Friday, May 17, 2019

လွတ်လပ်ရှင်သန်စီးဆင်းမြစ် (သို့မဟုတ်) ကျွန်ုပ်တို့၏ အသက်သွေးကြော

မြစ်ဖျားခံရာကနေ ပင်လယ် သမုဒ္ဒရာထဲစီးဝင်တဲ့အထိ တစ်စုံ တစ်ရာအနှောင့်အယှက်မရှိ သ ဘာဝအတိုင်း လွတ်လွတ်လပ် လပ်ရှင်သန်စီးဆင်းနေတဲ့ မြစ် တွေဟာ လွတ်လပ်စွာရှင်သန်စီး ဆင်းနေတဲ့မြစ်တွေပါပဲ။ တစ်စုံ တစ်ရာအနှောင့်အယှက်မရှိဆို တာ လူသားတွေက သူတို့ရဲ့ရှင် သန်ရပ်တည်ဖွံ့ဖြိုးရေးအတွက် တစ်နည်းနည်းနဲ့ ပြုပြင်ဖန်တီး ထားတာမျိုးမရှိတာကို ဆိုလိုတာ ပါ။ မြစ်တွေ လွတ်လပ်စွာရှင်သန် စီးဆင်းတယ်ဆိုတာ ကမ္ဘာ့သဘာ ၀ပဲ၊ ဘာများဆန်းလဲလို့ တွေးမိ ကောင်းတွေးမိပါလိမ့်မယ်။
ကမ္ဘာ့ အရှည်ဆုံးမြစ် ၂၄၆ သွယ်ထဲက သုံးပုံတစ်ပုံစွန်းစွန်းလောက်ပဲ လွတ်လွတ်လပ်လပ်ရှင်သန်စီး ဆင်းနိုင်ပါတော့တယ်။ မိုင်ပေါင်း ၆၀၀ (၁,၀၀၀ ကီလိုမီတာ)ကျော် ရှည်တဲ့ကမ္ဘာ့မြစ်ကြီး ၉၁ စင်းထဲက ၂၁ စင်းပဲလွတ်လွတ်လပ်လပ် ရှင်သန်စီးဆင်းနိုင်ပါတော့တယ်။ လွတ်လပ်စွာရှင်သန်စီးဆင်းနေတဲ့ မဟာမြစ်ကြီးများဆိုပါတော့။ အရှေ့တောင်အာရှတစ်ခွင်လုံးမှာမှ လွတ်လွတ်လပ်လပ် ရှင်သန်စီးဆင်းနေတဲ့ မဟာမြစ်ကြီးဆိုလို့ ဧရာဝတီမြစ်နဲ့ သံလွင်မြစ်ပဲကျန်ပါတော့တယ်။ ဒီတော့ လွတ်လွတ်လပ်လပ် ရှင်သန်စီးဆင်းနေတဲ့ မြစ်တွေက ဘာတွေများအရေးပါလဲလို့မေး စရာရှိပါတယ်။ လွတ်လွတ်လပ် လပ်ရှင်သန်စီးဆင်းနေတဲ့မြစ် တွေဟာ သူစီးဆင်းရာလမ်း ကြောင်းတစ်လျှောက်မှာရှိတဲ့ ရေ လွှမ်းလွင်ပြင်တွေကို အနည်အ နှစ်တွေ သယ်ဆောင်ပို့ချပေးပါ တယ်။ ဒီအနည်အနှစ်တွေက ရေ လွှမ်းနိုင်တဲ့အန္တရာယ်ကို လျော့ ပါးစေသလို မိုးခေါင်နိုင်တဲ့အလား အလာကိုလည်း နည်းပါးစေပါ တယ်။ မြစ်တွေက သယ်ဆောင် ပို့ချလိုက်တဲ့ အနည်အနှစ်တွေ ဟာ သက်ရှိတွေရှင်သန်နိုင်တဲ့ဝန်း ကျင်ကို ဖန်တီးပေးပြီး သစ်ပင် တွေအပါအ၀င် လူသားတွေနဲ့ တိရစ္ဆာန်တွေအတွက် စားစရာ အာဟာရရင်းမြစ် ဖြစ်ပေါ်စေပါ တယ်။

