Friday, May 17, 2019

ကျိုက်ထီးရိုးစေတီတော်မိုးကြိုးစက်ကွင်းထိပြီးရွှေ ၇၂ ကျပ်သားခန့် ကွာကျ

ကျိုက်ထီးရိုးစေတီ တော်အနီးရှိ တောင်ကြားတစ်ခုအား မိုး ကြိုးပစ်သဖြင့် မိုးကြိုးစက်ကွင်းဝင်ပြီး စေတီတော်ရှိ ရွှေ ၇၂ ကျပ်သားခန့်ကွာ ကျခဲ့ကြောင်းနှင့် သြ၀ါဒါစရိယဆရာတော် ကြီးများ၏ သြ၀ါဒကိုခံယူပြီး အစားထိုး ကပ်လှူပူဇော်မည်ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှသိရသည်။ အဆိုပါဖြစ်စဉ်ကို မေ ၁၅ ရက်ည ပိုင်းတွင်ဖြစ်ပွားခဲ့ပြီး စေတီတော်၏ ရွှေ သားများကွာကျခဲ့သလို စေတီတော်ရှိ CCTV များကို ထိန်းချုပ်ထားသည့် ကွန် ပျူတာ စစ်စတန်ပုံးတစ်ခုလည်းပျက်စီးခဲ့ သည်ဟုဆိုသည်။



""မနေ့ည ၁၀ နာရီ ၂၅ မိနစ်မှာ ကျိုက်ထီးရိုးတစ်ဘက်က ရသေ့တောင် ဘက်ကြောမှာရှိတဲ့ စမတောင်နဲ့ဝိဇ္ဇာတောင် ကြားထဲကလျှိုထဲကို မိုးကြိုးပစ်ချပါတယ်။ မိုးကြိုးစက်ကွင်းဝင်ပြီးတော့ ကျွန်တော်တို့ ကျိုက်ထီးရိုးစေတီတော်က လျှပ်စီးဝင် ပြီးတော့ ရွှေ စင်ရွှေဖတ်တွေကွာပါတယ်။ အဲဒါတွေကျွန်တော်တို့ စုဆောင်းထားပါ တယ်။ လောလောဆယ်တော့ ၇၂ ကျပ်သား ရပါတယ်။ System ပုံးတစ်ခုလည်း ထိ သွားတယ်။ သြ၀ါဒါစရိယဆရာတော် တွေရဲ့ သြ၀ါဒခံယူပြီးတော့ ကွာကျသွား တဲ့ ရွှေသားတွေကိုအစားထိုးပြီး ဆရာတော် တွေ သတ်မှတ်ပေးတဲ့ရက်အတိုင်း ပြန်ကပ် လှူသွားမှာဖြစ်ပါတယ်"" ဟု ဂေါပကအဖွဲ့ တာဝန်ခံ ဦးကျော်ဝင်းလှိုင်က ဒီမိုကရေစီ တူဒေးသို့ မေ ၁၆ ရက်က ပြောသည်။

မိုးကြိုးစက်ကွင်းထိမှုကြောင့် ဘုရား ရွှေကွာကျခြင်းအပြင် CCTV(၇၂)လုံးကို ထိန်းချုပ်သောSystem Unite ပုံး တစ်ခုလည်း လောင်ကျွမ်းပျက်စီးသွား ကြောင်းနှင့် လုံခြုံရေးကိုအထူးဂရုစိုက် သွားမည်ဖြစ်သလို System ပုံးကိုလည်း လပြည့်နေ့ မေ ၁၈ ရက်တွင်ပြန်လည် တပ်ဆင်သွားမည် ဖြစ်ကြောင်းသိရသည်။

""မနက်ဖြန်ဆို ကျောင်းပိတ်ပွဲအတွက် လုပ်ရမှာဖြစ်တဲ့အတွက် မအားမလပ်ဖြစ် နေတယ်။ လပြည့်ပြီဆိုရင်တော့ အားလုံး စနစ်တကျ ပျက်စီးသွားတာတွေအားလုံး ကို ၀ယ်သင့်တာဝယ်ရမယ်။ အခုလော လောဆယ်တော့ ဂေါပကအဖွဲ့နဲ့ ရင်ပြင် တော်ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အထူးကြပ်မတ်ပြီးတော့ ဆောင်ရွက်နေပါ တယ်""ဟု ၎င်းင်းကဆက်လက်ပြောသည်။

No comments:

Post a Comment