Friday, May 17, 2019

ပြည်ပကို ရွှေ့ပြောင်းလုပ်ကိုင်သူ မွန်နဲ့ ကရင်တိုင်းရင်းသားက အမြင့်ဆုံးဖြစ်

ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာရှိတဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က တိုင်းရင်းသားတွေဟာ ပြည်ပကို ရွှေ့ပြောင်းလုပ်ကိုင်မှု အမြင့်ဆုံးဖြစ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ ရွှေ့ပြောင်း ဝင်ရောက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ရဲ့ နိုင်ငံတကာ လုပ်သားများ ရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား ငါးနှစ်တာ လုပ်ငန်းစီမံချက် – ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် – အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။



ဒုတိယ အများဆုံး ရွှေ့ပြောင်းလုပ်ကိုင်သူ အများဆုံးဖြစ်တဲ့ ဒေသတွေကတော့ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်း ဒေသကြီးက ဖြစ်ပြီး အများစုက အသက် ၁၅ နှစ်ကနေ ၆၄ နှစ်အတွင်း ရှိပါတယ်။ အဲဒီ အစီရင်ခံစာအရ ရွှေ့ပြောင်းလုပ်ကိုင်မှု ၇၀ ရာခိုင်နှုန်းကျော်ဟာ ထိုင်းနိုင်ငံ ဖြစ်ပြီး ၁၅ ရာခိုင်နှုန်းက မလေးရှား နိုင်ငံ ဖြစ်ပါတယ်။

အဲဒီနိုင်ငံတွေကို ရွှေ့ပြောင်း လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသူ အမျိုးသမီး ရွှေ့ပြောင်းလုပ်သားတွေရဲ့ ၁၆ ရာခိုင်နှုန်းဟာ အတန်းပညာ မတက်ဖူးသူတွေဖြစ်ပြီး ၃၅ ရာခိုင်နှုန်းဟာ မူလတန်းပညာသာ ဆည်းပူးခဲ့ကြသူတွေ ဖြစ်ကြောင်း လုပ်ငန်းစီမံချက်မှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment