Friday, May 17, 2019

လှိုင်သာယာမြို့နယ်မှာ ဆိုင်ကယ်ခိုးမှုကျူးလွန်သူ တစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

Image may contain: 1 person, motorcycleလှိုင်သာယာမြို့နယ်မှာ ဆိုင်ကယ်ခိုးမှုကျူးလွန်သူကို တစ်ဦးကို မေလ၊ ၁၃ ရက်နေ့ မနက် ၉နာရီက ဖမ်းဆီးရမိခဲ့တယ် လို့သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်တွေမှ လှိုင်သာယာမြို့နယ်အတွင်း ခိုးမှု/လုယက်မှုတွေ ကျူးလွန်တတ်သူလို့ သတင်းရရှိထားတဲ့ မျိုးကျော်သူ(ခ)ရှိုင်းထက်ကို လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ နဝဒေး ဥယျာဉ်အနီးမှာ DAYUNအမျိုးအစား ဆိုင်ကယ်(၁)စီးနဲ့ အတူ စစ်ဆေးခဲ့ချိန်မှာ အဲ့ဒီဆိုင်ကယ်နဲ့ ပတ်သက်လို့ ပိုင်ဆိုင်ကြောင်း အထောက်အထားမပြနိုင်လို့ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။


ဖမ်းဆီးရမိသူ မျိုးကျော်ထက်(ခ)ရှိုင်းထက် ကို အသေးစိပ်စစ်ဆေးချိန်မှာ အဲ့ဒီဆိုင်ကယ်ကို မေလ၊ ၁၂ရက်နေ့ မနက် ၉နာရီက လှိုင်သာယာမြို့နယ်၊ စက်မှုမှုဇုံ(၂)အနီး လမ်းမပေါ်မှာ ဆော့ကတ်ဖြုတ်ပြီး ခိုးယူခဲ့တယ်လို့ စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီအပြင်အခြားပြစ်မှုတွေ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ ထပ်မံစစ်ဆေးခဲ့ရာ ဧပြီ၊ ၂၇ရက်နေ့ မနက် ၉နာရီက လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ မီးခွက်ဈေး အောက်မှာ ရပ်ထားတဲ့ KENBO အမျိုးအစား ဆိုင်ကယ်တစ်စီးကို ခိုးယူခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

စစ်ဆေးပေါ်ပေါက်ချက်တွေအရ သက်သေခံပစ္စည်းတွေကိုပြန်လည်သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်သူ မျိုးကျော်သူ(ခ)ရှိုင်းထက်ကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာတွေပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းဖော်ပြချက်တွေမှသိရပါတယ်။

No comments:

Post a Comment