 ဒါ့အပြင် မြစ်ဝကျွန်းပေါ် ဒေသတွေကို မြင့်တက်လာတဲ့ ပင်လယ်ရေမျက်နှာပြင်အန္တ ရာယ်ကနေ ကာကွယ်ပေးတာကလည်း မြစ်ကြောင်းတစ်လျှောက် သယ်ဆောင်လာပြီး ပို့ချလိုက်တဲ့ ဒီအနည်အနှစ်တွေပါပဲ။ မြစ် ကြောင်းတစ်လျှောက် သယ် ဆောင်လာတဲ့ အနည်အနှစ်တွေ သာမရှိခဲ့ရင် မြစ်ဝကျွန်းပေါ်ဒေသ တွေဟာ မြင့်တက်လာတဲ့ ပင် လယ်ရေမျက်နှာပြင်အောက် နစ် မြုပ်သွားမှာပါ။

 လွတ်လွတ်လပ်လပ်ရှင် သန်စီးဆင်းနေတဲ့ မြစ်တွေဟာ ရေချိုငါးတွေပေါက်ဖွားရှင်သန် နိုင်တဲ့သဘာ၀၀န်းကျင်ကို ဖန်တီး ပေးပါတယ်။ သန်းပေါင်းများစွာ သော ကမ္ဘာ့ပြည်သူတွေဟာ ရှင် သန်ရပ်တည်နိုင်ဖို့ ရေချိုငါးတွေ အပေါ် မှီခိုနေရတာပါ။ ရာသီအ လိုက် မြစ်ရေစီးဆင်းမှုနဲ့ မြစ်ရဲ့အ ပူချိန်အပြောင်းအလဲလို သဘာဝ အကြောင်းခြင်းရာတွေဟာ ရေချို ငါးတွေ ပေါက်ဖွားရှင်သန်ဖို့ အင် မတန်ပဲ အရေးပါပါတယ်။ ဒါ ကြောင့် ရေချိုငါးရင်းမြစ်သယံ ဇာတထိန်းသိမ်းရေးမှာ လွတ် လွတ်လပ်လပ်ရှင်သန်စီးဆင်းနေ တဲ့ မြစ်တွေဟာ အင်မတန်ပဲအရေးကြီးပါတယ်။

ပညာရှင်တွေရဲ့ တောရိုင်းတိရစ္ဆာန်မျိုးနွယ်ပေါင်း ၁၆,၇၀၄ မျိုးအပေါ် လေ့လာသုတေသနပြုလုပ်မှုအရ ရေချိုငါးမျိုးစိတ်အမျိုးမျိုးရဲ့ ကွယ်ပျောက်မှုဟာ ၁၉၇၀ ပြည့်နှစ် ၀န်းကျင်လောက်ကစကြည့်ရင် ပျမ်းမျှ ၈၃ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒီအချက်ကိုကြည့်ရင် လွတ်လွတ်လပ်လပ်ရှင်သန်စီးဆင်းနေတဲ့ မြစ်တွေထိန်းသိမ်းရေးက ဇီဝမျိုးကွဲပေါင်း စုံဆက်လက်ရှင်သန်ရေးအတွက် အင်မတန်ပဲ အရေးကြီးတယ်ဆိုတာဟာ ပေါ်လွင်ပါတယ်။ နောက်အရေးကြီးတဲ့အချက်က သဘာဝအလျောက် စီးဆင်းနေတဲ့မြစ်တွေဟာ ကျယ်ပြန့်တဲ့ရေအောက်ရေကွန်ရက်ကို ဖန်တီးပေးပါတယ်။ တစ်နေ့တခြားတိုးပွားလာနေတဲ့ ကမ္ဘာ့လူဦး ရေကြောင့် မြေအောက်ရေအရင်း အမြစ်လုံးပါးပါးလာတာကိုကြည့် ရင် ဒီအချက်က ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သုံး သပ်လို့ရပါတယ်။

ကမ္ဘာ့လူသားတွေအတွက် မရှိမဖြစ်အရေးပါတဲ့ မြစ်တွေကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ဆိုရင် လွတ်လပ်စွာရှင်သန်စီးဆင်းနေ သောမြစ်များဆိုတာကို တိတိကျ ကျအဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုအပ်ပါ တယ်။ Mc Gill တက္ကသိုလ်၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေ အဖွဲ့ (World Wildlife Fund -WWF)နဲ့ တခြားအဖွဲ့အစည်း တွေကို ကိုယ်စားပြုတဲ့နိုင်ငံတကာ သုတေသနပညာရှင် ၃၄ ဦးဟာ ကမ္ဘာတစ်ဝန်းက မြစ်မျိုးစုံကို အရှည်ကီလိုမီတာ ၁၂ သန်းအထိ လေ့လာခဲ့ပါတယ်။ ဒီသုတေသန ပညာရှင်အဖွဲ့က လွတ်လပ်စွာ စီးဆင်းနေသောမြစ် ဟုတ်၊ မဟုတ် သတ်မှတ်နိုင်တဲ့အချက် လေးရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

 ပထမအချက်ကတော့ အစုန်၊ အဆန်လှုပ်ရှားနိုင်မှု (Longitudinally)ပါ။ ငါးနဲ့ရေချို သတ္တ၀ါတွေဟာ မြစ်ကိုဆန်တက် နိုင်သလို အာဟာရဓာတ်တွေနဲ့ အနည်အနှစ်တွေ အပါအ၀င် ရေဟာ မြစ်ကိုစုန်ဆင်းပါတယ်။ ဒုတိယအချက်ကတော့ ရေလွှမ်း ရေဆုတ် (Laterally)ပါ။ မြစ် ကြောင်းတစ်လျှောက်မှာရှိတဲ့ မြေ ပြင်ကို ရေလွှမ်းတဲ့အခါ ငါးတွေ အတွက် အရေးပါတဲ့အာဟာရ ဓာတ်တွေကို သယ်ဆောင်ပေး သွားသလို ရေပြန်ကျတဲ့အခါမှာ လည်း မြေပြင်ပေါ်က အာဟာရ ဓာတ်တွေကို မြစ်ထဲဆွဲယူပေးပါ တယ်။ တတိယအချက်က ထက် အောက်ဆက်စပ်မှု (Vertically) ပါ။ လွတ်လွတ်လပ်လပ်ရှင်သန် စီးဆင်းနေတဲ့မြစ်တွေဟာ မြေ အောက်ရေသယံဇာတရင်းမြစ် တွေကို ဖြည့်ဆည်းပေးနိုင်ပါ တယ်။ စတုတ္ထအချက်ကတော့ မြစ်ရေစီးကြောင်းယာယီပြောင်း လဲမှု (Temporally)ပါ။ လွတ် လွတ်လပ်လပ်ရှင်သန်စီးဆင်းနေ တဲ့ မြစ်ရဲ့ရေစီးကြောင်းဟာ ပြတ် တောင်းပြတ်တောင်း ကြိုးကြား ကြိုးကြား  ပြောင်းလဲတတ်ပါ တယ်။

ဒါကြောင့် Mc Gill တက္က သိုလ်ရဲ့ပညာရှင် Gunther Grill ကို ကိုးကားပြောရရင် ကမ္ဘာ့မြစ် ကြီးတွေဟာ ကမ္ဘာမြေပြင်၊ မြေ အောက်ရေသယံဇာတနဲ့ ကမ္ဘာ့ လေထုကိုဆက်စပ်ပေးတဲ့ အင်မ တန်သိမ်မွေ့တဲ့ကွန်ရက်ကို ဖန် တီးတည်ဆောက်ပေးထားပါ တယ်။ ကမ္ဘာ့ထိပ်သီးရေချိုသိပ္ပံ ပညာရှင် Michele Thieme က တော့ ‘‘မြစ်တွေဟာ ကျွန်တော်တို့ ကမ္ဘာမြေကြီးရဲ့ အသက်သွေး ကြောတွေပါပဲ’’ တဲ့။ ပြောချင်တာ က အရှေ့တောင်အာရှဒေသတစ် ခုလုံးမှာမှ လွတ်လွတ်လပ်လပ် ရှင်သန်စီးဆင်းနေတဲ့ မဟာမြစ် ဆိုပြီး နှစ်စင်းတည်းသာကျန်တော့ တဲ့ ဧရာဝတီမြစ် ( ၁,၃၇၀ မိုင် ရှည်လျားပါတယ်)နဲ့ သံလွင်မြစ် (၁,၇၄၉ မိုင်)တို့ဟာ တိုင်းရင်း သားပြည်သူလူထုတစ်ရပ်လုံးရဲ့ အသက်သွေးကြောပါ။ အသက် သွေးကြောဖြစ်တဲ့အတွက် မဖြစ် ဖြစ်တဲ့နည်းနဲ့ ထိန်းသိမ်းကာကွယ် ဖို့ လိုအပ်ပါတယ်။

