Monday, June 17, 2019

လမ်းဦးစီးဌာန ၀န်ထမ်း ၁၇ ဦး မှိုစားပြီး အစာအဆိပ်သင့်

ချင်းပြည်နယ် တွန်းဇံ မြို့နယ်တွင် လမ်းဖောက်လုပ် ရေးတာဝန်ကျနေသည့် လမ်းဦးစီး ဌာန၀န်ထမ်း ၁၇ ဦးသည် မှိုစားမိ ရာမှ အစာအဆိပ်သင့်ပြီး ဆေး ရုံသို့ တက်ရောက်ကုသခဲ့ရသည်။ ဇွန်လ ၁၄ ရက်က တွန်းဇံ မြို့နယ် တွန်းဇန် - ကျီခါးကား လမ်းတွင် တာဝန်ကျလမ်းဦးစီးဌာ န ၀န်ထမ်းများသည် လမ်းဘေး၌ ပေါက်နေသော သစ်တုံးမှို  စားမိ၍ မူးဝေအော့အန်ခဲ့သောကြောင့် ဒေသခံများက ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ ‘‘၁၇ ယောက်စလုံး ဆေးရုံပို့ ခဲ့ရတယ်။ သက်သာတဲ့သူတချို့ တော့ပြန်ဆင်းသွားပြီ။ တချို့ကတော့ ဆေးရုံမှာပဲ’’ဟု ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။



တွန်းဇံမြို့ ကျီခါးတိုက်နယ် ဆေးရုံတွင် တက်ရောက်ကုသနေ ရာ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးနှစ်ဦးသည် ဆေးရုံမှ ပြန်ဆင်းနိုင်ခဲ့ပြီး ခုနစ်ဦးကို ဆက်လက်ကုသနေသည်ဟု ရဲတပ်ဖွဲ့က ဇွန်လ ၁၆ ရက်၌ သတင်းထုတ်ပြန်သည်။ မိုးဦးကာလတွင်အလေ့ကျ ပေါက်သောမှိုများကို သေချာမ စစ်ဆေးဘဲစားမိ၍ အစာအဆိပ် သင့်ခြင်းများ၊ သေဆုံးမှုများသည်  ဝေးလံခေါင်ဖျား ဒေသများ၌ မကြာခဏကြားရသည်။ ဇွန်လ ဆန်းပိုင်းက မိုးကုတ်မြို့နယ် ကျေးရွာတစ်ရွာတွင် တောအ တွင်းရှိ အမျိုးအမည်မသိသော မှို စားမိရာမှ ဒေသခံသားအဖသုံးဦး  သေဆုံးခဲ့သည်။ ၂၀၁၇ ကဖြစ်ရပ် တစ်ခုတွင် တရုတ်နိုင်ငံ၌ အလုပ် သွားလုပ်ရင်း မှိုစားမိခဲ့သော မြန် မာနိုင်ငံသား ခုနစ်ဦးအစာအဆိပ် သင့်၍ မူဆယ်ဆေးရုံတွင် ကုသ သော်လည်း ခုနစ်ဦးစလုံးသေဆုံး ခဲ့သည်။ အလေ့ကျမှိုအများအ ပြားထွက်ရှိလာသော ယခုကာလ တွင် ဝေးလံခေါင်ဖျားဒေသမှ ဒေ သခံများကို မှိုနှင့် ပတ်သက်သောကျန်းမာရေး အသိပညာပေးရန် လိုအပ်နေသည်ဟု ပရဟိတ  အရေးလုပ်ဆောင်နေသော အ ရပ်ဘက်အဖွဲ့အစည်းများက အ ကြံပြုသည်။

No comments:

Post a Comment