Friday, May 17, 2019

မှတ်ပုံတင် တင်ဖို့ပျက်ကွက်တဲ့ ယာဉ်အစီရေ ငါးထောင်ကျော်ရှိနေ

ရန်ကုန်တိုင်းအတွင်း City Taxiမှတ်ပုံတင်ဖို့ပျက်ကွက်တဲ့ ယာဉ်အစီးရေငါးထောင်ကျော်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဒီလိုပျက်ကွက်တဲ့ကားတွေကို အရေးယူမှာနဲ့ပတ်သက်လို့ YRTAတွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။ မှတ်ပုံတင်တင်ဖို့ ပျက်ကွက်နေတဲ့ တက္ကစီယာဉ်တွေကို အရေးယူမယ့် ပုံစံကိုတော့ မသိရသေးပါဘူး ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တက္ကစီယာဉ် ခြောက်သောင်းခွဲကျော် ရှိပြီး ငါးထောင်ကျော်က မှတ်ပုံတင်ဖို့ ပျက်ကွက်တာလို့ YRTAရဲ့စာရင်းတွေအရသိရပါတယ်။



ရန်ကုန်တိုင်းအတွင်းရှိ တက္ကစီယာဉ်တွေကို မြို့တော်အဂါင်္ရပ်နဲ့ညီတဲ့တက္ကစီဖြစ်ဖို့၊ စီးနင်းသူတွေကိုအထောက်အပံ့ပြုနိုင်ဖို့၊ စည်းကမ်းထိန်းသိမ်းမှုလုပ်ပေးနိုင်ဖို့ဆိုပြီး YRTAအနေနဲ့ City Taxiမှတ်ပုံတင်ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

City Taxiမှတ်ပုံတင်တဲ့လုပ်ငန်းကို ၂၀၁၇နိုဝင်ဘာကစလို့ ၂၀၁၈ဧပြီလအထိပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း အချိန်ကြန့်ကြာတာတွေ၊ ယာဉ်ရပ်နားဖို့နေရာမရှိတာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ယာဉ်ပိုင်ရှင်တွေကပြောပါတယ်။

No comments:

Post a Comment