Friday, May 17, 2019

အာဆီယံပြိုင်ပွဲဝင်ရန် မြန်မာယူ-၁၈ အသင်းကို ပဏာမ ၂၆ ဦးဖြင့် ဖွဲ့စည်း

အသက် (၁၈) နှစ်အောက် အာဆီယံချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအတွက် မြန်မာ ယူ-၁၈ ဘောလုံးအသင်းကို ပဏာမ ကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၁၈ အသင်းပဏာမစာရင်းတွင် ပြီးခဲ့သည့် ဟောင်ကောင် ဖိတ်ခေါ်ဖလား၌ ဗိုလ်စွဲခဲ့သည့် ကစားသမားများကို အခြေခံပြီး ကစားသ မားသစ်အချို့ ထပ်မံဖြည့်တင်း ထားသည်။



ပဏာမ ၂၆ ဦးစာရင်းတွင်ဒဏ်ရာသက်သာလာသည့် မြန်မာယူ-၂၁ တိုက်စစ်မှူးဟောင်း ပြည့်စုံနိုင် ပြန်လည်ပါဝင်လာသည်။ ပြည့်စုံနိုင်သည် မြန်မာ ယူ-၂၁အသင်း၏ ဖိတ်ခေါ်ပြိုင်ပွဲတစ် ခုတွင် ဒူးဒဏ်ရာရရှိကာ ကာလရှည် အနားယူခဲ့ရပြီး လက်ရှိ၌ ဒဏ်ရာ ပြန်လည်သက်သာ ကာ အသက်မီသဖြင့် ယူ-၁၈ အသင်းတွင် ပါဝင်လာကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူ တစ်ဦးက ဆို သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၈အသင်းကို ဦးစိုးမြတ်မင်းက နည်းပြချုပ်အဖြစ် တာဝန်ယူဆောင် ရွက်နေပြီး မေလ ၁၇ ရက် (ယနေ့)တွင် အာဆီယံပြိုင်ပွဲအတွက် စတင်လေ့ကျင့်မည် ဖြစ်သည်။ ၂၀၁၉ အာဆီယံ ယူ-၁၉ပြိုင်ပွဲကို သြဂုတ်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က)တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်းအသင်းတို့နှင့် ကျရောက်နေသည်။ အုပ်စု(ခ) တွင် မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် သြစတြေးလျအသင်းတို့ ပါဝင်သည်။

 အာဆီယံပြိုင်ပွဲ မတိုင်မီပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင် ယူ-၁၈ ဘောလုံးအသင်းသည် ဇူလိုင်အတွင်း ဂျပန်နိုင်ငံသို့ နှစ်ပတ်ကြာ ခြေစမ်းခရီးစဉ် သွားရောက်မည် ဖြစ်သည်။

မြန်မာယူ-၁၈ ပဏာမလူစာရင်း
ဂိုး - နေလင်းထက်၊ ပြည့်ဖြိုးသူ၊ စောခူမူ
နောက်တန်း - ရဲထက်အောင်၊ စည်သူမိုးခန့်၊ ကောင်းခန့်ကျော်၊ ဉာဏ်လင်းထက်၊ ရှင်းသန့်အောင်၊ ဝေယံစိုး၊ မျိုးကိုကိုလင်း ၊ သက်ဟိန်းစိုး
အလယ်တန်း -   ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်ကိုဦး၊ ပြည့်ဖြိုးအောင်၊ ရန်နိုင်လင်း၊ သူရအောင်၊ ရဲမင်းကျော်၊ နောင်နောင်စိုး၊ ခွန်ကျော်ဇင်ဟိန်း
ရှေ့တန်း - သြဘာခ၊ လမင်းထွေး၊ စောကျော်အဲ၊ ညီညီ၊ ပြည့်စုံနိုင်၊ ကောင်းခန့်ကျော်

No comments:

Post a Comment