အသက်သွေးကြောလို့ပြော ရတာက အကြောင်းရှိပါတယ်။ မြစ်တွေရဲ့ သဘာဝအလျောက် စီးဆင်းမှုကို ကန့်သတ်ဟန့်တား လိုက်မယ်ဆိုရင် ဂေဟစနစ်က ကမ္ဘာ့လူသားတွေ ရှင်သန်ရပ် တည်ရေးအတွက် ဖန်တီးပေး ထားတဲ့ကောင်းကျိုးခြင်းရာတွေ ကို ထိခိုက်ပျက်စီးသွားနိုင်စေပါ တယ်။ အခြေအနေသိပ်ဆိုးခဲ့ရင် လုံးဝဆုံးရှုံးတဲ့အထိကို ဖြစ်စေနိုင် ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မြစ်တွေကို လေ့လာတဲ့အခါ မြစ် တွေရဲ့သဘာဝအလျောက် စီး ဆင်းမှုကို ဆုံးရှုံးစေတဲ့အဓိကအ ကြောင်းတရားဟာ ရေကာတာနဲ့ ရေလှောင်ကန်တွေတည်ဆောက် မှုပါ။ ပညာရှင်တွေရဲ့သုတေသန ပြုလုပ်မှုအရ ကမ္ဘာတစ်ဝန်းအ ကြီးစား ရေကာတာပေါင်း ၆၀,၀၀၀ ၀န်းကျင်ရှိပြီး ရေအား လျှပ်စစ်စီမံကိန်း ၃,၇၀၀ ၀န်း ကျင်ဟာ လက်ရှိမှာ စီမံကိန်းရေး ဆွဲဆဲ (ဒါမှမဟုတ်)တည်ဆောက် ဆဲအဆင့်မှာရှိပါတယ်။

ကျွမ်းကျင်ပညာရှင် Gunther Grill က ‘‘ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် မြစ်တွေဟာ သဘာဝအလျောက် စီးဆင်းမှုပြတ်တောက်ပိတ်ဆို့မှုရဲ့ ဆိုးကျိုးဒဏ်ကို အဆက်မပြတ်ခံရပါတယ်။ ဒီအခြေအနေဟာမြစ်တွေရဲ့လွတ်လွတ်လပ်လပ်ရှင်သန်စီးဆင်းမှုက ဖန်တီးပေးတဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ဇီဝမျိုးကွဲမျိုးစုံရှင်သန်ရပ်တည်နိုင်ရေးကို အကြီးအကျယ်ထိခိုက်စေပြီး ဂေဟစနစ်ရဲ့မရှိမဖြစ်လုပ်ငန်းတွေကိုပါ ပျက်စီးစေပါတယ်’’ ဆိုပြီး ရှင်းလင်းတင်ပြခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက မြစ်တွေအကြောင်း အစီ ရင်ခံစာရေးသားတင်ပြရာမှာ ပါဝင်ခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်သူ Michele Thieme က ‘‘ခင်ဗျား နားမလည်တဲ့ကိစ္စ (ဒါမှမဟုတ်) မသိတဲ့ကိစ္စကို ခင်ဗျားစီမံခန့်ခွဲလို့ မဖြစ်နိုင်ဘူးဆိုတာ အင်မတန်မှန် ကန်တဲ့ကိစ္စပါ’’ လို့ ထောက်ပြခဲ့ တာကတော့ အလေးအနက် သုံး သပ်ရမယ့်ကိစ္စပါ။

ဒီကိစ္စနဲ့ပတ်သက်ရင် ထင် သာမြင်သာတဲ့ကိစ္စက ရေကာ တာတွေကြောင့် မြစ်တွေရဲ့လွတ် လွတ်လပ်လပ်ရှင်သန်စီးဆင်းမှု ထိခိုက်ပျက်စီးသွားတဲ့အခါ သက် ရှိဇီဝတွေပေါက်ဖွားရှင်သန်နိုင်တဲ့ ၀န်းကျင်ပျက်စီးမှုနဲ့အတူ ရေချို ငါးမျိုးစိတ်အတော်များများပါ ဆုံး ရှုံးပျောက်ကွယ်သွားတာပါ။ ဒါ ကြောင့် သိပ္ပံပညာရှင် Herman Wanningen က ‘‘ရေအားလျှပ် စစ်ဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်း အင်ဟုတ်ကောင်းဟုတ်ပါလိမ့် မယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်း ကျင်ကို မထိခိုက်၊ မပျက်စီးစေဘူး ဆိုတာကတော့ မဟုတ်ပါဘူး’’ လို့ ထောက်ပြဝေဖန်ခဲ့ပါတယ်။

