Friday, May 17, 2019

လာဇီယိုကို ရှုံးပြီးနောက် အတ္တလန်တာနည်းပြက ဒိုင်များကိုအပြစ်တင်

အီတာလီယာဖလား ဗိုလ်လုပွဲတွင် လာဇီယိုကိုနောက် ကျဂိုးများဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အတ္တလန်တာနည်းပြ ဂီယန်ပီယာ ရိုဂတ်စပရီနိုက မိမိတို့ပင်နယ်တီ တစ်လုံးရသင့်သည်ဟု ပြောပြီး ဒိုင်များကို ဒေါသတကြီးပြစ်တင် ဝေဖန်သည်။ ဆာဂျီမီလန်ကိုဗစ်ဆာဗစ် နှင့် ဂျိုအာကွင်းကော်ရီယာတို့၏ ဂိုးများဖြင့် လာဇီယိုက ၂-၀ ဂိုး ဖြင့် နိုင်ကာ ၎င်းတို့၏ သတ္တမ မြောက်ကိုပါအီတလီယာဖလား ရရှိခဲ့သည်။
သို့သော် အဝါကတ် တစ်ကြိမ်ထိထားသော လာဇီယို နောက်တန်းလူ ဘတ်စတို့စ်သည် ဘောလုံးကိုလက်ဖြင့် တားဆီးခဲ့ ပုံပေါ်သောဖြစ်ရပ်အတွက် ဒိုင်က ဗီဒီယိုအကူအညီ စနစ် (VAR) ဆုံးဖြတ်ချက်ရယူခြင်းမရှိပေ။ မြင်တွေ့ရန် ခက်ခဲသော လက်ထိဘောများအတွက် ပင် နယ်တီပေးခဲ့သော ဖြစ်ရပ်အများ အပြားကို ယခုရာသီအတွင်း မြင် တွေ့ခဲ့ရသော်လည်း သိသာသော လက်ထိဘောကို မိမိတို့ပင်နယ် တီမရခဲ့သကဲ့သို့ ဘက်စတို့စ်ကို လည်း ဒုတိယအဝါကတ်ပြသခြင်း မရှိဟု ဂတ်စပီရီနိုကပြောသည်။ လာဇီယိုနည်းပြ အင်ဇာဂီက ယင်းပင်နယ်တီနှင့်ပတ်သက်ပြီး ဂတ်စပီရီနို၏ ပြောဆိုမှုကို သ ဘောတူသော်လည်း အတ္တလန် တာနောက်တန်းလူ အန်ဒရီယာ မာဆီလိုထုတ်ပယ်ခံရနိုင်သည်ဟု ပြောသည်။

၁၉၆၃ နောက်ပိုင်း ၎င်းတို့ ၏ ပထမဆုံးဖလားကို လွဲချော်ခဲ့ ပြီးနောက် ဂတ်စပီရီနိုက ယင်းပွဲ တွင် ဒိုင်၏ဆုံးဖြတ်ချက်ကြောင့် မိမိတို့ ရှုံးခဲ့ရခြင်းဖြစ်သည်ဟုပြော သည်။

အီတာလီယာဖလား ဗိုလ် စွဲခဲ့သော လာဇီယိုသည် လာမည့် ရာသီယူရိုပါလိဂ်တွင် ပါဝင်က စားနိုင်မည်ဖြစ်သည်။

စီးရီးအေနံပါတ် (၄) နေရာ မှ အတ္တလန်တာသည် နောက်ဆုံး နှစ်ပွဲဖြစ်သောဂျူဗင်တပ်နှင့်ဆက်ဆူလိုကို နိုင်ပါက ပထမဆုံးအဖြစ် လာမည့်ရာသီချန်ပီယံလိဂ် ဝင် ခွင့်ရမည်ဖြစ်သည်။

သို့သော် ၎င်းတို့၏ ဖလားရ နိုင်ခြေသည် အငြင်းပွားဖွယ်ရာ များ ရှိခဲ့သောပွဲ၌ လာဇီယိုလက် ဝယ်တွင် ပျောက်ဆုံးခဲ့ပြီး ခုနစ် ကြိမ် ဖလားရထားသော လာဇီယို သည် ၂၀၁၃ က ယင်းဖလားကို နောက်ဆုံးရရှိခဲ့သည်။

No comments:

Post a Comment