Monday, June 17, 2019

ဖေ့စ်ဘွတ်ခ်ကွန်ရက်ပေါ်ရှိ မြန်မာစာစနစ်ကို ယူနီကုတ်စနစ်ပြောင်းလဲအသုံးပြုရန် ဆွေးနွေး

ဖေ့စ်ဘွတ်ခ်ကွန်ရက် ပေါ်ရှိ ဒစ်ဂျစ်တယ် မြန်မာစာစနစ် ကို အောက်တိုဘာ ၁ ရက်ကစ၍   ယူနီကုတ်မြန်မာစာဖြင့် ပြောင်း လဲအသုံးပြုရန် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီနှင့် ဆွေးနွေးခဲ့ကြောင်း  ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကပြောသည်။ လက်ရှိတွင် ယူနီကုတ်မြန် မာစနစ်ကို တစ်ပြေးညီပြောင်းလဲ   အသုံးပြုရာ၌ ဖေ့စ်ဘွတ်ခ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်အကူအညီတောင်းခံစာ ရေးသားပေးပို့ထားသည်ဟု ၎င်းက ပြော သည်။



‘‘အောက်တိုဘာ ၁ ရက်နေ့ စပြီး အားလုံးယူနီကုတ်နဲ့ဖြစ်သွား အောင် သူတို့လည်း (ဖေ့စ်ဘွတ်)   ၀ိုင်းဝန်းလုပ်ပေးမှာပေါ့နော်။ အ သေးစိတ်ကတော့ ဖေ့စ်ဘွတ်ခ်  ဘက်က ပြောပါလိမ့်မယ်’’ ဟု ဦးမျိုးဆွေကပြောသည်။

မြန်မာနိုင်ငံ၏ ယူနီကုတ် စနစ် အပြောင်းအလဲကို ကူညီ သည့်အနေဖြင့် အသုံးပြုသူအ သစ်များ၏ ဘာသာစကားရွေး ချယ်မှုတွင် ဇော်ဂျီစနစ်ကို ဖယ် ရှားခဲ့သည်ဟု ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ တာဝန်ရှိသူက ဇွန်လ ၁၄ ရက်၌ 7Day Daily သတင်းစာအား ပြောသည်။

‘‘ယူနီကုတ်အသုံးပြုတဲ့ ကိရိ ယာတွေမှာ အဆင်ပြေပြေသုံးနိုင် ဖို့အတွက် ဖောင့်အလိုအလျောက်  ပြောင်းတဲ့စနစ်ရရှိအောင် ဆောင် ရွက်နေပါတယ်’’ဟု ၎င်းကပြော သည်။

 မြန်မာအစိုးရသည် eGovernment လုပ်ငန်းစဉ် အ ကောင်အထည်ဖော်သည့် အနေ ဖြင့် ဌာနဆိုင်ရာ အဖွဲ့အစည်း အားလုံးတွင် ဧပြီ ၁ ရက်က စတင်ကာ ယူနီကုတ်မြန်မာစာစနစ်ကို အသုံးပြုစေခဲ့သည်။ အလားတူ အောက်တိုဘာ  ၁ ရက်က စတင်ကာ အော်ပရေတာ များနှင့် မိုဘိုင်းဖုန်းအသုံးပြုသူများ အကြား ဆက်သွယ်ဆောင်ရွက် သည့် သတင်းအချက်အလက် အားလုံးကို ယူနီကုတ်စနစ်အသုံး ပြုရန် ညွှန်ကြားထားသည်။

No comments:

Post a Comment