်ဆေးပြည်သူ့စစ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကလေးသုံးဦးမိခင်၏ အမျိုး သားသည် မူးယစ်ဆေးစွဲနေ၍ အိမ်ထောင်ရေးအဆင်မပြေဖြစ် နေချိန်တွင် လူကုန်ကူးသူများက တရုတ်မယားအဖြစ် ရောင်းစား ရန်စည်းရုံးခံရခြင်းဖြစ်သည်။

လူကုန်ကူးသူဇနီးမောင်နှံ နှစ်ဦးကို မေလ ၁၇ ရက်တွင် နမ့် ခမ်းမြို့၌ ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံ သို့ ရောက်ရှိနေသောသားအမိ သုံးဦးကို ပြန်ကယ်ထုတ်နိုင်ရေး အချိန်ယူပြင်ဆင်ခဲ့ရသည်ဟု ဆို သည်။ (၄)နှစ်အရွယ်ကလေးကို တရုတ်မိသားစုတစ်စုက ၀ယ်ယူ ထားပြီး (၁)နှစ် အရွယ်ကလေး ငယ်နှင့်မိခင်ကို တရုတ်အမျိုးသား တစ်ဦးက ၀ယ်ယူထားသည်ဟု ရဲတပ်ဖွဲ့က ဆက်ပြောသည်။ သား အမိသုံးဦး၏တည်နေရာကို စုံစမ်း ရာတွင်တရုတ်စီအိုင်ဒီရဲတပ်ဖွဲ့က ပါ ပူးပေါင်းခဲ့သည်ဟုဒုတိယရဲမှူး အောင်လှိုင်က ပြောသည်။

လူကုန်ကူးခံရသူများကို ဇွန် လ ၁၄ ရက်တွင် တရုတ်ရဲတပ်ဖွဲ့ က ပြန်လွှဲပေးပြီး ယခုအခါ မူ ဆယ်မြို့နယ် လူမှုဝန်ထမ်းဦးစီး ဌာနတွင် ခေါ်ယူစောင့်ရှောက် ထားသည်။ တရားခံတစ်ဦးလွတ် မြောက်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံ တွင် နေထိုင်သည်ဟု သံသယရှိ ၍ ဖမ်းမိနိုင်ရေး တရုတ်ရဲတပ်ဖွဲ့ နှင့် ချိတ်ဆက်ထားကြောင်း လူ ကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူးရဲမှူးကြီး သက်နောင်က ပြောသည်။

ကလေးငယ်များအပါအ၀င် မိသားစုလိုက် လူကုန်ကူးခြင်းဖြစ် ၍ ပြစ်မှုကျူးလွန်သူများကို ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက် အထိချမှတ်နိုင်ကာ ငွေဒဏ် လည်း ချမှတ်နိုင်သောလူကုန်ကူး မှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ ဖြင့် ရဲတပ်ဖွဲ့ကအမှုဖွင့် ထားသည်။

No comments:

Post a Comment