Friday, May 17, 2019

ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံး

မေလ (၁၆)ရက် မနက်အစောပိုင်းက တာချီလိတ်မြို့၊ တာချီလိတ်-ကျိုင်းတုံသွား ကားလမ်းပေါ်မှာ စက်ပျက်ပြီး ရပ်ထားတဲ့ မော်တော်ကားကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးသွားတယ်လို့ တာချီလိတ်မြို့မ ရဲစခန်းက သိရပါတယ်။ မေလ(၁၆)ရက်နေ့ မနက်(၅)နာရီခန့်က တာချီလိတ်မြို့ စစ်ဗျူဟာကုန်းအဆင်း တာချီလိတ်-ကျိုင်းတုံသွားကားလမ်းမပေါ်မှာ ဟောင်လိတ်လမ်းဆုံမီးပွိုင့်ဘက်ကနေ ဟွေခိုက်ရွာဘက်ကို မောင်းနှင်လာတဲ့ PCX အမျိုးအစားမော်တော်ဆိုင်ကယ်ဟာ လမ်းညာဘက်အခြမ်းမှာ စက်ပျက်ပြီး ရပ်ထားတဲ့ NissanDesel အမျိုးအစား မော်တော်ကားကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။



မော်တော်ဆိုင်ကယ် မောင်းနှင်သူ အသက် (၂၂)နှစ်အရွယ် မနန်းထစ် မှာ နှဖူးယာဘက်ခြမ်း ပေါက်ပြဲဒဏ်ရာ ၊ နောက်စီးသူ စိုင်းအောင်မြင့်မှာ ယာဘက်ဒူးပွန်းပဲ့ ဒဏ်ရာရှိတာကြောင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်နေစဉ် ဆိုင်ကယ်မောင်းနှင်သူ မနန်းထစ် မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မော်တော်ဆိုင်ကယ်အားအရှိန်ပြင်းစွာ မောင်းနှင်ပြီး လမ်းဘေးရပ်ထားတဲ့ မော်တော်ယာဉ်ကို ဝင်တိုက်ကာ အခြားသူတွေကို ဒဏ်ရာရရှိစေပြီး မိမိကိုယ် မိမိဒဏ်ရာများရရှိ သေဆုံးအောင်တိုက်မိခဲ့သူ မနန်းထစ် အား တာချီလိတ်မြို့မရဲစခန်း မှာ ယာဉ်(ပ) ၁၅/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇/၃၀၄ အရအမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

No comments:

Post a Comment