Sunday, June 23, 2019

မြိတ်မြို့တွင် ကျပ်သိန်းတစ်ထောင်တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

 မြိတ်မြို့ မြစ်ငယ်ရပ်ကွက်တွင် အမျိုးသားနှစ်ဦးထံမှ ကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း မြိတ်မြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ပြောသည်။ မြစ်ငယ်ရပ်ကွက် မြတ်လေးလမ်းတွင် ဇွန်လ ၂၁ ရက် ညနေ၃ နာရီခွဲက မြိတ်တောင်ကျေးရွာ နေ အသက်(၄၃) နှစ်ရှိ သန်းထိုက်ဆိုသူ စီးနင်းလာသည့် ဆိုင်ကယ်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့ က စစ်ဆေးစဉ် WY စိတ်ကြွဆေး ပြား ၂၀၀ ပါ ငါးထုပ်(ဆေးပြား ၁၀,၀၀၀) အား သိမ်းဆည်းရ မိခဲ့သည်။



၎င်းမှာ မြိတ်တောင်ကျေးရွာ ရှိ ကျော်သူရထွန်းထံမှ ဝယ်ယူ ရရှိကြောင်း ထွက်ဆိုခဲ့၍ ဆက်လက်စစ်ဆေးရာ ကျော်သူရထွန်းထံမှ မူးယစ်ဆေးဝါးတစ်စုံ တစ်ရာတွေ့ရှိခြင်းမရှိဘဲ သန်းထိုက်၏ နေအိမ်မှ WY စိတ်ကြွဆေးပြား၁၀,၀၀၀ ပါသည့် အထုပ် ၁၉ ထုပ်၊စုစုပေါင်းဆေးပြား ၂၀၀,၀၀၀ တန်ဖိုး ကျပ်သိန်း ၁,၀၀၀ ဖိုး) သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းက ဆိုသည်။

‘‘သူတို့နှစ်ယောက်စလုံးကို စခန်းမှာ အမှုဖွင့်ပြီး ဖမ်းချုပ်ထားတယ်။ တစ်ယောက်ဆီက တစ်ယောက်ဝယ်တယ်ဆိုပြီး ထွက်ဆိုထားတယ်။ ကွင်းဆက်တရားခံတွေ ရှိ၊မရှိ ဆက်လက်စစ်ဆေးနေပါတယ်’’ ဟု အထက် ပါ ရဲအရာရှိက ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ အမျိုးသားနှစ်ဦးကို မြိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော  ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ  ၁၉(က)/၂၁ ဖြင့်  အမှုဖွင့်အရေးယူထားသည်။

No comments:

Post a Comment