Friday, May 17, 2019

NCA စာချုပ်ကြောင့် ရရှိနေသည့် နိုင်ငံရေးဆွေးနွေးခွင့်ရပ်တန့်မသွားရေး သတိထားရန် ချင်းမိုင်ထိပ်သီးညီလာခံသဘာပတိ တိုက်တွန်း

တိုင်းရင်းသားအဖွဲ့များ ရရှိနေသည့် နိုင်ငံရေးဆွေးနွေးခွင့် အခွင့်အရေး ရပ်တန့်မသွားရေး သတိထားရန် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် သဘာပတိ ခိုင်စိုးနိုင်အောင်က ပြောသည်။  အပစ်ရပ် ၁၀ ဖွဲ့၏ ထိပ်သီး ညီလာခံ တတိယနေ့ကို ယမန်နေ့ (မေလ ၁၆ ရက်)က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဆက်လက်ကျင်းပ ရာ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင် အောင်က ညီလာခံသဘာပတိအ ဖြစ် တာဝန်ယူပြီး မိန့်ခွန်းပြော ကြားရာတွင် အထက်ပါအတိုင်း သတိပေးသည်။
NCA သည် တိုင်းရင်းသား လက်နက်ကိုင် ၁၆ ဖွဲ့မှ ကိုယ်စား လှယ်များ အတူတကွ ပူးပေါင်းပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်များနှင့် အပြန်အ လှန် ဆွေးနွေးညှိနှိုင်းသဘောတူ ညီမှုမှ ရရှိသည့် စာချုပ်တစ်ခု ဖြစ်သည်ကို အားလုံးအသိဖြစ် ကြောင်း ခိုင်စိုးနိုင်အောင်က ပြော  သည်။

‘‘NCA မှာ ပါတဲ့ပြဋ္ဌာန်းချက် တွေကို ချိုးဖောက်မှုတွေရှိနေရင် NCA ဘောင်အတွင်းက ပြုပြင် ပြောင်းလဲသွားကြဖို့ အလေးအ နက် အကြံပြုတိုက်တွန်းအပ်ပါ တယ်။ NCA စာချုပ်ကြောင့် အား လုံး နိုင်ငံရေးဆွေးနွေးခွင့် ရရှိနေ တာဖြစ်ပါတယ်။ အဲဒီနိုင်ငံရေး ဆွေးနွေးခွင့်တွေကို ရပ်တန့်မသွား အောင် သတိထားကြဖို့နဲ့ မိမိတို့ EAO (တိုင်းရင်းသားလက်နက် ကိုင်များ အစုအဖွဲ့) တွေရဲ့ ညီညွတ်ရေးကိုလည်း တည်ဆောက် ကြဖို့ အလေးအနက်အကြံပြု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါ တယ်’’ ဟု ၎င်းက ပြောသည်။

NCA စာချုပ်ရရှိရေး တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ ပါဝင်ညှိနှိုင်း သော်လည်း ၂၀၁၅ က NCA လက်မှတ်ရေးထိုးရာတွင် KNU အပါအဝင် အဖွဲ့ရှစ်ဖွဲ့ ပါဝင်လက်မှတ် ထိုးပြီး ကချင်အဖွဲ့ (KIO) အပါ အဝင် အဖွဲ့ရှစ်ဖွဲ့က အားလုံးပါဝင်လက်မှတ်ရေးထိုးခွင့်မရ၍ ဟုဆိုကာ ကျန်နေခဲ့သည်။ ၂၀၁၈ဇန်နဝါရီတွင် မွန်အဖွဲ့ (NMSP) နှင့် လားဟူအဖွဲ့(LDU) တို့ NCA တွင် ပါဝင်လာ၍ လက်မှတ်ထိုး အဖွဲ့ ၁၀ ဖွဲ့ဖြစ်လာသည်။

လက်ရှိ NCA အရ ဆောင် ရွက်နေသည့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် လမ်းကြောင်းတိမ်းစောင်း နေပြီဟု ကရင်အမျိုးသားအစည်း အရုံး(KNU)အပါအဝင် အဖွဲ့အ ချို့က ထုတ်ဖော်ပြောဆိုထားသ ကဲ့သို့ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS)က လည်း NCA လက်မှတ်ထိုးခဲ့သည့် သုံးနှစ်ကျော်အတွင်း ထင်သာ မြင်သာသည့် တိုးတက်မှုမရှိဟု ပြောဆိုထားသည်။

KNU နှင့် RCSS နှစ်ဖွဲ့စလုံး က လွန်ခဲ့သည့် ခြောက်လကျော် ကတည်းက ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းခြင်း ကြောင့် NCA အရ ဆောင်ရွက် နေသည့် ငြိမ်းချမ်းရေးဆွေးနွေး ရေး လုပ်ငန်းစဉ်များ ရှေ့မဆက် နိုင်ဘဲ ရပ်တန့်နေသည်။ ၎င်းတို့ နှစ်ဖွဲ့အနေဖြင့် အစိုးရ၊ တပ်မ တော်ဆွေးနွေးညှိနှိုင်းရေးကိုယ် စားလှယ်များနှင့် အလွတ်သဘော ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သော် လည်း ပြေလည်မှုမရသေးပေ။  အစိုးရက ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များ ပြန်စနိုင်ရန် အပစ်ရပ်အဖွဲ့များ၏ ထိပ်သီးခေါင်း ဆောင်များ ညီလာခံပြီးစီးပါက ဆွေးနွေးညှိနှိုင်းမှုများ အမြန်ဆုံး စတင်လိုကြောင်း တိုင်းရင်းသား အဖွဲ့များထံ အဆိုပြုထားသည်။

No comments:

Post a Comment