Friday, May 17, 2019

အဝေးသင်အနီးကပ်နှစ်ကြိမ်တက်ရမည့် စနစ်သစ်ကို ယခုနှစ်တွင် မလုပ်ဘဲ ရေရှည်စီစဉ်ထားဟုဆို

အဝေးသင်တက္ကသိုလ် ၀ိဇ္ဇာအထူးပြုဘာသာရပ်များ အ နီးကပ်နှစ်ကြိမ်တက်ရမည့်စနစ် သစ်ကို ယခုနှစ်မလုပ်ဘဲ ရေရှည် အတွက် စီစဉ်ထားသည်ဟု အ ဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က ပြောသည်။  နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန၌ မေလ ၁၅ ရက် က ပြုလုပ်သည့်နိုင်ငံတော်အစိုးရ ၏ ပြည်သူ့အတွက် တတိယတစ် နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှု များဆိုင်ရာသတင်းစာရှင်းလင်းပွဲ တွင် 7Day Daily သတင်းစာ၏ မေးမြန်းမှုအပေါ် ဒေါက်တာသိန်း ၀င်းက ထိုသို့ပြန်လည်ဖြေကြား ခြင်းဖြစ်သည်။
‘‘အနီးကပ်ကတော့ ဒီစာ သင်နှစ်မှာ စဖို့ဟာ အခက်အခဲ တွေရှိနေတဲ့အတွက် ရေရှည်မှာ တော့ နှစ်ကြိမ်ခွဲလုပ်ဖို့ စီစဉ်နေပါ တယ်။ ဒီနှစ်မှာတော့ ၁၀ ရက်ကို ပဲ သွားမှာဖြစ်ပါတယ်။ ဒီစာသင် နှစ် ၂၀၁၉ အောက်တိုဘာအထိပဲ ပါပါတယ်’’ ဟု ဒေါက်တာသိန်း ၀င်းက ဆိုသည်။

အဝေးသင်ဝိဇ္ဇာဘာသာရပ် အထူးပြုများသည် အနီးကပ်သင် တန်းကို တစ်နှစ်လျှင် ၁၀ ရက် တစ်ဆက်တည်း တက်ရသည်။ သို့သော် အဝေးသင်တက္ကသိုလ် များတွင် Orientation (ဘာသာ ရပ်မိတ်ဆက်ခြင်း)အစီအစဉ်ပြု လုပ်ရန် ယခု ၂၀၁၉ စာသင်နှစ် ကစကာ မေလ၌ အနီးကပ်ငါး ရက်၊ နိုဝင်ဘာ၌ ငါးရက်ခွဲတက် ရမည့်စနစ်သစ်ပြောင်းရန် ပညာ ရေးဝန်ကြီးဌာနက ၂၀၁၈ ဒီဇင် ဘာတွင် စီစဉ်ခဲ့သည်။

သို့သော် ကျောင်းသားအဖွဲ့ အစည်းနှင့် ဆရာအဖွဲ့အစည်း များ၏ ကန့်ကွက်မှုများရှိနေ၍ အနီးကပ်နှစ်ကြိမ်  တက်ရမည့် စနစ်သစ်ကို ယခုနှစ်တွင်မစတင် ရန် ဆုံးဖြတ်ခဲ့သည်။

 အဝေးသင်ပညာရေးစနစ် ကို ပြောင်းလဲရန် ဗြိတိသျှကောင် စီနှင့် ဗြိတိန်နိုင်ငံ Open University တို့အကူအညီဖြင့် ပညာ ရေးဝန်ကြီးဌာနက စီစဉ်ဆောင် ရွက်ခြင်းဖြစ်ပြီး ဒဂုံတက္ကသိုလ် နှင့် ရတနာပုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစစ် တမ်းကောက်ယူခဲ့သည်ဟုဒေါက် တာသိန်းဝင်းက ဆိုသည်။

‘‘စစ်တမ်းအရ အဝေးသင် တက်တဲ့ကလေးအများစုက သူ တို့ကို စာစဉ်တွေပေးတဲ့အချိန်မှာ စာစဉ်တွေယူသွားပြီး သူတို့မှာ Guideline မရှိတဲ့အတွက် သူတို့ အလုပ်လုပ်တဲ့နေရာတွေမှာ စာ ကျက်ရတာ အခက်အခဲရှိတယ်။ စာမေးပွဲဖြေခါနီး ၁၀ ရက်မှ ကျောင်းလာတဲ့အခါ စာနဲ့ထိစပ်မှု အရမ်းခက်ခဲတဲ့အတွက် ငါးကြိမ် နှစ်ခုခွဲမယ်ဆိုပြီး Plan ရှိပါတယ်’’ ဟု ၎င်းကဆိုသည်။

 အဝေးသင်အနီးကပ်နှစ် ကြိမ်ခွဲတက်ရသည့်စနစ်သစ်ကို ယခုနှစ်တွင် မစတင်သေးသော် လည်း မြန်မာနိုင်ငံရှိ တက္ကသိုလ် များမှ ဆရာများသမဂ္ဂနှင့်ကျောင်း သားသမဂ္ဂအဖွဲ့များထံ ထိုစနစ် သစ်နှင့်ပတ်သက်၍ ပညာရေး ၀န်ကြီးဌာနက မေလ ၉ ရက်၌သဘောထား တောင်းခံထားသည်။

ထိုစနစ်သစ်ကို အလိုမရှိ ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)က ရတနာပုံတက္က သိုလ်တွင် မေလ ၁၃ ရက်က ဖဲကြိုးနီ စတစ်ကာများကပ်ကာ ကန့်ကွက်ခဲ့သည်။  ‘‘ခါတိုင်းအနီးကပ် ၁၀ ရက် တက်ရတာတောင် တစ်လ လောက်ကြိုကျူရှင်တက်ရတယ်။ ဈေးကြီးမြင့်စွာအဆောင်ငှားရ တယ်။ အခုလိုနှစ်ခါခွဲတက်ရမယ် ဆိုရင် အဆောင်ကိုလည်း နှစ်ခါ ငှားရလို့ စရိတ်ပိုကုန်တာပဲရှိ တယ်။ အဝေးသင်ပညာရေးစနစ် သစ်လုပ်လိုက်လို့ အောင်မြင်မှုက ဘာလဲဆိုတဲ့ အာမခံချက်က ဘာ မှမရှိဘူး’’ ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ များအဖွဲ့ချုပ်) ပြန်ကြားရေးတာ ၀န်ခံကိုမျိုးချစ်ဇော်က ပြောကြားသည်။

No comments:

Post a Comment