Friday, May 17, 2019

ယူအီးအက်ဖ်အေ၏ ကလပ်ဘဏ္ဍာငွေ ထိန်းချုပ်ရေးအဖွဲ့သို့ လွှဲအပ်ခံရ၍ မန်စီးတီးအသင်း ဒေါသတကြီးတုံ့ပြန်

ယူအီးအက်ဖ်အေ၏ ကလပ်ဘဏ္ဍာငွေ ထိန်းချုပ်ရေး အဖွဲ့သို့ လွှဲအပ်ခံရပြီးနောက် မန် စီးတီးက ၎င်းတို့အနေဖြင့် စိတ် ပျက်မိသော်လည်း မအံ့သြမိဟု ပြောကြားသည်။ မန်စီးတီးအနေဖြင့် ဘဏ္ဍာ ရေးစည်းကမ်းများကို ချိုးဖောက် ကြောင်း စစ်ဆေးတွေ့ရှိပါက ၎င်းတို့ကို ချန်ပီယံလိဂ်မှ တစ်ရာ သီပိတ်ပင်ရန် ယူအီးအက်ဖ်အေ စုံစမ်းစစ်ဆေးရေးမှူးများက အ လိုရှိနေသည်ဟု ဘီဘီစီအားက စားသတင်းက ယခုသီတင်းပတ် အတွင်း ဖော်ပြသည်။ စုံစမ်းရေးမှူးချုပ် ယဲဗက်စ် လီတာမီက ယူအီးအက်ဖ်အေသို့ ၎င်း၏အကြံပြုချက်ကိုတင်ပြထား သော်လည်း တားမြစ်မှုကိုထောက် ခံသလားဆိုသည်ကို မသိရပေ။



ဘဏ္ဍာရေးဆိုင်ရာ မူမမှန်မှု များ ရှိသည်ဆိုသော စွပ်စွဲချက် များ လုံးဝမှားယွင်းသည်ဟု မန် စီးတီးက ပြောသည်။ မည်သို့အ ရေးယူမည်ဆိုခြင်းနှင့် ပတ်သက် ၍ ယူအီးအက်ဖ်အေ၏ အမှီအခို ကင်းသော ဘဏ္ဍာငွေထိန်းချုပ် ရေးဘုတ်အဖွဲ့ (CFCB) ၏ စုံစမ်း ရေးအဖွဲ့ဥက္ကဋ္ဌ ဘယ်လ်ဂျီယံဝန် ကြီးချုပ်ဟောင်း လီတာမီကအပြီး သတ်ဆုံးဖြတ်မည် ဖြစ်သည်။

ယမန်နှစ်က Der Spiegel သတင်းစာက ဖော်ပြခဲ့သော ဖွင့် ချမှုများတွင်ပါဝင်သည့် အ ထောက်အထားများကို လီတာမီ နှင့်၎င်း၏အဖွဲ့ကရှာဖွေနေသည်။

မန်စီးတီးသည် စပွန်ဆာသ ဘောတူညီမှုများ၏ တန်ဖိုးကို ပေါင်သန်းပေါင်းများစွာချဲ့ကား ဖော်ပြကာ ဘဏ္ဍာငွေမျှတစွာ ယှဉ်ပြိုင်ရေး (FFP) စည်းကမ်းကို ချိုးဖောက်ခဲ့သည်ဟု သတင်းများ က ဖော်ပြသည်။ မန်စီးတီးသည် ယခင်စည်းကမ်းချိုးဖောက်မှုများ အတွက် ၂၀၁၄က ဒဏ်ငွေပေါင် ၄၉ သန်း ချမှတ်ခံရသည်။

No comments:

Post a Comment