Friday, May 17, 2019

တိုကျိုတွင် ကျင်းပမည့် ဂျပန် - မြန်မာ ရိုးရာလက်ဝှေ့ ပြိုင်ပွဲ၌ တွဲဆိုင်း ငါးဆိုင်းပါဝင်

 မြန်မာ့လက်ဝှေ့ကျော် များနှင့် ဂျပန်လက်ဝှေ့သမားများ ထိုးသတ်မည့် ဂျပန်-မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲ (lethwei in japan 12)တွင် တွဲဆိုင်း ငါးဆိုင်း ပါဝင်မည်ဖြစ်သည်။ မြန်မာနှင့် ဂျပန်လက်ဝှေ့ အဖွဲ့ချုပ်တို့ ပူးပေါင်းပြုလုပ်မည့် ယင်းပြိုင်ပွဲကို မေလ ၁၇ ရက် တွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ခိုလခုအန်ခန်းမ၌ ကျင်းပမည် ဖြစ်ပြီး မြန်မာ့လက်ဝှေ့သမားသုံး ဦး ပါဝင်ထိုးသတ်မည်ဖြစ်သည်။
မြန်မာနှင့် ဂျပန်လက်ဝှေ့ သမားများ ထိုးသတ်မည့်တွဲဆိုင်းသုံးဆိုင်းတွင် ရဲသွေးနီနှင့်ဂျပန် နိုင်ငံသား မာကိုတို၊ မင်းမောင် မောင်နှင့် ဂျပန်နိုင်ငံသားကိုဟဲတို ကီရှီ၊ ဗျ ဂ္ဃနှင့် ဂျပန်နိုင်ငံသားဟီဂါ ရှိတို့ ထိုးသတ်မည်ဖြစ်သည်။အ ခြားနှစ်ပွဲတွင် ကွန်ဂိုနိုင်ငံသားလိုကုကုနှင့် အမေရိကန်နိုင်ငံသား ၀ီလ်ချုပ် ၊ ဂျပန်နိုင်ငံသား ရှင်ကိုဆူဇူကီးနှင့် နယူးဇီလန် နိုင်ငံသားတီဝိုင်ဝီလီယမ်တို့  ယှဉ် ပြိုင်မည်ဖြစ်သည်။ တိုကျိုတွင် ယှဉ်ပြိုင်မည့် ပွဲစဉ်နှင့်ပတ်သက်၍ မြန်မာ့လက် ဝှေ့ကျော်ရဲသွေးနီက အကောင်း ဆုံးပြင်ဆင်ထားကြောင်း ဆို သည်။

‘‘ပြိုင်ဘက်မာကိုတိုရဲ့ ပွဲစဉ် တွေကို လေ့လာထားတယ်။ သူက ခံနိုင်ရည်ကောင်းတယ်။ ထိုးသတ်ပုံမာတယ်။ သူ့ကို လျှော့တွက်လို့ မရပါဘူး။ ဒီပွဲ အတွက်ဆိုပြီးကျွန်တော် အပြင်း အထန်လေ့ကျင့်ထားပါတယ်။ အ ရင်ထက် ပိုကောင်းအောင်လည်း ပြင်ဆင်ထားတယ်။ ပြိုင်ပွဲကို အကောင်းဆုံးဖြစ်အောင် ကြိုး စားယှဉ်ပြိုင်သွားပါမယ်။ ဂျပန်က ပရိသတ်တွေကိုလည်း ကျွန်တော် တို့ကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ် " ဟု  ရဲသွေးနီ က ပြောသည်။ ဂျပန် -မြန်မာရိုးရာလက် ဝှေ့ပြိုင်ပွဲကို ဂျပန်နိုင်ငံတွင် (၁၂) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ယခင်ကျင်းပသည့် ပြိုင်ပွဲများ၌ ဂျပန်နိုင်ငံရှိ လက်ဝှေ့ပရိသတ်အ များအပြား လာရောက်အားပေး ကြည့်ရှုခဲ့သည်။

No comments:

Post a Comment