အမေရိကန်အနောက်ပိုင်းကကိုလံဘီယာမြစ်ဆိုရင် ကမ္ဘာ့အကြီးဆုံးဆိုတဲ့ ဆယ်လ်မွန်ငါးတွေ ရှင်သန်ကျက်စားခဲ့တဲ့မြစ်ပါ။ ဒါပေမဲ့ ကိုလံဘီယာမြစ်မှာ ရေကာတာ တည်ဆောက်လိုက်တဲ့အခါ  ဒီငါးမျိုးစိတ်ကိုကိုလံဘီယာမြစ်ထဲမှာ လုံးဝမတွေ့ရတော့ပါဘူး။ တရုတ်နိုင်ငံမှာဆိုရင်လည်း Ghezouba နဲ့ Three Gongos ရေကာတာလို ဧရာမရေကာတာ ကြီး တည်ဆောက်ခဲ့တဲ့အတွက် ကမ္ဘာ့အကြီးမားဆုံးရေချိုငါးမျိုး စိတ် (Chinese Paddlefish)ကို မျိုးတုံးစေခဲ့ပါတယ်။ ရေကာတာတွေဟာ မိုင်ပေါင်းများစွာရွှေ့ ပြောင်း ကူးခပ်ရတဲ့ငါးတွေအ တွက် အင်မတန်ကြီးမားတဲ့အဟန့် အတား၊ အန္တရာယ်ပါပဲ။ ဩစ တြေးလျနိုင်ငံဆိုရင် ရေကာတာ အပါအ၀င် ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်းတွေကြောင့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ငါးအရေအတွက်ဟာ စက် မှုဖွံ့ဖြိုးမှုခေတ်မတိုင်ခင်ကာလနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ၁၀ ရာ ခိုင်နှုန်းလောက်ပဲ ကျန်ပါတော့ တယ်။

ဒါကြောင့် တစ်ကမ္ဘာလုံးမှာ ရေအားလျှပ်စစ်စီမံကိန်းဖျက် သိမ်းရေးတွေကို လုပ်ဆောင်လာ ပါတယ်။ ဒီနိုင်ငံတွေထဲမှာတရုတ် နိုင်ငံလည်း ပါပါတယ်။ အမေရိ ကန်နိုင်ငံမှာဆိုရင်လည်း ရေကာ တာ ၁,၅၀၀ လောက်ကို ဖယ်ရှား ဖျက်ဆီးပြီးပါပြီ။ ပစိဖိတ်အ နောက်မြောက်ပိုင်းမှာရှိတဲ့ Elwha  မြစ်ပေါ်ကရေကာတာနှစ်ခု (Elwha and Glines Canyon Dans)ကို ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ဖယ်ရှားဖျက်ဆီးခဲ့ပါ တယ်။ ရလဒ်ကတော့ Elwha  မြစ်ထဲမှာ နှစ်ပေါင်းများစွာ ကွယ် ပျောက်သွားခဲ့တဲ့ ငါးမျိုးစိတ်တွေ (ဥပမာပေးရရင် Sockeye Salmon နဲ့ Bull Trout တို့ပါ) ပြန် လည်ကျက်စားရှင်သန်လာခဲ့ပါ တယ်။ ဥရောပမှာဆိုရင်လည်း Dam Removal Europe ဆိုတဲ့ ရေကာတာဖယ်ရှားရှင်းလင်းရေး လှုပ်ရှားမှုကို မြင်တွေ့နေရပါပြီ။

ကမ္ဘာတစ်လွှားက ပညာရှင် ၃၄ဦးရဲ့ လေ့လာသုတေသနပြုလုပ်မှုအရ လွတ်လွတ်လပ်လပ်ရှင် သန်စီးဆင်းနေတဲ့မြစ်တွေဟာ ကမ္ဘာ့လူသားတွေ ရှင်သန်ရပ် တည်ရေးအတွက် မရှိမဖြစ်အ သက်သွေးကြောဆိုတာ ပုံပေါ် ထင်ရှားလာပါပြီ။ အမိနိုင်ငံတော် ကြီးမှာ လွတ်လပ်ရှင်သန်တဲ့မြစ် တွေ ထာဝရစီးဆင်းစေရမယ်ဆို တဲ့သန္နိဋ္ဌာန်ကို တညီတညွတ် တည်း ချကြရအောင်ပါ။

No comments:

Post a Comment